လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဂျာမနီအခြေစိုက်နာမည်ကျော် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ BMW ဟာ သူတို့ရဲ့ IX Flow SUV လို့အမည်ပေးထားတဲ့ ကားတစ်စီးကို 2022 CES Techonology Show မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ shwekhitonlinetv.com
ဒီကားဟာ သာမန်မြင်တွေ့နေကျကားတွေလိုမဟုတ်ဘဲထူးခြားချက်တွေပါရှိပါတယ်။ အဓိကထူးခြားချက်ကတော့ ကားကိုယ်ထည်တစ်ခုလုံးရဲ့အရောင်ကို မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်းလဲပစ်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးကားရဲ့အရောင်ကိုပြောင်းလဲပစ်ဖို့အတွက် E-Readers တွေမှာပါရှိတဲ့ Electronic Ink (E Ink) နည်းပညာကို အသုံးပြုပြီးဖန်တီးထားတာဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် ကားရဲ့အရောင်ကိုပြောင်းလဲရာမှာ စွမ်းအင်ကိုအနည်းဆုံးချွေတာနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com
ဒီနည်းပညာဟာ ကားရဲ့ကိုယ်ထည်ထဲမှာ Electronic Ink တွေပါဝင်တဲ့ အလွန်သေးငယ်လှတဲ့ Microcapsules လေးတွေကိုထည့်သွင်းထားတာဖြစ်ပြီး Electronic Paper Display (EPD) စနစ်နဲ့ ကားကိုယ်ထည်ရဲ့ အရောင်ကို ပြောင်းလဲစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com


လက်ရှိအချိန်မှာတော့ အဖြူရောင်၊ မီးခိုးရောင် နဲ့ အနက်ရောင်အဖြစ်သာပြောင်းလဲနိုင်သေးပြီး နောက်ပိုင်းမှာ အခြားအရောင်တွေပြောင်းလဲနိုင်ဖို့အတွက် ကြိုးပမ်းနေကြောင်းလဲသိရှိရပါတယ်။ shwekhitonlinetv.com
နောက်ပြီး လက်ရှိမှာကားရဲ့အရောင်ကို ဖုန်း Application ကနေတစ်ဆင့်သာပြောင်းလဲနိုင်သေးတာဖြစ်ပေမယ့် နောက်ပိုင်းမှာ ကားဒက်ရှ်ဘုတ်မှာရှိတဲ့ ခလုတ်ကိုတစ်ချက်နှိပ်ရုံနဲ့ အရောင်ပြောင်းလဲနိုင်စေဖို့လည်း လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com


ဒီလိုအရောင်ပြောင်းလဲနိုင်ခြင်းကြောင့် မိမိရဲ့ကားကိုဒီလိုအရောင်ပြောင်းလဲနိုင်ခြင်းကြောင့် မိမိရဲ့ကားကိုယ်ထည်ကို နေသာပြီး ပူအိုက်တဲ့နေ့တွေမှာဆို အဖြူရောင်ပြောင်းထားနိုင်ပြီး ရာသီဥတုအေးလွန်းတဲ့နေ့တွေမှာဆိုရင်တော့ အပူကိုစုပ်ယူထားနိုင်မယ့်အနက်ရောင်အဖြစ်ပြောင်း ထားနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။