ကမ္ဘာ့ပထမဆုံး ဟိုတယ်ကို အေဒီ ၇၀၅ မှာ တည်ဆောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ရာမနာရှီမြို့မှာတော့ ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ဟိုတယ်တခု တည်ရှိပါတယ်။ အဆိုပါ ဟိုတယ်ကတော့ Nishiyama Onsen Keiunkan ဟိုတယ်လို့ အမည်ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်ကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ရှေးရှေးကတည်းကစပြီး ဟိုတယ်တွေ ဖွင့်လှစ်ခဲ့တာဟာ အခုချိန်မှာဆိုရင်တော့ ကမ္ဘာတဝှမ်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ဟိုတယ်ပေါင်းမြောက်များစွာ ရှိလို့နေပါပြီ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ခမ်းနားလှပပြီး ထူးခြားလှတဲ့ ဟိုတယ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com
၁။ Giraffe Manor

ကင်ညာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နိုင်ရိုဘီမြို့မှာရှိတဲ့ ဟိုတယ်သေးသေးလေး တခုဖြစ်ပါတယ်။ ဒီဟိုတယ်လေးက မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Rothschild မျိုးနွယ် ကုလားအုတ်တွေရဲ့ နေအိမ်ဆိုလည်း မမှားပါဘူး။ ကုလားအုတ်တွေဟာ ဟိုတယ်ရဲ့ မှန်ပြတင်းပေါက်တွေကို တိုးဝင်ပြီး အစာတောင်းလေ့ရှိကြပါတယ်။ ကုလားအုတ်ချစ်သူတွေ တိရစ္ဆာန်လေးတွေကို နီးနီးကပ်ကပ် သွားရောက်ကြည့်ရှူလိုသူတွေအတွက် ရွေးချယ်သင့်တဲ့ ဟိုတယ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Finca Bellavista Treehouse Community

ကော့စတာရီကာနိုင်ငံရဲ့ အမျိုးသားဥယျာဥ်အတွင်းမှာရှိတဲ့ အပန်းဖြေနေရာတခုဖြစ်ပါတယ်။ ဒီအပန်းဖြေနေရာလေးရဲ့ ရည်ရွယ်ချက်ကတော့ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ပြီး သဘာဝနဲ့ နီးကပ်စေလို့တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ သဘာဝကို ချစ်မြတ်နိုးသူတွေ သွားရောက်လည်ပတ်သင့်တဲ့ သစ်ပင်အိမ်အပန်းဖြေနေရာလေးပါ။ shwekhitonlinetv.com
၃။ The Manta Resort

ပညာသားပါပါ ဆောက်လုပ်ထားတဲ့ ရေပေါ်ပေါလောပေါ်နေတဲ့ ဟိုတယ်အခန်းတွေပဲ ဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်အဖြစ် အခန်းရဲ့ နေရာတော်တော်များများဟာ ရေအောက်မှာ ရောက်ရှိနေတာကြောင့် ရေနေသတ္တဝါတွေရဲ့ ဖြစ်တည်မှုကို သေချာမြင်ရမယ့် ဟိုတယ်ဖြစ်ပါတယ်။ ဟိုတယ်အခန်းရဲ့ ပြတင်းပေါက်ကနေတဆင့် ငါးတွေရဲ့ လှုပ်ရှားသွားလာမှုကို သေချာကြည့်ရှုနိုင်ပါတယ်။ ဒီရေအောက်ဟိုတယ်ကတော့ ဇမ်ဇီဘာနိုင်ငံမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
၄။ Montaña Mágica Lodge

ချီလီနိုင်ငံမှာရှိတဲ့ မီးတောင်ပုံစံ ဟိုတယ်ပဲ ဖြစ်ပါတယ်။ မီးတောင်ရဲ့ အတွင်းထဲမှာ အခန်းတွေထည့်သွင်းဖွဲ့စည်းထားတဲ့ ပုံစံနဲ့ ဆောက်လုပ်ထားပြီး အလယ်တည့်တည့်မှာတော့ ချော်ရည်ပူတွေအစား ရေတွေထွက်ရှိစေဖို့ ဖန်တီးပြုလုပ်ထားပါတယ်။ ပုဂ္ဂလိကပိုင် ကြီးမားတဲ့ သဘာဝဘေးမဲ့ဥယျာဥ်ရဲ့ အလည်မှာတည်ရှိပြီး ဟိုတယ်ဆီကိုရောက်ဖို့ ကြိုးတံတားကို ဖြတ်ကျော်ရမှာပါ။ အဆိုပါ ဟိုတယ်ကို သွားရောက်တည်းခိုချင်တယ်ဆိုရင်တော့ ကြိုးတံတားကို ဖြတ်ကူးနိုင်ဖို့ သတ္တိရှိမှပဲ ဖြစ်မှာပါနော်။ shwekhitonlinetv.com
၅။ Attrap’Rêves Bubble Hotel

ပြင်သစ်နိုင်ငံမှာ တည်ရှိတဲ့ ပလပ်စတစ်ပူဖောင်းပုံစံ ဟိုတယ်ဖြစ်ပါတယ်။ အခန်းတခုလုံးကို ဖောက်ထွင်းမြင်ရတဲ့ အကြည်ရောင်ပလပ်စတစ်ပူဖောင်းပုံစံ ဆောက်လုပ်ထားပါတယ်။ ဒါ့ကြောင့် ညအခါမှာ ကြယ်တွေရဲ့ အောက်မှာ အိပ်စက်နေရတဲ့ ခံစားချက်မျိုးကို ရရှိစေမှာ ဖြစ်ပြီး နှင်းကျတဲ့အချိန်မှာတော့ နှင်းထုကြီးရဲ့ အလှတရားကို တွေ့မြင်နိုင်မှာပါ။ shwekhitonlinetv.com
၆။ Kumbuk River Resort

ဆင်ပုံသဏ္ဍာန်ရှိ နှစ်ထပ် ဗီလာ တခုဖြစ်ပြီး သီရိလင်္ကာနိုင်ငံ သဘာဝအပန်းဖြေစခန်းရဲ့ အလည်မှာတည်ရှိပါတယ်။ ခရီးသွားဧည့်သည်တွေကို ကမ္ဘာ့အကြီးမားဆုံးဆင်ရဲ့ ကိုယ်တွင်းမှာ အိပ်စက်ရသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ ဟိုတယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်အနီးနားပတ်ဝန်းကျင်မှာ သွားရောက်လည်ပတ်ရင်း တကယ့်ဆင်တွေကိုလည်း တွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com
၇။ Hằng Nga Guesthouse

အရူးအိမ်လို့ လူသိများတဲ့ ဒီတည်းခိုဆောင်ကတော့ ဗီယက်နမ်နိုင်ငံမှာ တည်ရှိပါတယ်။ လူတယောက်ရဲ့ စိတ်ကူးယဥ်နိုင်တဲ့ အတိုင်းအတာတခုကို ကျော်လွန်ပြီး ထူးဆန်းအံ့သြဖွယ်ရာများနဲ့ တည်ဆောက်ထားတဲ့ အနုပညာလက်ရာတခုဖြစ်ပါတယ်။ ဗိသုကာနဲ့ ပန်းချီပညာရှင် ဗီယက်နမ်လူမျိုး Đặng Việt Nga က ဆောက်လုပ်ခဲ့တာပါ။ ဟိုတယ်တခုလုံးကို မျဥ်းဖြောင့်တွေ လုံးဝမသုံးထားပဲ လိမ်ဖယ်နေတဲ့ အရာဝတ္ထုများ၊ မညီမညာ ပြတင်းပေါက်များနဲ့ တည်ဆောက်ထားပြီး နတ်သမီးပုံပြင်တွေထဲက အိမ်လို ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ The Hobbit Motel

နာမည်ကျော်ကြားလှတဲ့ Lord of The Rings ဇာတ်ကားထဲက အိမ်ပုံစံကို မှီငြမ်းပြီး ဆောက်လုပ်ထားတဲ့ မိုတယ်ပဲ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ တည်ရှိပြီး မိုတယ်တခုလုံးကို ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းများ ၊ သဘာဝအတိုင်းဖြစ်တည်နေတဲ့ ပစ္စည်းများကိုသာ အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ လူပုလေးမိုတယ်မှာ တည်းခိုမယ်ဆိုရင်တော့ သင့်အနေနဲ့ ဇာတ်ကားထဲကို ရောက်ရှိသွားရသလို ခံစားရစေမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Hotel Costa Verde

1965 Boeing 727 လေယာဥ်ကို ပြန်လည်ပြုပြင်မွမ်းမံပြီး ဟိုတယ်အဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပေ ၅၀ မြင့်မားတဲ့ အောက်ခံတိုင်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး ပင်လယ်နဲ့ တောတွင်းရဲ့ အလှအပတွေကို ရှုမြင်ခံစားနိုင်မှာပါ။ ဒီလေယာဥ်ဟိုတယ်ကတော့ ကော့စတာရီကာနိုင်ငံမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
၁၀။ Skylodge Adventure Suites

ပီရူးနိုင်ငံ Sacred Valley ရဲ့ အထက် ထောင်ပေါင်းများစွာ မြင့်မားလွန်းတဲ့ ကမ်းပါးရံရဲ့ ဘေးမှာ တည်ရှိတဲ့ ဟိုတယ်ခန်းတွေ ဖြစ်ပါတယ်။ အလုံးစုံဖောက်ထွင်းမြင်နေရမယ့် ဇိမ်ခံနားနေခန်းတွေဖြစ်တာကြောင့် ပတ်ဝန်းကျင်အလှကို ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်မှာပါ။ shwekhitonlinetv.com
၁၁။ No Man’s Fort

ကြီးမားတဲ့ ကျွန်းပုံစံ အပန်းဖြေဟိုတယ်ကြီးကတော့ ဆူညံတဲ့ မြို့ပြလူနေမှုကို ငြီးငွေ့နေသူတွေအတွက် နိဗ္ဗာန်ဘုံပဲ ဖြစ်ပါတယ်။ အပန်းဖြေကျွန်းကြီးရဲ့ အလယ်တည့်တည့်မှာတော့ ကြမ်းပြင်ကနေ မျက်နှာကျက်အထိ မှန်တွေနဲ့ ကာရံထားတဲ့ မီးပြတိုက်တည်ရှိပါတယ်။ ဒီမီးပြတိုက်ထဲမှာတော့ လှပတဲ့ မျက်စိတဆုံး ပင်လယ်ပြင်ကြီးရဲ့ မြင်ကွင်းတွေကို တွေ့ရမှာပါ။ ဒီကျွန်းပုံစံ အပန်းဖြေဟိုတယ်ကြီးကတော့ အင်္ဂလန်နိုင်ငံမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
၁၂။ Dog Bark Park Inn

ဒေသခံတွေရဲ့ အခေါ်အဝေါ်အရ Sweet Willy လို့လူသိများတဲ့ ဒီခွေးပုံစံအဆောက်အဦး အပန်းဖြေနေရာကတော့ အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်မှာ တည်ရှိပါတယ်။ ဘီဂယ်လ် ( Beagle )အမျိုးအစား ခွေးပုံစံ တည်ဆောက်ထားတာ ဖြစ်ပြီး ပေ ၃၀ မြင့်မားပါတယ်။ ဟိုတယ်ခန်းတွေထဲမှာတော့ ခွေးပုံစံ အသုံးအဆောင်ပစ္စည်းများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ခွေးလေးတွေ ချစ်တတ်သူဆိုရင်တော့ ဒီဟိုတယ်ကိုလည်း သေချာပေါက် သဘောကျမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com
၁၃။ The Parkhotel

အိုဟောင်းနေတဲ့ ရေမြောင်းပိုက်များကို အသုံးပြုထားပြီး ဟိုတယ်ခန်းတွေကို ပြုလုပ်ထားတာပါ။ ကျဥ်းမြောင်းတဲ့ ပိုက်အတွင်းမှာ ဧည့်သည်များ သက်တောင့်သက်သာ နေနိုင်ရန်အတွက် ပြုပြင်မှုတွေ အများအပြားပြုလုပ်ကာ တည်ဆောက်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ပြီးပြည့်စုံတဲ့ ဇိမ်ခံဟိုတယ်တွေမှာ တည်းခိုရတာ ငြီးငွေ့လာပြီဆိုရင်တော့ အပြောင်းအလဲအနေနဲ့ ရွေးချယ်သင့်တဲ့ ဟိုတယ်ပါ။ ဒီပိုက်လုံးဟိုတယ်ကတော့ ဂျာမနီနိုင်ငံမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
၁၄။ Icehotel

ရေခဲတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဟိုတယ်ဖြစ်ပါတယ်။ ဆွီဒီနိုင်ငံမှာ တည်ရှိပြီး တိတ်တိတ်ဆိတ်ဆိတ်နေလိုသူတွေအတွက် အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Northern Lights ကြည့်ရှုနိုင်ခြင်း ၊ ရေခဲပန်းပုထုလုပ်ခြင်း ၊ husky ခွေးတွေ ဆွဲတဲ့ စွတ်ဖားလှည်းစီးနိုင်ခြင်း စတဲ့ အတွေ့အကြုံတွေကိုလည်း ခံစားနိုင်မှာပါ။ မပြီးဆုံးနိုင်တဲ့ ခရစ္စမတ်နေ့ရက်တွေကို ခံစားနိုင်စေမယ့် နေရာကောင်းလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၅။ Kakslauttanen Arctic Resort

ဥရောပနိုင်ငံရဲ့ မြောက်ဘက်စွန်းနီးပါး နေရာမှာ ထိုင်ပြီး အလှအပကို ခံစားရစေမယ့် အပန်းဖြေနေရာ ဖြစ်ပါတယ်။ အက်စကီးမိုးလူမျိုးတွေရဲ့ ရေခဲတုံးအိမ်ပုံစံရှိပြီး မှန်အပြည့်နဲ့ ပြုလုပ်ထားတဲ့ ဖန်လုံးဟိုတယ်ခန်းတွေကနေ လှပတဲ့ Northern Lights တွေကို ကြည့်ရှုနိုင်မှာပါ။ လှပပြီး တောက်ပတဲ့ အလင်းရောင်တွေကို အခန်းရဲ့ ပတ်ပတ်လည် ၃၆၀ ဒီဂရီကြည့်ရှုနိုင်စေဖို့ ဆောက်လုပ်ထားတဲ့ ဒီဟိုတယ်ကတော့ ဖင်လန်နိုင်ငံမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
ပရိတ်သတ်ကြီးလည်း ဘယ်နိုင်ငံက ဟိုတယ်မှာ တည်းခိုချင်လဲဆိုတာ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။