အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အော်ရီဂွန်ကမ်းရိုးတန်းမှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အလွန်လှပတဲ့ ရောင်စုံငါးကြီးတစ်ကောင်ဟာ ကမ်းခြေမှာသောင်တင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ shwekhitonlinetv.com

အလေးချိန် ပေါင် ၁၀၀ (၄၅ ကီလိုဂရမ်) လောက်ရှိတဲ့ ဒီငါးကြီးကိုတော့ Opah Fish လို့ခေါ်ဆိုကြပြီး အချို့ကတော့ Moon Fish လို့လည်းခေါ်ဆိုကြပါတယ်။ shwekhitonlinetv.com
ဒီလိုလှပတဲ့ Opah ငါးတစ်ကောင်လာသောင်တင်နေတာဟာ အလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အော်ရီဂွန်ကမ်းခြေရှိ Seaside Aquarium မှ ပညာရှင်တစ်ဦးကဆိုပါတယ်။ shwekhitonlinetv.com

Seaside Aquarium ရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ Keith Chandler ကတော့ “အော်ရီဂွန်ကမ်းရိုးတန်းမှာ Opah Fish တွေရေစီးနဲ့မျောလာပြီးသောင်တင်တက်ကြတာဟာ အထူးအဆန်းကိစ္စတစ်ခုမဟုတ်ပေမယ့် ဒီလိုလှပပြီး ကြီးမားတဲ့ Opah Fish ကတော့ ကျွန်တော့်တစ်သက်မှာ အခုတစ်ခါပဲမြင်ဖူးသေးတာပါ” လို့ CNN သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com
National Oceanic and Atmospheric Administration (NOAA) ၏ အဆိုအရတော့ Opah Fish မျိုးစိတ်အများစုဟာ သမုဒ္ဒရာထဲ ရေနက်ပိုင်းတွေမှာသာနေထိုင်တက်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အချို့မျိုးစိတ်အနည်းငယ်ကတော့ သမပိုင်းနဲ့ အပူပိုင်း ရေပြင်တွေမှာ တွေ့ရတက်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

NOAA ၏ အဆိုအရတော့ အခုတွေ့ရှိရတဲ့ Opah Fish ဟာ ပုံမှန်မဟုတ်တဲ့ အရောင်အဆင်းပုံသဏ္ဍာန်ရှိနေတယ်လို့သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ Opah Fish တွေဟာ ပုံမှန်အားဖြင့် ငွေရောင် (သို့မဟုတ်) မီးခိုးရောင် ကိုယ်ထည်တွေပဲ ရှိကြလို့ဖြစ်ပါတယ်။ shwekhitonlinetv.com
ငါးပြတိုက် မန်နေဂျာ Chandler အနေနဲ့ ဒီငါးကြီးကို ပြတိုက်မှာ မွေးမြူပြသထားချင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီငါးကြီးက မျောပါလာကတည်းက အသက်မရှိတော့တာဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်မှာတော့ သူ့ရဲ့မျိုးဗီဇကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ အသေးစိတ်လေ့လာမှုတွေပြုလုပ် နေကြကြောင်းဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။