ကမ္ဘာကြီးမှာမော်တော်ယာဉ်တွေဟာ လူဦးရေနဲ့အပြိုင် နေ့စဉ်နဲ့အမျှတိုးပွားလို့နေပါတယ်။ ဒါကြောင့်ယာဉ်ကြောပိတ်ဆို့မှုတွေဟာလည်း တစ်နေ့ထက်တစ်နေ့ပိုမိုပြီး ကြီးမားရှုပ်ထွေးလာပါတယ်။ ဒါဟာနေ့စဉ်ရုံးတက်နေရသူတွေအတွက်တော့ စိတ်ပျက်စရာအခြေအနေပါပဲ။ shwekhitonlinetv.com

အခုဖော်ပြမယ့်သတင်းကတော့ နေ့စဉ်ရုံးတက်နေရသူတွေကို စိတ်သက်သာရာရစေမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ်။ Air Taxi ဝန်ဆောင်မှုကို အနောက်နိုင်ငံတွေနဲ့ ဖွံဖြိုးပြီးနိုင်ငံအချို့မှာ မှာမကြာခင်စတင်တော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Joby Aviation ကုမ္ပဏီကတော့ သူတို့အနေနဲ့ Air Taxi ဝန်ဆောင်မှုလုပ်ငန်းကိုစတင်ရန် အသင့်ဖြစ်နေပြီး Federal Aviation Administration (FAA) ထံကနေ လိုအပ်တဲ့ ခွင့်ပြုချက် (၃) ခုကို လက်ခံရရှိထားကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်သူတို့အနေနဲ့မကြာခင်မှာ Air Taxi ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့်စတင်တော့မှာဖြစ်တယ်လို့ လည်းအသိပေးထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာပထမဆုံးအနေနဲ့ လူ (၅) ဦးဆံ့တဲ့လေယာဉ်တွေနဲ့တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့ Air Taxi ဝန်ဆောင်မှုမှာ အသုံးပြုမယ့်လေယာဉ်တွေကိုတော့ eVTOL လို့အမည်ပေးထားပြီး ပန်ကာ (၆) လုံးပါဝင်ကာ ဇိမ်ခံအပျော်စီးရဟတ်ယာဉ်တွေနဲ့အနည်းငယ်ဆင်တူပါတယ်။ ဒီလေယာဉ်လေးတွေဟာ တစ်နာရီကို (၃၂၁) ကီလိုမီတာနှုန်းနဲ့ပျံသန်းနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်သူတို့အနေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်များစွာ ကျန်ရှိနေသေးတာကြောင့် လတ်တလောမှာ လုပ်ငန်းစတင်ဖို့အနည်းငယ်နှောင့်နှေးကြန့်ကြာလျက်ရှိနေတယ်လို့ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။