ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ မထူးခြားသလိုလိုနဲ့ ထူးခြားနေတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာလေးတွေဖြစ်မလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com
၁။ Vesna Vulovic

ဆားဘီးယားနိုင်ငံသူ Vesna Vulovic တော့ လေထီးမပါဘဲအမြင့်ဆုံးနေရာကနေခုန်ချပြီး အသက်မသေခဲ့လို့ ဂင်းနစ်မှတ်တမ်းမှာဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်မယ်တစ်ယောက်ဖြစ်တဲ့သူမဟာ (၁၉၇၂) ဇန်နဝါရီ (၂) ရက်နေ့က JAT Yugoslav Airline 367 မှာလိုက်ပါပြီး ဝန်ဆောင်မှုပေးရင်း ချက်ကိုစလိုဗက်ကီးယားနိုင်ငံ (ယခုချက်ပြည်သူ့သမ္မတနိုင်ငံ) ထဲက Srkská Kamenice ပြည်နယ်ထဲကို ပေပေါင်း (၃၃,၃၃၀) အမြင့်ကနေ လေထီးမပါဘဲခုန်ချခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒီလေယာဉ်ပျက်ကျမှုမှာ တစ်ဦးတည်းသောအသက်ရှင် ကျန်ရစ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Michel Lotito

Michel Lotito ကတော့ ပြင်သစ်နိုင်ငံသားပါ။ သူ့ကိုတော့ ပုံမှန်မဟုတ်ဘဲထူးဆန်းတဲ့အရာတွေကိုစားပြပြီး ဂင်းနစ်မှတ်တမ်းစာအုပ်မှာ စံချိန်တွေတင်ထားတဲ့သူအဖြစ်လူသိများပါတယ်။ သူ့ရဲ့ ဘဝတစ်လျှောက်မှာ Cessna 150 အမျိုးအစားလေယာဉ် (၁) စီး၊ စက်ဘီး (၁၈) စီး၊ စူပါမားကတ်ဈေးဝယ်လှည်း (၁၅) ခု၊ တီဗွီ (၇) လုံး၊ အလှဆင်မီးဆိုင်းကြီး (၆) ခု၊ အိပ်ယာ (၂) ခု၊ ကွန်ပျူတာ (၁) လုံး နဲ့ အခြားထူးဆန်းတဲ့ အရာတွေအများအပြားကို စားပြခဲ့ဖူးပါတယ်။ shwekhitonlinetv.com
၃။ Maria Paraskeva

ဆိုက်ပရပ်နိုင်ငံသူ Maria Paraskeva ကတော့ ၂၀၁၈ ခုနှစ်ကသူမရဲ့လက်ထပ်မင်္ဂလာပွဲမှာ အရှည်ပေပေါင်း (၂၂,၈၄၃) ပေ (၁၁) လက်မရှိတဲ့ သတို့သမီးဝတ်စုံကိုဝတ်ဆင်ပြီး ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ဒါဟာ ဘောလုံးကွင်း (၆၃) ကွင်းစာမက ရှည်လျားတဲ့ပမာဏဖြစ်ပြီး ဒီဝတ်စုံကိုဖန်တီးဖို့အတွက် (၃) လအချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၄။ Towser

ဒီစံချိန်ရှင်ကတော့ လူမဟုတ်ပါဘူး။ Towser လို့အမည်ရတဲ့ကြောင်မလေးတစ်ကောင်ပဲဖြစ်ပါတယ်။ သူမဟာ အကြီးကျယ်ဆုံးကြွက်ခုတ်သူအဖြစ်ဂင်းနစ်မှတ်တမ်းတင်ထားတဲ့ ကြောင်မလေးဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းတစ်လျှောက်မှာခုတ်ခဲ့တဲ့ ကြွက်အကောင်ရေဟာ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း (၂၈၈,၉၉) ကောင်ရှိခဲ့တယ်လို့သိရပါတယ်။ သူမရဲ့သက်တမ်းနဲ့တွက်ချက်ကြည့်မယ်ဆိုရင်တော့ တစ်နေ့ကို ကြွက် (၃) ကောင်နှုန်းနဲ့ ခုတ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Russell Cassevah

ဒီလူရဲ့ ဂင်းနစ်စံချိန်ကတော့ ကြံကြံဖန်ဖန်နိုင်လွန်းတယ်လို့ထင်ချင်စရာပါ။ ဘာလို့လည်းဆိုတော့သူက LEGO Bricks (LEGO အရုပ်ဆက်တဲ့ အတုံး) လေးတွေပေါ်မှာအကွာအဝေးအများဆုံးလမ်းလျှောက်ပြပြီး စံချန်တင်ထားတာကြောင့်ပါ။ သူလျှောက်နိုင်ခဲ့တဲ့အကွာအဝေးကတော့ (၂၉,၁၉၅) ပေ (၁၀.၃၉) လက်မဖြစ်ပါတယ်။ ဒီအတုံးလေးတွေပေါ်မှာကြာရှည်စွာလမ်းလျှောက်ဖို့ဆိုတာကလည်း လွယ်မလိုနဲ့ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ shwekhitonlinetv.com
၆။ Ashrita Furman

အသက် (၆၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား Ashrita Furman (Keith Furman) ကတော့ ခါးလှည့်ကွင်းကိုလှည့်ရင်း (၁) မိုင်အကွာအဝေးထိရောက်အောင်ပြေးနိုင်တဲ့သူဖြစ်ပါတယ်။ သူဟာ ဂင်းနစ်စံချိန်ပေါင်း (၆၀၀) ကျော်ကို စံချိန်တင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ စံချိန်ပေါင်း (၅၃၀) ကျော်ရဲ့ စံချိန်ရှင်အဖြစ်ရှိသေးတဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Hunter Ewen

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က လူငယ်လေးတစ်ဦးဖြစ်တဲ့ Hunter Ewen ကတော့ (၁) နာရီအတွင်း ပူပေါင်းအလုံးရေ (၉၁၀) လုံးမှုတ်ပြပြီးစံချိန်တင်ထားသူဖြစ်ပါတယ်။ ဒီစံချိန်ကိုယခင်ကတင်ထားသူက Ashrita Furman ဖြစ်ပြီး Hunter Ewen က (၂၀၁၅) မှာ စံချိန်ချိုးဖျက်ခဲ့တာလည်းဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ Hunter Ewen ကပုံမှန်လူတစ်ယောက်မဟုတ်ဘဲ Globophobia (ပူပေါင်းများကိုကြောက်သည့်ရောဂါ) ခံစားနေရသူတစ်ဦးဖြစ်နေတာပါ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။