ကမ္ဘာပေါ်ကနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတော့ မတူညီတဲ့ရိုးရာဓလေ့ထုံးတမ်းတွေ ကွဲပြားခြားနားပြီး ထူးဆန်းလှတဲ့ ပွဲတော်တွေရှိနေပါတယ်။ ဒီကနေ့မှာတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ထူးခြားလှတဲ့ ပွဲတော်လေးတစ်ခုအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

ဒီပွဲတော်ကိုတော့အလွယ်ပြောရရင် မျောက်ဘူဖေးပွဲတော်လို့ ဆိုနိုင်ဘာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲတော်မှာ မျောက်တွေကို အမျိုးအစားစုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို လွတ်လပ်စွာယူငင်စားသောက်နိုင်အောင် ထားပေးထားလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပွဲတော်ကိုတော့ ထိုင်းနိုင်ငံအလယ်ပိုင်း လော့ဘူရီ (Lopburi) မြို့မှာ ၁၉၈၀ ခုနှစ်လောက်ကတည်းကစတင်ပြီး နှစ်စဉ်မျောက်တွေအတွက် သီးနှံစားပွဲတွေကိုကျင်းပပေးလာတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒေသခံတွေရဲ့ အယူအဆမှာတော့ မျောက်တွေဟာ ကံကောင်းခြင်း၊ ကြီးပွားချမ်းသားခြင်းတို့ရဲ့ သင်္ကေတဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်မို့လို့ လော့ဘူရီမြို့က သက်တမ်း (၈၀၀) ကျော်ပြီဖြစ်တဲ့ ဖရာပရန်ဆန်ယွတ် (Phra Prang Sam Yod) ခမာ ဘုရားရှိခိုးကျောင်းရဲ့ ရှေ့ဘက်မှာ မျောက်တွေအတွက် သီးနှံစားပွဲကိုကျင်းပပေးကြတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာဘာသာရေး ဓလေ့ထုံးတမ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပွဲတော်လို့ဆိုနိုင်သလို တစ်ဖက်မှာလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂) နှစ်တာကာလမှာတော့ COVID-19 ကပ်ရောဂါဆိုးကြီးကြောင့် ဒီပွဲတော်ကို မကျင်းပဖြစ်ခဲ့ပဲ ယခုနှစ်မှသာ ပြန်လည်ကျင်းပပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီနှစ်ပွဲတော်မှာတော့ ဆာလောင်နေတဲ့ မျောက်အကောင်ရေ (၁,၀၀၀) နီးပါးကို အသီးအနှံတန်ချိန် (၂) တန်နီးပါး တည်ခင်းကျွေးမွေးခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကုန်ကျစရိတ်စုစုပေါင်းကတော့ ထိုင်းဘတ်ငွေ (၁၀၀,၀၀၀) နီးပါးကုန်ကျခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခမ်းအနားဖွင့်ပွဲမှာတော့ မျောက်ဝတ်စုံဝတ်ဆင်ထားတဲ့လူတွေက ကပြဖျော်ဖြေမှုတွေပြုလုပ်ခဲ့ကြပြီး ကိုဗစ်ကင်းစင်ကြောင်းအတည်ပြုထားတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၀၀) ကျော်လောက်လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။