အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးအတွက် တစ်ချိန်တစ်ခါက အရမ်းစည်ကားခဲ့ပြီး လက်ရှိအချိန်မှာ လူသူကင်းမဲ့သွားတဲ့ နေရာဒေသတွေအကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ Gougi Island

ဒီနေရာကတော့ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဟိုင်းမြို့ရဲ့ အရှေ့တောင်ဘက်မှာတည်ရှိတဲ့ Gougi Island
(ရှန်ဂီကျွန်းဟုလည်းခေါ်) ဖြစ်ပါတယ်။ ဒီနေရာမှာနေထိုင်ကြတဲ့သူတွေဟာ ရေထညစ်ညမ်းမှုကြောင့် သူတို့ရဲ့နေအိမ်တွေကို စွန့်ပစ်ထားခဲ့ပြီးရွှေ့ပြောင်းသွားခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီနေရာကို သဘာဝတရားကြီးက အကောင်းဆုံးပြန်လည်ထိန်းချုပ်ထားပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Craco

အီတလီနိုင်ငံတောင်ပိုင်း Basilicata ဒေသရှိ လှပသောတဲ့ Craco မြို့လေးဟာ (၁၉၄၀) ပြည့်နှစ်အလွန်ကာလတွေတုန်းကတော့ အလွန်စည်ကားတဲ့မြို့ကလေးဖြစ်ပါတယ်။ ဒါပေမယ့် (၁၉၆၀) ပြည့်နှစ်လွန်ကာလတွေမှာတော့ မြေပြိုမှု၊ စိုက်ပျိုးမြေဆီလွှာပြုန်းတီးမှု၊ ရေကြီးမှုတွေကြောင့် မြို့နေလူထုဟာ ဒီမြို့လေးကို စွန့်ပစ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ Craco ဟာ သရဲတစေ ္ဆမြို့တော်အဖြစ် နာမည်ကြီးလို့နေပါတယ်။ shwekhitonlinetv.com
၃။ Rummu Prison

တစ်စိတ်တစ်ပိုင်းနစ်မြုပ်နေတဲ့ အက်စတိုးနီးယားက ဒီအကျဉ်းထောင်ဟောင်းကတော့ မှောင်မိုက်တဲ့နောက်ခံသမိုင်းတွေအများအပြားရှိခဲ့ဖူးပါတယ်။ အက်စတိုးနီးယားနိုင်ငံလွတ်လပ်ရေးရတဲ့ (၁၉၉၀) မတိုင်ခင်အထိ ဆိုဗီယက်တွေဟာ ဒီအကျဉ်းထောင်က အကျဉ်းသားတွေကို ကျောက်မိုင်းတွေမှာအတင်းအဓမ္မစေခိုင်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Centralia

သင့်အနေနဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကိုဆော့ဖူးရင်တော့ ဒီနေရာမှာပြေးခဲ့ရတာကိုမှတ်မိမယ်လို့ ထင်ပါတယ်။ ဂိမ်းထဲကဒီအခန်းဟာ Pennsylvania ဒေသက စွန့်ပစ်မြို့တော်ဖြစ်တဲ့ Centralia ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ဒီမြို့မှာတော့ (၂၀) ရာစုအလယ်လောက်မှာ ထူးဆန်းတဲ့မီးလောင်မှုတွေမကြာခဏဖြစ်ပေါ်ခဲတာကြောင့် မြို့နေလူထုအနေနဲ့ ဒီမြို့ကိုစွန့်ပစ်သွားခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Bombay Beach

တစ်ချိန်ကစည်ကားလွန်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကကမ်းခြေတစ်ခုကတော့ လက်ရှိအချိန်မှာ မြေရိုင်းတွေနဲ့ဖုံးလွှမ်းလို့နေပြီဖြစ်ပါတယ်။ ဆယ်လ်တန်ပင်လယ်ရဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ငှက်တွေငါးတွေရဲ့ သင်္ချိုင်းအဖြစ်ပြောင်းလဲသွားခဲ့ရုံသာမကဘဲ ကြော်ငြာဘုတ်အဟောင်းတွေ ကားအဟောင်းတွေကိုပါတွေ့ရှိနိုင်တဲ့ နေရာဖြစ်လို့နေပါပြီ။ shwekhitonlinetv.com
၆။ North Brother Island

နယူးယော့ခ်မြို့က North Brother Island လို့ခေါ်တဲ့ဒီကျွန်းကတော့ တိုက်ဖွိုက်မေရီ (Typhoid Mary) ကြောင့် စွန့်ပစ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သဘာဝတရားကြီးက ကျွန်းပေါ်မှာရှိတဲ့ အဆောက်အဦး (၂၅) ခုစလုံးကို ဝါးမြိုထားပြီပဲဖြစ်ပါတယ်။ ဒီကျွန်းပေါ်ကတစ်ချို့အဆောက်အဦးတွေကတော့ (၁၈၈၀) ခုနှစ်လောက်ကတည်းကတည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအဆောက်အဦးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Geamana

ဒါကတော့ ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ Geamana ဆိုတဲ့ရွာကလေးရဲ့နေရာဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ ဒီရွာအနီးတစ်ဝိုက် ကြေးနီအမြောက်အမြားကိုတွေ့ရှိပြီး မဆင်မခြင်တူးဖော်ရာကနေ အဆိပ်အတောက် စွန့်ပစ်ပစ္စည်းများစွာထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ အာဏာရှင် Nicolae Ceausescu ကိုယ်တိုင် ရွာနေလူထုကို ဒီနေရာကနေရွှေ့ပြောင်းဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Hirta Island

ကျောက်တုံးအိမ်လေးတွေနဲ့ပြည့်နှက်နေတဲ့ ဒီနေရာဟာ စကော့တလန်နိုင်ငံ Hirta Island မှာရှိတဲ့ရွာကလေးတစ်ရွာဖြစ်ပါတယ်။ UK မှာဒီနေရာက အမြင့်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ အစာရေစာခေါင်းပါးငတ်မွတ်မှုနဲ့ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုတွေက ဒီမှာနေတဲ့သူတွေကို အခြားအရပ်သို့ရွှေ့ပြောင်းဖို့ အကြောင်းဖန်ခဲ့ပါတယ်။ shwekhitonlinetv.com
၉။ Marco Island

Marco ကျွန်းရဲ့အစွန်အဖျားက ဒီထူးဆန်းတဲ့ ဂြိုဟ်သားအိမ်လေးတွေကတော့ ရေနံသူဌေးကြီးတစ်ယောက်ပိုင်ဆိုင်တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ နွေရာသီအပန်းဖြေဖို့အတွက် ဒီအိမ်လေးတွေကို (၁၉၈၁) ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖလော်ရီဒါရဲ့ ပြင်းထန်တဲ့ရာသီဥတုနဲ့ ရေတိုက်စားမှုတွေကြောင့် သူ့ရဲ့အိမ်လေးတွေအပါအဝင် Marco ကျွန်းမှာနေသူတွေပါ ဒီနေရာကို စွန့်ခွာခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Kayakoy

တစ်ချိန်ကတော့ ဒီနေရာလေးမှာ ဂရိလူမျိုးတွေနဲ့ တာ့ခ်လူမျိုးတွေ ပျော်ရွှင်စွာအတူတကွယှဉ်တွဲပြီး နေထိုင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒါကလွန်ခဲ့တဲ့ နှစ် (၁၀၀) ကျော်ကဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂရိ-တူရကီ စစ်ပွဲနဲ့အတူ နိုင်ငံရေးတင်းမာမှုတွေကြောင့် ဒီနေရာကိုလည်းစွန့်ပစ်သွားကြပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။