Syracuse တက္ကသိုလ်က Sam Van Aken ဆိုတဲ့အနုပညာပါမောက္ခတစ်ဦးဟာ သစ်ပင်တစ်ပင်ရဲ့ အပေါ်မှာ အခြားသစ်ပင်တစ်ပင်ပေါက်နေတာကိုမြင်ပြီးတော့ အကြံဉာဏ်တစ်ခုရရှိခဲ့ပါတယ်။ အဲ့ဒီအကြံကတော့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဖရန်ကင်စတိန်း (Frankenstein) ထဲကလိုမျိုး ဖန်တီးမှုတစ်ခုပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် သူဖန်တီးမှာက ဒေါက်တာဗစ်တာဖရန်ကင်စတိန်း လိုမျိုးကြောက်မက်ဖွယ် သက်ရှိ Monster တစ်ကောင်တော့မဟုတ်ခဲ့ပါဘူး။ သစ်ပင်တစ်ပင်ကို မျိုးစိတ်မတူတဲ့အပင်ပေါင်းများစွာနဲ့ တွဲဖက်ပြီး အကိုင်းကူးဆက်စိုက်ပျိုးကြည့်ဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလိုနဲ့ပဲ Sam Van Aken ဟာ တူညီတဲ့ရာသီမှာ ပွင့်သီးနိုင်တဲ့ မျိုးကွဲအပင်ပေါင်း (၄၀) ကို ကိုင်းကူးကိုင်းဆက် နည်းနဲ့စိုက်ပျိုးခဲ့ပြီး သေချာစွာပြုစုပျိုးထောင်ခဲ့ပါတယ်။ shwekhitonlinetv.com

သူကိုင်းဆက်စိုက်ပျိုးခဲ့တဲ့ အပင်တွေကတော့ မက်မွန်၊ မက်မန်း၊ ချယ်ရီ၊ တရုတ်ဆီးသီး၊ ဆီးသီးစတဲ့ မျိုးရင်းတွေနဲ့ အနည်းငယ်ကွဲပြားတဲ့ မျိုးစိတ်ပေါင်း (၄၀) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီအပင်တွေအားလုံးဟာ ဆောင်းရာသီ သီးပွင့်ချိန်ရောက်ပြီဆိုလျှင်တော့ အရောင်အသွေးစုံ ပွင့်ဖတ်အစုံနဲ့ အလွန်ကြည့်လို့ကောင်းလွန်းတယ်လို့ သူ့ရဲ့အောင်မြင်မှုအပေါ်မှာ Sam Van Aken က ဂုဏ်ယူပီတိဖြစ်စွာနဲ့ ပြောကြားလဲ့ပါတယ်။ shwekhitonlinetv.com

အပင်တစ်ပင်တည်းကနေ မတူညီတဲ့ အသီး (၄၀) လောက်သီးပွင့်နေတဲ့ Sam Van Aken ရဲ့သစ်ပင်ကိုတော့ လူအများစုက မှော်သစ်ပင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ shwekhitonlinetv.com
Van Aken ဖန်တီးထားတဲ့သစ်ပင်များကိုတော့ အမေရိကန်နိုင်ငံ Arkansas၊ Kentucky၊ Maine၊ Massachusetts၊ New Jersey၊ New York နှင့် Pennsylvania တို့မှာအများအပြားတွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။