အပြိုင်အဆိုင်တွေပေါများလှတဲ့ ဒီနေ့ခေတ်လိုအချိန်မျိုးမှာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ သူများနဲ့မတူတဲ့ အိုင်ဒီယာတွေရှိဖို့လိုအပ်သလို စွန့်လွှတ်စွန့်စား ဝံ့ဖို့လဲလိုပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တဲ့ စီးပွားရေးသမားတစ်ဦးကတော့ အထက်ပါအချက်တွေနဲ့ပြည့်စုံတဲ့ စီးပွားရေးသမားတစ်ဦးလို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့သူက Convenience Store တစ်ခုကို မီတာ (၁၀၀) လောက်မြင့်တဲ့ ချောက်ကမ်းပါးမှာ ဖွင့်ထားလို့ပဲဖြစ်ပါတယ်။ သူ့ရဲ့ဆိုင်လေးမှာအဓိကရနိုင်တာကတော့ တောင်တက်သမားတွေအတွက် အဆာပြေမုန့်ပဲသရေစာနဲ့ အအေး၊ ရေ တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ဆိုင်လေးတည်ရှိတာကတော့ တရုတ်နိုင်ငံအလယ်ပိုင်းယူနန်ပြည်နယ် ပင်ကျန်းကောင်တီက ပန်းခြံတစ်ခုအတွင်းမှာရှိတာဖြစ်ပါတယ်။ ဒီပန်းခြံထဲက ကျောက်တောင်တစ်ခုရဲ့ ကမ်းပါးမှာတည်ရှိတာဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

ဒီပန်းခြံကိုလာရောက်ပြီး အပျော်တမ်းတောင်တက်ကြတဲ့သူတွေကတော့ သူ့ရဲ့ဆိုင်လေးကနေ ပစ္စည်းတွေဝယ်ဖို့အတွက် မီတာ (၁၀၀) မြင့်တဲ့ကျောက်တောင်ပေါ်ကိုတမင်သက်သက် တက်ရောက်ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ကဲ …… ဒီလူရဲ့ စီးပွားရေးအကွက်မြင်ပုံကတော့ တကယ့်ကို အံ့မခန်းပါပဲနော် …. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။