ရွှေခေတ်ပရိသတ်တွေအနေနဲ့ ကမ္ဘာကြီးရဲ့အလယ်ဗဟိုချက် (Center of the earth) တို့ အခေါင်းပွကမ္ဘာကြီးတို့ စသဖြင့်ထူးဆန်းတဲ့နေရာဒေသတွေကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ဝတ္ထုတွေထဲမှာ မြင်ဖူး၊ ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

ဒီ နေရာဒေသတွေဟာအပြင်မှာတစ်ကယ်ရှိ၊ မရှိဆိုတာကတော့ ဘယ်သူမှခိုင်လုံတဲ့သက်သေအထောက်အထားနဲ့ ပြသနိုင်ခြင်းမရှိဘဲ ဒဏ္ဍာရီဆန်ဆန် ယုံတမ်းစကားမျိုးအဖြစ်သာ အားလုံးက ယေဘူယျသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါပေမယ့် မကြာသေးတဲ့ကာလကတော့ အန္တာတိကတိုက်ရဲ့ ကြီးမားတဲ့ရေခဲပြင်တွေအောက်မှာ ထူးခြားတဲ့သက်ရှိတွေရှိနေနိုင်တဲ့ သီးခြားနေရာတစ်ခုကို သိပ္ပံပညာရှင်တွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်တာနက်ပေါ်မှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီသိပ္ပံပညာရှင်အဖွဲ့ကတော့ WISSARD (Whillans Ice Subglacial Access Research Drilling) ပရောဂျက်ကို လုပ်ကိုင်နေတဲ့အဖွဲ့ဖြစ်ပြီးတော့ ရေခဲပြင်တွေရဲ့အောက် ပေ (၂၇၀၀) အကွာမှာ ကျယ်ဝန်းတဲ့ နေရာသစ်တစ်ခုကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
Whillans Ice Subglacial Access Research Drilling ပရောဂျက်ကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကို ဆန်းစစ်ဖို့နဲ့ လူသားသမိုင်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုရှာဖွေဖို့အတွက် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းကနေ တရားဝင်တာဝန်ပေးအပ်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ ကျယ်ပြန့်တဲ့ ရေခဲပြင်အောက်ကနေရာတွေကို လိုက်လံ Scan ဖတ်ရှုခြင်းတွေကိုပြုလုပ်နေကြပြီး အခြားသက်ရှိတွေကိုတော့ မတွေ့ရသေးဘူးလို့သိရပါတယ်။ ဒီတွေ့ရှိမှုဟာ Hollow Earth သီအိုရီကို မှန်ကန်ကြောင်းသက်သေပြရာရောက်နိုင်တယ်လို့ အချို့ကဆိုကြပါတယ်။ shwekhitonlinetv.com
တစ်ကယ်လို့များ Hollow Earth သီအိုရီသာ အလုံးစုံမှန်ကန်ခဲ့ရင် ဒီအဖွဲ့အနေနဲ့ မကြာခင်မှာ ဂြိုလ်သားတွေ၊ ပုံမှန်မဟုတ်တဲ့ တွားသွားသတ္တဝါတွေ ဒါမှမဟုတ် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်ပြီး ဖြစ်တည်နေတဲ့ လူသားမျိုးစိတ်တွေကို တွေ့ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ WISSARD ပရောဂျက်အနေနဲ့ ရှာဖွေတူးဖော်မှုတွေကို ပိုမိုအားစိုက်လုပ်ကိုင်နေကြပြီး လူသားသမိုင်းမှာ မှတ်တိုင်ထူရလောက်မယ့် ရှာဖွေတွေ့ရှိမှုမျိုးကို မျှော်လင့်နေကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။