Muhammed Awal Mustapha သို့မဟုတ် Mompha Jr. ကိုတော့ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ်လူသိများကြပါတယ်။ (၁၀) နှစ်သားအရွယ် ဒီ Social Influencer လေးဟာ မယုံကြည်နိုင်လောက်တဲ့ ဇိမ်ခံပစ္စည်းတွေကို အရွယ်နှင့်မလိုက်အောင်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတစ်ခါမှာလည်း သူ့ရဲ့ဖခင်ဖြစ်သူက Mompha Jr. ရဲ့ (၁၀) နှစ်ပြည့်မွေးနေ့မှာ ဒေါ်လာ (၃၆၇,၀၀၀) တန်ကြေးရှိတဲ့ အဝါရောင် Lamborghini Aventador တစ်စီးကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

(၁၀) နှစ်သားလေးဟာ အာဖရိကတိုက်ရဲ့ အချမ်းသာဆုံးကလေးအဖြစ်လည်း လူသိများပြီး မော်တော်ကားတွေအပြင် အိမ်ရာအများအပြား နဲ့ အခြားတန်ဖိုးကြီးအရာတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com

“မင်းလိုသားတစ်ယောက်ရှိခြင်းက ဘဝကိုရှေ့ဆက်ဖို့အတွက် အကောင်းဆုံး အကြောင်းရင်းတစ်ခုပါပဲ။ မင်းရဲ့အပြုံးက ငါတို့အမြဲတမ်းပျော်ရွှင်မှုအတွက် အကြောင်းပြချက်တစ်ခုလည်းဖြစ်တယ်။ အဖေတို့ မင်းကိုချစ်တယ်!!! မွေးနေ့မှာ ပျော်ရွှင်ပါစေ သား” လို့ သူ့အဖေကရေးပြီး တင်ထားတဲ့ပို့စ်မှာဆိုရင် လူအယောက် (1.2) သန်း လောက်မှတ်ချက်ရေးထားတာကိုတွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

အသက်ငယ်ရွယ်ပေမယ့် အစစအရာရာပြီးပြည့်စုံနေတဲ့ ဒီကလေးလေးရဲ့ ရှေးဘဝပေးကုသိုလ်ကံကတော့ အတော်လေးကိုကောင်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။