ဇာတ်ကောင်စရိုက်နဲ့ ထပ်တူကျနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုဟာ သရုပ်ဆောင်တွေအတွက် အရမ်းကို အရေးကြီးပါတယ်။ ဇာတ်ကောင်စရိုက်နဲ့ ထပ်တူကျတဲ့ ခန္ဓာကိုယ်ကို ကြိုးစားပြောင်းလဲနိုင်ခဲ့တဲ့ အမျိုးသားသရုပ်ဆောင်များကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Zac Efron

ငယ်စဥ်ဘဝ ဆယ်ကျော်သက်ကတည်းက သရုပ်ဆောင်ဖြစ်လာခဲ့သူ Zac Efron ရဲ့ ငယ်ရုပ်လေးကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ဆယ်ကျော်သက်ဘဝက ပိန်လွန်းတဲ့ ခန္ဓာကိုယ်ရှိခဲ့တဲ့ Zac Efron ဟာ အခုချိန်မှာတော့ ကြီးမားတဲ့ အပြောင်းအလဲကို ပရိတ်သတ်တွေထံ ချပြနိုင်ခဲ့ပါပြီ။ Baywatch ဇာတ်လမ်းထဲက ဇာတ်ကောင်စရိုက်နဲ့ ထပ်တူကျနိုင်ဖို့အတွက် ခန္ဓာကိုယ်ပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Chris Pratt

Chris Pratt ကတော့ သူ့ရဲ့ ဘီယာဗိုက်ကို အချိန် ၆ လအတွင်းမှာပဲ ပြောင်းလဲနိုင်ခဲ့သူပါ။ နှစ်ဝက်အတွင်းမှာ ပေါင်ချိန် ၆၀ ကျော်အထိ ချနိုင်ခဲ့ပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိခဲ့ပါတယ်။ Guardians of the Galaxy နဲ့ Jurassic World ဇာတ်ကားများမှာ ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီမှုရှိဖို့အတွက် အပြောင်းအလဲ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Paul Rudd

အက်ရှင်ဇာတ်လမ်းကောင်းတွေအတွက် အသက်တမျှ အရေးပါတဲ့ အရာကတော့ ဇာတ်လိုက်မင်းသားရဲ့ အသွင်အပြင်နဲ့ သရုပ်ဆောင်စွမ်းရည်ပဲ ဖြစ်ပါတယ်။ Paul Rudd ကတော့ နာမည်ကျော် Ant-Man ဇာတ်လမ်းမှာ ပါဝင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ပြောင်းလဲခဲ့ရပါတယ်။ ဇာတ်ကောင်စရိုက်နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့အတွက် Paul Rudd ဟာ တနှစ်ပတ်လုံး တရက်မပြတ် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၄။ Mark Wahlberg

Wahlberg ကတော့ Pain & Gain ဇာတ်လမ်းမှာ သရုပ်ဆောင်နိုင်ဖို့အတွက် အချိန် ၂ လအတွင်း ပြင်ဆင်ခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာ တွဲဖက်သရုပ်ဆောင်မယ့် Dwayne Johnson ( The Rock ) ရဲ့ ခန္ဓာကိုယ်ကို အမှီလိုက်နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Wahlberg ဟာ ပေါင်ချိန် ၁၆၅ ပေါင်ကနေ ဇာတ်ကောင်စရိုက်အတွက် ကိုယ်အလေးချိန်ကို ပေါင် ၂၁၀ ထိ တင်နိုင်ခဲ့သူပါ။ သူ့ရဲ့ ကြိုးစားမှုရလဒ်ကိုတော့ ဇာတ်လမ်းထဲမှာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com
၅။ Chris Evans

စူပါဟီးရိုးဇာတ်ကားတွေ ရိုက်လေ့ရှိတဲ့ Chris Evans အတွက်ကတော့ ခန္ဓာကိုယ်ပြောင်းလဲမှု ကြီးကြီးမားမားလုပ်ဆောင်ဖို့ မလိုအပ်ခဲ့ပါဘူး။ ဒါပေမဲ့ Captain America ဇာတ်ကောင်စရိုက်အတွက် ခန္ဓာကိုယ်ကို အရင်ကထက် ကြံ့ခိုင်ကျစ်လစ်ဖို့အတွက် ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးနေစဥ်အတွင်းမှာလည်း ကြွက်သားတွေ ကြီးထွားနေဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ မျှတစွာစားသောက်ခြင်းကို အဆက်မပြတ် လုပ်ဆောင်ခဲ့ရပါတယ်။ shwekhitonlinetv.com
၆။ Ryan Reynolds

Deadpool ဇာတ်ကားမှာ ဇာတ်ကောင်ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်ဖို့အတွက် မင်းသား Ryan Reynolds ကတော့ အပြင်းအထန် ကြိုးစားခဲ့ရပါတယ်။ နေ့စဥ်နေ့တိုင်း မနက်စောစောထကာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ရတဲ့အပြင် ကြွက်သားထုတက်ဖို့အတွက် အစားအစာကို ဂရုတစိုက်စားသောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၇။ Kevin Hart

ဟာသမင်းသားတဦးဖြစ်တဲ့ Kevin Hart ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာဖို့အတွက် အပြင်းအထန် လေ့ကျင့်ခဲ့သူတဦးဖြစ်ပါတယ်။ မစုတ်မနစ်ကြိုးစားမှုကြောင့် Kevin Hart ရဲ့ ခန္ဓာကိုယ်ဟာ မာရသွန်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နိုင်တဲ့အထိ သန်မာလာခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Jake Gyllenhaal

Southpaw ဇာတ်လမ်းရဲ့ ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီမှုရှိဖို့အတွက် Jake Gyllenhaal ဟာ အပြင်းအထန်လေ့ကျင့်ခဲ့ရပါတယ်။ တနေ့မှာ ၃ နာရီကနေ ၆ နာရီအထိ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ဆောင်ခဲ့တာကြောင့် လိုချင်တဲ့ ခန္ဓာကိုယ်ကို ရရှိခဲ့ပါတယ်။ စိတ်မကောင်းစရာတခုကတော့ အဲ့ဒီလို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာကြောင့် သူ့ရဲ့ ချစ်သူနဲ့ လမ်းခွဲပြတ်စဲခဲ့ရပါတယ်။ shwekhitonlinetv.com
၉။ Hugh Jackman

Hugh Jackman ဟာ Wolverine ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီမှုရှိဖို့အတွက် ပြင်းပြင်းထန်ထန် ဝိတ်ချခဲ့ရပါတယ်။ ဇာတ်လမ်းရိုက်ကူးနေစဥ်တလျှောက်လုံးမှာလည်း ကယ်လိုရီမြင့်မားတဲ့ အစားအစာများကိုသာ စားသုံးခဲ့ပါတယ်။ ဒါ့အပြင် အရက်သောက်သုံးခြင်းနဲ့ သကြားပါဝင်တဲ့ အစားအစာ စားသုံးခြင်းကို ရှောင်ကျဥ်ခဲ့ရပါသေးတယ်။ ဇာတ်ကောင်အတွက် သရုပ်ဆောင်နေစဥ်မှာလည်း တရက်လုံး ဒါမှမဟုတ် အချိန်အတော်ကြာတဲ့အထိ ရေမသောက်ပဲ ရိုက်ကူးခဲ့ပါတယ်။ ဒါ့ကြောင့် မင်းသား Hugh Jackman ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများကို လျင်မြန်စွာရိုက်ကူးပေးခဲ့ရပါတယ်။ shwekhitonlinetv.com
၁၀။ J. K. Simmons

Terminator Genisys နဲ့ Justice League ဇာတ်ကားများမှာ ပါဝင်နိုင်ဖို့အတွက် J. K. Simmons ဟာ ကျန်းမာပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိဖို့ ကြိုးစားခဲ့ရပါတယ်။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးအတွက် သူများတွေထက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပေမယ့် ပြင်းထန်တဲ့ စိတ်ခွန်အားကြောင့် ဒီလို ခန္ဓာကိုယ်ရရှိနိုင်ခဲ့တာလို့ ဆိုပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။