မျက်စိနဲ့ မြင်နိုင်တယ်ဆိုရင်တောင် ကိုယ့်မျက်စိကိုယ် မယုံသင့်တဲ့ အခိုက်အတန့်များစွာ ရှိလို့နေပါတယ်။ တချို့ပုံရိပ်တွေဟာ အမြင်အာရုံကိုလှည့်စားထားနိုင်ပြီး မတူညီတဲ့ ပုံရိပ်တွေကို မြင်ယောင်မိတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ အခုဖော်ပြပေးမယ့် ပုံရိပ်တွေကတော့ နှစ်ခါပြန်ကြည့်မှ နားလည်နိုင်မယ့် အမြင်အာရုံကို ဝေဝါးစေနိုင်တဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ လေပေါ်ပျံနေတဲ့ အမျိုးသမီး

ရုတ်တရက်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတဦး လေပေါ်ပျံဝဲနေသလို ပုံရိပ်ကို တွေ့မြင်ရမှာပါ။ တကယ်ကတော့ ငုတ်တုတ်ထိုင်ပြီး ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးရဲ့ နောက်မှာ အရိပ်ကျနေသလိုဖြစ်ပေါ်နေတဲ့ အရာတခုကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဘောလုံးအဝါရောင်

ပုံမှာတွေ့မြင်ရတဲ့ အဝါရောင်အလုံးလေးက တကယ်တမ်းမှာတော့ ငှက်လေးတကောင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝန်းနေတဲ့ အဝါရောင်ပုံစံလေးကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင် တင်းနစ်ဘောလုံးလေးလို့တောင် ထင်ရနိုင်ပါတယ်။ shwekhitonlinetv.com
၃။ တခြမ်းပျောက်နေတဲ့ အဆောက်အဦး

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ရှေ့မျက်နှာစာပဲရှိပြီး နောက်တခြမ်းလုံး မပါလာတဲ့ အဆောက်အဦးလို့ ထင်ရနိုင်ပါတယ်။ တကယ်တမ်းမှာတော့ အဆောက်အဦးရဲ့ နောက်ကျောဘက်မှာ တည်ဆောက်ထားတဲ့ မှန်တွေကြောင့်ပဲ ဖြစ်ပါတယ်။ မှန်တွေရဲ့ အလင်းပြန်နေတဲ့ အခြေအနေကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင် အဆောက်အဦးရဲ့ ရှေ့မျက်နှာစာကိုပဲ တွေ့ရမှာပါနော်။ shwekhitonlinetv.com
၄ ။ ခွေးခေါင်းနဲ့ လူကိုယ်

ခွေးခေါင်းနဲ့ လူကိုယ်ထည်ကြောင့် ထူးဆန်းတဲ့ သတ္တဝါလို့ မထင်လိုက်ပါနဲ့နော်။ သေချာကြည့်မယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ ခွေးလေးနှစ်ကောင်ကို ပွေ့ဖက်ထားတဲ့ လူပုံစံကို မြင်ရမှာပါ။ shwekhitonlinetv.com
၅ ။ ကိုယ်ထည်ပျောက်ကား

တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကိုယ်ပျောက်ကားတွေ တီထွင်နိုင်ပြီလားလို့တောင် သံသယဝင်ရတဲ့ ပုံရိပ်ပါပဲနော်။ တကယ်ကတော့ ပြောင်လက်နေတဲ့ ကားရဲ့ ကိုယ်ထည်ကြောင့် မှန်တခြပ်လို အလင်းပြန်နေပြီး ရုတ်တရက်ကြည့်ရင် ကိုယ်ပျောက်နေသလို ဖြစ်နေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆ ။ စားပွဲခုံပေါ်က ဂေါက်ကွင်း

လူသေးသေးလေးတွေ စားပွဲခုံပေါ်တက်ပြီး ဂေါက်ရိုက်နေတဲ့ ပုံရိပ်မဟုတ်ပါဘူးနော်။ ရိုက်ကူးထားတဲ့ ကင်မရာရဲ့ အယူအဆကြောင့် ဘေးဘက်က တန်းတွေကို ရုတ်တရက်ကြည့်မယ်ဆိုရင် စားပွဲခုံလို့ ထင်မှတ်သွားစေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇ ။ ဖောက်ထွင်းမြင်ရတဲ့ ကားဘီးခွေ

မာကြောတဲ့ ထုထည်ရှိတဲ့ ကားဘီးခွေတွေကို မှန်တွေနဲ့ ပြုလုပ်ထားပြီလားလို့တောင် ထင်ရစေနိုင်တဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ တကယ်ကတော့ ပြောင်လက်နေတဲ့ မျက်နှာပြင်ကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင် မှန်အကြည်လို့ ထင်ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၈ ။ ရှေ့ခြေမပါတဲ့ သိုး

သိုးငယ်လေးရဲ့ ကိုယ်နဲ့ ကွယ်နေတာကြောင့် သိုးကြီးရဲ့ ရှေ့ခြေကို မမြင်ရတာ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ရှေ့ခြေမပါတဲ့ သိုးလို့ ထင်ရနိုင်ပါတယ်နော်။ shwekhitonlinetv.com
၉ ။ ကြီးမားတဲ့ မှန်ခြပ်

ပုံမှာတွေ့မြင်ရတဲ့ အရာကတော့ ကြီးမားတဲ့ မှန်ကြီး မဟုတ်ပါဘူးနော်။ တုတ်ချောင်းထောက်ပြီး အမြင့်ခုန်တဲ့အခါ ကျော်ရတဲ့ အမြင့်တန်းတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀ ။ ထူးဆန်းတဲ့ ဆွဲကြိုး

ဇာတ်ကားကြည့်နေချိန်မှာ ဝင်ရောက်လာတဲ့ ကြော်ညာကြောင့် ဖြစ်ပေါ်လာတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ ကြော်ညာမှာ ပြသထားတဲ့ ဆရာဝန်မရဲ့ ပုံရိပ်ဟာ ဆွဲကြိုးနဲ့ တန်းလျက်ဖြစ်နေတာ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဆရာဝန်မပုံစံ ဆွဲကြိုးလို့တောင် ထင်ရနိုင်ပါတယ်နော်။ shwekhitonlinetv.com
၁၁ ။ ခွေးလား လူလား

ကြီးမားတဲ့ ခွေးကြီးရဲ့ မျက်နှာနဲ့ လူရဲ့ ခန္ဓာကိုယ်ဟာ တခုတည်းလို့တောင် ထင်ရစေပါတယ်။ ဒါ့ကြောင့် တချို့ဓာတ်ပုံတွေဟာ မျက်စိနဲ့ တပ်အပ်မြင်ရတယ်ဆိုရင်တောင် သေချာစဥ်းစားပြီးမှ ယုံသင့်ပါတယ်နော်။ shwekhitonlinetv.com
၁၂ ။ စကပ်ဝတ်ထားတဲ့ ဂစ်တာသမား

ရုတ်တရက်ကြည့်မယ်ဆိုရင် ဂစ်တာသမားဟာ စကပ်ရှည်ကြီး ဝတ်ဆင်ထားသလို ဖြစ်နေတာ တွေ့ရမှာပါ။ တကယ်တမ်းမှာတော့ ဂစ်တာသမားရဲ့ ဘေးက စားပွဲရဲ့ ရှည်လျားလှတဲ့ စားပွဲခင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၃ ။ ထူးဆန်းတဲ့ ကလေးငယ်

မိခင်ရဲ့ ကိုယ်ပေါ်ကနေ ရေခဲမုန့်စားနေတဲ့ ကလေးမလေးရဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ ကလေးလေးဟာ ခေါင်းကို ၁၈၀ဒီဂရီ လှည့်ပြီး ရေခဲမုန့်စားနေတယ်လို့ ထင်ရနိုင်ပါတယ်နော်။ တကယ်ကတော့ ဓာတ်ပုံရိုက်ကူးနေတဲ့အချိန်မှာ ကလေးလေးရဲ့ လက်နှစ်ဖက်ကို မမြင်ရတာကြောင့် ကျောဘက်လား ရင်ဘတ်လား ဝေခွဲမရပဲ မျက်စိကို လှည့်စားတဲ့ ပုံရိပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၄ ။ ကြက်လား ဖားလား

တွေ့မြင်ရတဲ့ ပုံရိပ်ကတော့ ကြီးမားပြီး ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ ဖားတကောင်ရဲ့ ကိုယ်ထည်ပဲ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ အမွှေးနှုတ်ထားပြီး ချက်ပြုတ်ဖို့အတွက် အသင့်ပြင်ထားတဲ့ ကြက်လို့ ထင်ရနိုင်ပါတယ်။ shwekhitonlinetv.com
၁၅ ။ ခေါင်းတခြား ကိုယ်တခြား ကြောင်လေး

မျက်လှည့်ပွဲတွေမှာ ပြသ သလို ခေါင်းတခြား ကိုယ်တခြား ဖြစ်နေတဲ့ ကြောင်လေး မဟုတ်ပါဘူးနော်။ ကြောင်နှစ်ကောင်ရှိပြီး ခြင်းထဲက တကောင်ကတော့ ခေါင်းလေးပဲ ဖော်ထားတာကြောင့် ရုတ်တရက် ထိတ်လန့်စရာပုံရိပ်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။