နှစ်စဉ် မေလရောက်တိုင်း တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုရှိပါတယ်။ အဲ့ဒီပြိုင်ပွဲကတော့ ရှီယန်ရေကန်မှာကျင်းပပြုလုပ်တဲ့ ဝက်ကလေးတွေ ဒိုင်ဗင်ပစ်တဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com

မေလရဲ့ ရက်သတ္တပတ်တိုင်းရဲ့ စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာ ကျင်းပပြုလုပ်တဲ့ ဝက်ဒိုင်ဗင် ပါဖောမန့်ပြိုင်ပွဲမှာတော့ ဝက်ကလေးတွေရဲ့ကိုယ်ပေါ်မှာ နံပါတ်တွေရေးပြီး ဒိုင်ဗင်စင်ပေါ်ကိုခေါ်ဆောင်သွားကာ ရေထဲကို ဒိုင်ဗင်ပစ်ချစေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပြိုင်ပွဲကိုနှစ်သက်သဘောကျတဲ့သူတွေရှိသလို အချို့ကလည်း ထပ်တလဲလဲ ဝက်ကလေးတွေကို အမြင့်ကနေ ရေထဲကို အတင်းအဓမ္မတွန်းချတာဟာ တိရိစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းရာရောက်တာကြောင့် ဒီပြိုင်ပွဲကို ပြစ်တင်ရှုတ်ချသူတွေလည်းရှိပါတယ်။ shwekhitonlinetv.com

ပြိုင်ပွဲကို စီစဉ်သူဖြစ်တဲ့ Shi Huang ကတော့ ကျွန်တော်တို့အနေနဲ့ ဒီဝက်ကလေးတွေကို အစားအသောက်ကောင်းကောင်းကျွေးပြီး ဂရုတစိုက်လေ့ကျင့်ပေးထားတာပါ။ ဒါကို ရက်စက်တယ်လို့မမြင်သင့်ပါဘူး။ ပြီးတော့ဝက်တွေကလည်း ရေကြိုက်တယ်လေလို့ဆိုပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်းကန့်ကွက်သူတွေကတော့ ဝက်တွေကိုဘုတ်ပြားပေါ်ကနေ တွန်းချတာဟာ ဒိုင်ဗင်ရှိုးမဟုတ်သလို၊ ပြိုင်ပွဲတစ်ခုလည်းမဟုတ်ကြောင်း၊ ဘယ်ဝက်အတွက်မှလည်း ဒါဟာ သဘာဝမကျကြောင်း အွန်လိုင်းမှာရေးသားကန့်ကွက်ခဲ့ပါတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိသတ်ကြီးအနေနဲ့ရော ဒီပြိုင်ပွဲက တိရိစ္ဆာန်တွေအပေါ် တရားမျှတမှုရှိတဲ့ ပြိုင်ပွဲတစ်ခု ဟုတ်မဟုတ်ဆိုတာ ဝေဖန်ပြောကြားပေးသွားကြပါဦးနော် ….. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။