ကလေးသူငယ်တွေအနေနဲ့ကျောင်းသွားကြရမှာ တချို့က ဘတ်စ်ကား၊ တချို့က စက်ဘီး၊ တချို့က လမ်းလျှောက်သွားတက်ကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက ကလေးငယ်အချို့ကတော့ သူများနှင့်မတူဘဲ တစ်မူထူးခြားတဲ့ ပုံစံနဲ့ကျောင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီကလေးတွေက ထိုင်းနိုင်ငံမြောက်ပိုင်း Tak ပြည်နယ်ဖြစ်ပြီး ကျောင်းတက်ရမယ့်ပထမဆုံးနေ့မှာ ဆင်ကိုစီးပြီးတော့ Phob Phra ခရိုင်ရှိ Baan Ya Por ကျောင်းကိုသွားခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကျောင်းက ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်နားမှာတည်ရှိတဲ့ကျောင်းလည်းဖြစ်ပါတယ်။ ဒီဒေသမှာနေထိုင်သူအများစု လယ်ယာစိုက်ပျိုးကြသူတွေဖြစ်ကြပြီး ဒီကလေးတွေရဲ့ အဖေကတော့ ဆင်ဦးစီးတစ်ယောက်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီပုံတွေ အင်တာနက်စာမျက်နှာမှာပျံ့နှံ့သွားချိန်မှာတော့ စက်သုံးဆီဈေးတွေကြီးမြင့်နေချိန်မှာ ဒါဟာ ဆီဈေးတက်တာကို တိုက်ဖျက်ဖို့အတွက်နည်းလမ်းတစ်ခုဖြစ်ကြောင်း ထိုင်းအင်တာနက်သုံးစွဲသူတွေက မှတ်ချက်ပြုကြပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့ အဖေကဘယ်လိုအကြောင်းမျိုးကြောင့် သူ့ကလေးတွေကို အခုလိုပုံစံနဲ့ ကျောင်းကိုသွားစေတယ်ဆိုတာ မသိရပေမယ့် ဒီကလေးတွေကတော့ အင်တာနက်စာမျက်နှာတွေကနေတစ်ဆင့် အတော်လေးကိုလူသိများသွားကြပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။