ခွေးတွေဟာခေတ်အဆက်ဆက်မှာတော့ လူသားတွေအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့ကြပါတယ်။ ဒီအချက်ကို သက်သေပြနေတဲ့ ပုံပြင်ဇာတ်ကြောင်းတွေကလည်း သမိုင်းကြောင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင် အများအပြားရှိနေတာကို မြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

အခုတစ်ခါမှာလည်း ယူကရိန်းနိုင်ငံကသူရဲကောင်းခွေးကလေးတစ်ကောင်အကြောင်းကို ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးသွားချင်ပါတယ်။ ဒီခွေးကလေးဟာ သူ့ရဲ့အနံ့ခံစွမ်းရည်ကို ကောင်းစွာအသုံးချပြီး မပေါက်ကွဲသေးတဲ့မြေမြုပ်မိုင်းများစွာကိုရှာဖွေပေးနိုင်ခဲ့တဲ့ခွေးကလေးဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ကြောင့်ပဲ ရာနဲ့ချီတဲ့ယူကရိန်းနိုင်ငံသားတွေဟာ အသက်ချမ်းသာရရခဲ့တယ်ဆိုလည်းမမှားပါဘူး။ ဒါကြောင့်ဒီခွေးလေးကို ယူကရိန်းသမ္မတ ဇီလင်စကီး ကိုယ်တိုင် ဂုဏ်ပြုဆုတံဆိပ်တစ်ခုကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီသူရဲကောင်းခွေးလေးကတော့ Patron လို့အမည်ရပြီး တယ်ရီယာခွေးအမျိုးအစားဖြစ်ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၄) ရက်ကတည်းက ယူကရိန်းစစ်မြေပြင်မှာ မိုင်းရှာဖွေတဲ့အလုပ်ကို လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Patron ဟာလက်ရှိအချိန်အထိ မြေမြုပ်မိုင်းအပါအဝင် ဖောက်ခွဲရေးပစ္စည်းအရေအတွက် (၂၀၀) ကျော်ကို ရှာဖွေတွေ့ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ယူကရိန်းနိုင်ငံသာားတွေရဲ့ အသက်ရာပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ဒီခွေးလေးကိုတော့ ယူကရိန်းနိုင်ငံသားတွေရော သတင်းမီဒီယာတွေကပါ သူရဲကောင်းခွေးလေးအဖြစ် သတ်မှတ်ထားကြပြီး ယူကရိန်းသမ္မတ ဇီလင်စကီးကိုယ်တိုင် ဂုဏ်ထူးဆောင် ဆုတံဆိပ်ကို ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။