ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ခရစ္စတီယာနိုရိုနယ်ဒို (Cristiano Ronaldo) ဟာ လူမှုကွန်ရက် App တစ်ခုဖြစ်တဲ့ Instagram မှာ ပထမဆုံး Followers သန်း (၄၅၀) ပြည့်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမာဆု (၅) ကြိမ်ရရှိထားတဲ့ ပေါ်တူဂီကြယ်ပွင့်ကစားသမားဟာ ဘောလုံးလောကမှလည်းစံချိန်ပေါင်းများစွာကိုတင်ရှိထားသူဖြစ်ပြီး အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်မှာပါ လွှမ်းမိုးမှုအရှိဆုံးသူတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ခရစ္စတီယာနိုရိုနယ်ဒိုရဲ့နေုက်မှာတော့ အမေရိကန်မော်ဒယ် ကိုင်လီဂျန်နာ (Kylie Jenner) က Followers (၃၄၄) သန်းနဲ့ ဒုတိယလိုက်နေပြီး၊ အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ်မက်ဆီ (Lionel Messi) ကတော့ Followers (၃၃၃) သန်းနဲ့ တတိယနေရာမှာရပ်တည်လို့နေပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့နောက်မှာတော့ Followers (၃၂၄) သန်းနဲ့ ဆယ်လီနာဂိုးမက်ဇ် (Salena Gomez)၊ Followers သန်း (၃၂၀) နဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) တို့ကအသီးသီးရပ်တည်လျှက်ရှိပါတယ်။ အခြားနာမည်ကျော် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှုးနေမာ (Neymar) ကတော့ Followers (၁၇၅) သန်းနဲ့ ဒီစာရင်းရဲ့ အဆင့် (၂၀) နေရာမှာသာရှိနေခဲ့ပါတယ်။ shwekhitonlinetv.com

ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ Followers အရေအတွက်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း (၂၀) စလုံးရဲ့ Followers အရေအတွက်ထက်တောင်အပြတ်အသတ်ပိုများနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀) စလုံးရဲ့ Followers စုစုပေါင်းဟာ သန်း (၂၆၀) သာရှိတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။