အချစ်စစ်ဆိုတာကို တကယ်ရှိတယ်လို့ သင်ထင်ပါသလား။ ခန္ဓာကိုယ် ပိန်ခြင်း ၊ ဝခြင်း ၊ အရပ်ရှည်ခြင်း ၊ အရပ်ပုခြင်းဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး အချစ်စစ်တွေကို ဖော်ပြခဲ့တဲ့ စုံတွဲတွေ ရှိပါတယ်။ တကမ္ဘာလုံးက အားကျရတဲ့အထိ သဘာဝကို ကျော်လွန်ပြီး အချစ်စစ်ကို သက်သေပြခဲ့တဲ့ စုံတွဲတွေအကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Paulo Gabriel da Silva Barros and Katyucia Lie Hoshino

ပထမဆုံးဖော်ပြပေးမယ့်အတွဲကတော့ အရပ် ၁၈၁.၄၁ စင်တီမီတာ ( ၇၁.၄၂ ပေ ) ပဲ ရှိတဲ့ စုံတွဲပဲ ဖြစ်ပါတယ်။ ဒီစုံတွဲလေးကတော့ လက်ထပ်ပြီးနောက်မှာ ဂင်းနစ်ကမ္ဘာ့စံချိန် ကို စုံတွဲလိုက်ရရှိထားသူတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ အရပ်အမြင့်ကြောင့် လူမြင်ကွင်းမှာ တွဲသွားတွဲလာ သွားချိန်တွေမှာဆိုရင် အများရဲ့ အာရုံစိုက်မှုကို ခံကြရပါတယ်။ သူတို့ရဲ့ ပြောစကားလေး တခုကတော့ ” ကျွန်တော်တို့တွေဟာ အရပ်ပုနေခဲ့ကြပေမဲ့လည်း ကြီးမားတဲ့ နှလုံးသားရှိကြပါတယ်။ ဒါ့ကြောင့် တယောက်ကို တယောက်လည်း အရမ်းချစ်သလို ဘဝထဲက ဘယ်သူကိုမဆိုလည်း ချစ်ခင်ရပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Anton Kraft and China Bell

Anton Kraft ဆိုတဲ့ အမျိုးသားကတော့ ကာယဗလသမား တဦးဖြစ်ပြီး အရပ်မြင့်ကတော့ ၄ပေ ၄လက်မ ( ၁၃၂ စင်တီမီတာ ) ရှိသူတယောက်ပါ။ ဒီလို အရပ်ပုနေခဲ့ပေမဲ့လည်း သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ကာယဗလလုပ်ငန်းကိုတော့ မထိခိုက်စေဘူးလို့ ဆိုပါတယ်။ သူဟာ သူ့ကိုယ်အလေးချိန်ရဲ့ ၄ ဆလောက်ထိ လေးလံတဲ့ အရာဝတ္ထုတွေကို မနိုင်တဲ့ ကမ္ဘာပေါ်က တဦးတည်းသော ကာယဗလသမားတဦးလည်း ဖြစ်ပါတယ်။ Anton Kraft ဟာ လိင်ပြောင်းလဲထားတဲ့ အရပ်အမြင့်ပေ ၁၉၀.၅ စင်တီမီတာရှိတဲ့ အမျိုးသမီး China Bell ကို လက်ထပ်ခဲ့ပါတယ်။ အရပ်အမြင့်ပေ ကွာခြားနေခဲ့ပေမဲ့လည်း သူတို့ရဲ့ အချစ်တွေကတော့ မကွာခြားနိုင်ဘူးဆိုတာကို သက်သေပြခဲ့တဲ့ စုံတွဲပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Sean Stephenson and Mindie Kniss

စိတ်ဓာတ်တက်ကြွစေဖို့ ဟောပြောသူများဖြစ်တဲ့ Sean Stephenson and Mindie Kniss တို့နှစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ Sean ဟာ အသက် ၁၈ နှစ်ကတည်းကနေပြီး အရိုးရောဂါကို ခံစားခဲ့ရကာ သူရဲ့ ခန္ဓာကိုယ်တခုလုံးက အရိုးပေါင်း ၂၀၀ ထိ ကျိုးခဲ့ပါတယ်။ အွန်လိုင်းဝေဖန်သူတွေဟာ သူတို့နှစ်ယောက်ရဲ့ ဘဝကို ကဲ့ရဲ့ဝေဖန်ခဲ့ကြပေမဲ့လည်း Sean ရဲ့ အမျိုးသမီးဖြစ်သူ Mindie ကတော့ သူမရဲ့ ဘဝဟာ ပျော်ရွှင်နေခဲ့တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၄။ Gabriela and Victor Peralta

ကမ္ဘာ့ပြုပြင်ပြောင်းလဲမှု အလုပ်နိုင်ဆုံး လင်မယားစုံတွဲစုကို ဂင်းနစ်ကမ္ဘာ့စံချိန်အဖြစ် ရရှိထားတဲ့ စုံတွဲပဲ ဖြစ်ပါတယ်။ ဒီစုံတွဲလေးကတော့ သူတို့ရဲ့ ခန္ဓာကိုယ်နေရာအနှံ့ကို တက်တူးတွေနဲ့ ဖုံးလွှမ်းတဲ့အထိ အလှဆင်ထားကြပါတယ်။ တက်တူးတွေနဲ့ ဖုံးလွှမ်းထားရုံသာမက ခန္ဓာကိုယ်တခုလုံးမှာလည်း နားပေါက်ကဲ့သို့ အပေါက်များဖောက်လုပ်ပြီး အလှဆင်ထားကြပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့ပြီး တယောက်နဲ့တယောက် အရမ်းလိုက်ဖက်ညီတဲ့ စုံတွဲအဖြစ် သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com
၅။ Nick Vujicic and Kanae Miyahara

Nick Vujicic ဆိုတဲ့ အမျိုးသားကတော့ မွေးဖွားလာကတည်းက လက်နှစ်ဖက်ရော ခြေနှစ်ဖက်ပါ မပါခဲ့တဲ့သူဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့ အမျိုးသားတယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့လည်း ငယ်စဥ်ကလေးဘဝကတော့ အရမ်းခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အမျိုးသမီးဖြစ်သူ Kanae Miyahara ကတော့ တကယ့်စံပြမော်ဒယ်လ်တဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကြတာပါ။ အခုချိန်မှာတော့ ကလေး ၄ ယောက်ကို အတူတကွပြုစုပျိုးထောင်နေပြီး အချစ်မှာ ကန့်သတ်ချက်တွေမရှိတဲ့အကြောင်း သက်သေပြခဲ့တဲ့ စုံတွဲပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Elisane Silva and Francinaldo Da Silva Carvalho

Elisane Silva ဆိုတဲ့ အမျိုးသမီးကတော့ ဘရာဇီးနိုင်ငံမှာ အရပ်အရှည်ဆုံး အမျိုးသမီးဖြစ်ပြီး အရပ်မြင့် ၆ပေ ၈လက်မ ရှိသူပါ။ သူမဟာ ရောဂါတမျိုးကြောင့် သူမရဲ့ ဟော်မုန်းတွေ ဆက်လက်ကြီးထွားပြီး အခုလို အရပ်ရှည်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမ လက်ထပ်ခဲ့တဲ့ အမျိုးသားကတော့ အရပ်အမြင့် ၅ပေ ၄လက်မ သာရှိတဲ့ Francinaldo Da Silva Carvalho ဆိုတဲ့ သူပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားဟာ သူမရဲ့ အရပ်အမြင့်နဲ့ ပက်သက်ပြီး ပုံမှန်အတိုင်း ဆက်ဆံနားလည်ပေးတဲ့ တဦးတည်းသော ယောက်ျားဖြစ်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူတို့ရဲ့ ပထမဆုံးကလေးကို ပိုင်ဆိုင်ထားပြီး သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နေကြပါပြီ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။