ကမ္ဘာပေါ်မှာ ကိုယ်တွေးထင်ထားတာတွေနဲ့ တလွဲဖြစ်နေပြီး အံ့သြဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အကြောင်းအရာပေါင်းများစွာ ရှိလို့နေပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်စေမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အရွယ်မရောက်သေးတဲ့ လင်းယုန်တကောင်ရဲ့ လက်သည်း

ပုံမှာတွေ့မြင်ရတဲ့ လက်သည်းတွေကတော့ အရွယ်မရောက်သေးတဲ့ လင်းယုန်ငှက်တကောင်ရဲ့ လက်သည်းတွေပဲ ဖြစ်ပါတယ်။ အမြင့်တနေရာကနေ သားကောင်ငယ်တွေကို သုတ်ချီနိုင်ဖို့အတွက် သူတို့ရဲ့ လက်သည်းတွေဟာ ကြီးမားပြီး ထက်မြက်နေတာပါ။ လူတယောက်ရဲ့ လက်သီးစုတ်မက ရှိတာကြောင့် သားကောင်ငယ်လေးတွေကို လွယ်လင့်တကူ ဖမ်းယူနိုင်ပါတယ်။ shwekhitonlinetv.com
၂။ မြင်းရဲ့အဆုတ်

မြင်းတကောင်ရဲ့ အဆုတ်ကတော့ ပုံမှာတွေ့မြင်ရတဲ့အတိုင်း ကြီးမားလှပါတယ်။ ဒါ့ကြောင့် မြင်းတွေဟာ အမောအပန်းခံနိုင်ကာ သက်လုံကောင်းကြပါတယ်။ shwekhitonlinetv.com
၃။ မံမီရဲ့ နိုင်ငံကူးလက်မှတ်

မံမီလို့ ခေါ်ကြတဲ့ ကြပ်စည်းထားတဲ့ အလောင်းကောင်မှာ နိုင်ငံကူးလက်မှတ်ရှိတယ်ဆိုရင်တော့ အားလုံးအံ့သြကြမယ် ထင်ပါတယ်။ သေလွန်ပြီး နှစ်ပေါင်း ၃ ထောင်နီးပါးရှိပြီဖြစ်တဲ့ Pharaoh Ramesses II ရဲ့ မံမီအလောင်းကောင်ကို ၁၉၇၄ ခုနှစ်မှာ အီဂျစ်နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါအလောင်းကောင်ကို အီဂျစ်နိုင်ငံကနေ ပဲရစ်ကို လေယာဥ်နဲ့ သယ်ဆောင်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ လေပေါ်ဝဲနေတဲ့ ခက်ရင်းနဲ့ခေါက်ဆွဲ

အနှုတ် ၆၀ ဒီဂရီအောက်မှာ ခေါက်ဆွဲစားမယ်ဆိုရင်တော့ မြန်မြန်စားနိုင်မှ ဖြစ်မှာပါ။ မဟုတ်ရင်တော့ ပုံထဲကအတိုင်း ခေါက်ဆွဲတွေ လေထဲမှာဝဲသလို အေးခဲကုန်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ တလုံးချင်းရောင်းတဲ့ စပျစ်သီး

စပျစ်သီးကို တလုံးချင်းရောင်းတဲ့ နိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့အတိုင်း စပျစ်သီးတလုံးချင်းကို ပလပ်စတစ်ဘူးခွံနဲ့ တခုချင်းရောင်းချနေတာကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၆။ အရက်မူးသမားများအတွက် လက်ဆေးကန်

သာမန်တွေ့နေကျ လက်ဆေးကန်တွေနဲ့ မတူတဲ့ လက်ဆေးကန်ကို တွေ့မြင်ရမှာပါ။ ရေပိုက်ခေါင်းရဲ့ ဘေးတဖက်တချက်မှာ လက်ကိုင်တန်းတွေ ထားပေးထားတာပါတယ်။ ဘာလို့လဲဆိုတော့ အရက်မူးနေတဲ့သူတွေ လက်ဆေးကန်အသုံးပြုတဲ့အခါ လဲကျမသွားစေဖို့အတွက် လက်ကိုင်ဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ သမင်ဖြူ

ပုံမှာတွေ့မြင်ရတဲ့ အဖြူရောင်သမင်လေးကတော့ Albino ( အယ်လ်ဘီနို ) ရောဂါခံစားနေရတဲ့ သမင်လေးပဲ ဖြစ်ပါတယ်။ တခြားအကောင်တွေနဲ့ ကွာခြားပြီး အဖြူရောင်ဖြစ်နေတာကြောင့် သားကောင်ကြီးတွေနဲ့ အမဲလိုက်မုဆိုးတွေရဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ shwekhitonlinetv.com
၈။ အကြီးမားဆုံးဖရုံသီး

မြောက်အမေရိကမှာ အကြီးမားဆုံးစံချိန်တင်ခဲ့တဲ့ ဖရုံသီးကြီးပဲ ဖြစ်ပါတယ်။ ယောကျ်ားကြီးတယောက်တောင် မဖို့မလွယ်တဲ့ ဒီဖရုံသီးကြီးကတော့ တကယ့်ကို သဘာဝကိုလွန်ဆန်ပြီး တည်ရှိနေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ၂၂ပေါင်လေးတဲ့ မုန်လာဥကြီး

ပုံမှာတွေ့မြင်ရတာကတော့ ၂၂ ပေါင်လေးတဲ့ မုန်လာဥကြီး ဖြစ်ပါတယ်။ မုန်လာဥကြီးဟာ ကြီးမားလွန်းတာကြောင့် လက်နှစ်ဖက်နဲ့ သေချာပွေ့ထားမှ ရမှာပါနော်။ shwekhitonlinetv.com
၁၀။ မြေကြီးထဲက ကြယ်သီးများ

မြေကျင်းတူးရင်းနဲ့ ကြယ်သီးပေါင်းရာချီပြီး တွေ့ရမယ်ဆိုရင်တော့ ဒါဟာ တော်တော်ကို အံ့သြစရာ ဖြစ်လို့နေပါပြီ။ ပုံမှာ တွေ့မြင်ရတာကတော့ မြေကြီးထဲမှာ နစ်မြုပ်နေတဲ့ ကြယ်သီးတွေကို တူးဖော်တွေ့ရှိခဲ့တာပါ။ ဘယ်လိုလူက ကြယ်သီးပေါင်းရာနဲ့ချီပြီး စွန့်ပြစ်ခဲ့လဲဆိုတာကတော့ တွေးစရာပါပဲနော်။ shwekhitonlinetv.com
၁၁။ မီးသင့်ကျောက်နဲ့ ပြုလုပ်ထားတဲ့ လက်ဆေးကန်

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ သာမန်လက်ဆေးကန်အငယ်လေးအဖြစ် တွေးမိကြမှာပါ။ ဒါပေမဲ့ အဆိုပါလက်ဆေးကန်ကို မီးတောင်ကရတဲ့ မီးသင့်ကျောက်နဲ့ ပြုလုပ်ထားတဲ့ လက်ဆေးကန်ပဲ ဖြစ်ပါတယ်။ မီးတောင်ကရတဲ့ မီးသင့်ကျောက်ဟာ အလွယ်တကူမရနိုင်တာကြောင့် ဒီလက်ဆေးကန်လေးဟာလည်း တန်ဖိုးကြီးတခုအဖြစ် တည်ရှိနေပါတယ်။ shwekhitonlinetv.com
၁၂။ မျက်စိမမြင်သူများအတွက် ကမ္ဘာလုံး

မျက်စိမမြင်နိုင်သူများလည်း ကမ္ဘာကြီးကို လေ့လာနိုင်ဖို့အတွက် တီထွင်ထားတဲ့ ကမ္ဘာလုံးပုံစံပဲ ဖြစ်ပါတယ်။ မျက်စိမမြင်တဲ့သူများ ဖတ်ရှုနိုင်ဖို့အတွက် စာရေးထားတာကြောင့် ဒီကမ္ဘာလုံးတီထွင်တဲ့သူကတော့ မျက်စိမမြင်တဲ့သူတွေအတွက် စဥ်းစားပေးနိုင်တဲ့သူပါပဲနော်။ shwekhitonlinetv.com
၁၃။ အမှိုက်ထဲကနေ ရှာတွေ့ခဲ့တဲ့ ပိုက်ဆံများ

ကမ္ဘာ့ကံအကောင်းဆုံး အမှိုက်သိမ်းတဲ့သူလို့ ပြောရလောက်တဲ့အထိ ကံကောင်းခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ ထိုသူကတော့ အမှိုက်တွေထဲကနေ ငွေသား ဒေါ်လာ ၅သိန်းကို ရှာတွေ့ခဲ့တာပါ။ ထီမထိုးပဲ ထီပေါက်သလိုပါပဲနော်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။