ရွှေခေတ်ပရိသတ်ကြီးကို အခုတစ်ခေါက်ဖော်ပြချင်တာကတော့ ထူးထူးဆန်းဆန်းဓာတ်ပုံလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုးထူးထူးခြားခြားဓာတ်ပုံလေးတွေဖြစ်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် ….. shwekhitonlinetv.com
၁။ Floating Stage , Vorarlberg

ဒီပုံကတော့ ၂၀၁၃ ခုနှစ်တုန်းက သြစတြီးယားနိုင်ငံ Vorarlberg မြို့မှာပြုလုပ်ခဲ့တဲ့ Bregenz ရေပေါ်ပွဲတော်မှ ပြဇာတ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Fallen Soldier

၁၉၇၀ ခုနှစ်တုန်းက ဗြိတိန်ဘုရင်မကြီးရဲ့ မွေးနေ့အခမ်းအနားမှာ ဂုဏ်ပြုဖို့စောင့်ဆိုင်းရင်း မူးဝေလဲကျသွားတဲ့ စစ်သားတစ်ဦးဖြစ်ပါတယ်။ သူတို့ဟာအချိန်ကြာမြင့်စွာမတ်တပ်ရပ်ပြီးစောင့်နေခဲ့ရတာကြောင့်အခုလိုအားချိပြီး လဲကျသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ The Dexter Elm

ဒီလူတွေကတော့ သစ်ပင်ကြီးရဲ့အစိတ်အပိုင်းကို ပိုးဖလံတွေ၊ ခြတွေဝင်ရောက်ခြင်းရှိမရှိစစ်ဆေးနေတဲ့ ကျွမ်းကျင်သူတွေဖြစ်ပါတယ်။ ဒီပုံကိုရိုက်ကူးခဲ့တာက ၁၈၉၈ ခုနှစ် မက်ဆာချူးဆက်ပြည်နယ်မှာဖြစ်ပြီး အဲ့ဒီအချိန်က ဒီသစ်ပင်ကြီးရဲ့သက်တမ်းက နှစ် (၂၀၀) နီးပါးရှိပြီလို့သိရပါတယ်။ ကျွမ်းကျင်သူတွေအနေနဲ့ (၆၅) ပေရှည်တဲ့ လှေကားကိုအသုံးပြုပြီး ပုံပါအတိုင်းသစ်ပင်ကြီးရဲ့ လက်မတိုင်းကိုစစ်ဆေးနေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ The Crocodile Hunter

အပေါ်ကပုံကတော့ ရုပ်သံအစီအစဉ်တွေမှာ The Crocodile Hunter ဆိုပြီးလူသိများခဲ့တဲ့ Robert Irwin ဖြစ်ပါတယ်။ သူကသြစတြေးလျတိရိစ္ဆာန်ရုံက တောရိုင်းတိရိစ္ဆာန်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့သူဟာ ငါးလိပ်ကျောက်မျှားတဲ့ငါးမျှားတံနဲ့ နှလုံးကိုထိုးမိပြီးသေဆုံးသွားခဲ့ရပါတယ်။ အောက်ကပုံကတော့ သူ့ရဲ့သားဖြစ်သူက သူ့အမွေကိုဆက်ခံပြီး သူ့အလုပ်တွေကိုဆက်လုပ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Þrídrangaviti

ကမ္ဘာပေါ်ကအထီးကျန်ဆုံး မီးပြတိုက်တစ်ခုဖြစ်ပါတယ်။ Þrídrangaviti (“Thridrang” ဟုအသံထွက်သည်)။ အိုက်စလန်ရဲ့ အဓိကကမ်းခြေကနေ ခြောက်မိုင်အကွာမှာရှိတဲ့ Westman ကျွန်းမှာတွေ့ရှိနိုင်ပါတယ်။ ရဟတ်ယာဉ်မပါဘဲ ၁၉၃၉ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Homecoming Prisoner

ဒီဓာတ်ပုံရဲ့အမည်ကိုတော့ ဓာတ်ပုံဆရာက “Homecoming Prisoner , Vienna” လို့အမည်ပေးထားပါတယ်။ စစ်ပွဲထဲမှာ လပေါင်းများစွာကြာခဲ့ပြီးနောက် မိသားစုရှိရာကိုပြန်လာပြီး မိသားစုဝင်တွေကိုလိုက်လံရှာဖွေနေတဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီခေတ်က ဒီနေ့အချိန်အခါလိုမျိုး အဆက်အသွယ်လုပ်ဖို့ မလွယ်ကူလဲ အင်မတန် ခက်ခဲခဲ့ပါတယ်။ shwekhitonlinetv.com
၇။ East Meets West

ဘာလင်တံတိုင်းကြီးကို ညတွင်းချင်းအလျင်အမြန်စိုက်ထူခဲ့တာကြောင့် မိသားစုအတော်များများဟာ အရှေ့အနောက်ကွဲကုန်ကြပါတယ်။ ပုံကတော့ ကလေးငယ်တစ်ဦးကို အရှေ့ဘာလင်မှာရှိတဲ့မိဘတွေဆီကို ရောက်အောင် ကူညီပေးနေတဲ့စစ်သားတစ်ဦးဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှဖြတ်သန်းခွင့်မရှိလို့ ဂျာမနီအစိုးရက အမိန့်ထုတ်ထားတဲ့အချိန်မှာ ကူညီခဲ့တဲ့ ဒီစစ်သားကိုတော့ ဖမ်းမိသွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၈။ Lost in the Jungle

ဒီပုံကတော့ လေယာဉ်ပျက်ကျပြီး တောထဲမှာ (၁၁) ရက်တိုင်တိုင်နေထိုင်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ Juliane Koepcke ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ သူမဟာ ပီရူးနိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး ပီရူးနိုင်ငံ လီမာမြို့က သဘာဝသမိုင်းပြတိုက်မှာအလုပ်လုပ်တဲ့သူဖြစ်ပါတယ်။ သူမရဲ့မိဘတွေကတော့ ဂျာမန်တွေဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Wilder Man

ဒီဝတ်စုံကတော့ ၁၈၀၀ ပြည့်လွန်နှစ်တွေက ဆိုက်ဘေးရီးယားဝက်ဝံတွေကို အမဲလိုက်တဲ့အခါမှာ အသုံးပြုခဲ့တဲ့ ဝတ်စုံလို့သိရပါတယ်။ shwekhitonlinetv.com
၁၀။ Batgirl , 1960

၁၉၆၀ ခုနှစ်တွေက Batman ဇာတ်ကားရဲ့ ရိုက်ကွင်းကပုံလေးဖြစ်ပါတယ်။ ပုံမှာပါတဲ့အမျိုးသမီးလေးကတော့ Batman အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Adam West ရဲ့တွဲဖက် Batgirl အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yvonne Craig ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၁။ The Portal To Hell

ဒီပုံကိုတော့ ငရဲပြည်ကိုသွားတဲ့တံခါးပေါက်လို့အမည်ပေးထားပါတယ်။ ဟာဝိုင်ရီကျွန်းရဲ့ ကာမိုကူနာကမ်းခြေက မီးတောင်တစ်ခုရဲ့ အတွင်းဘက်ကိုမြင်နေရတဲ့မြင်ကွင်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။