ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဆိုတာကလည်း လူတွေထဲက လူတွေပဲဖြစ်ကြပါတယ်။ ဒါကြောင့်လည်းသူတို့ဟာ သာမန်လူတွေလိုပဲ ရူးသွပ်မှု၊ အယူသီးမှု၊ အစွဲအလန်းကြီးမှု စတာတွေကိုယ်စီရှိနေကြပါတယ်။ အခုတစ်ခေါက်မှာတော့ ထူးခြားတဲ့အလေ့အထတွေကို ပြုမူတက်တဲ့ ကမ္ဘာကျော် ဆယ်လီတွေရဲ့ အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ ကင်မရွန်းဒိုင်ယာ့ဇ်

ကမ္ဘာကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ကင်မရွန်းဒိုင်ယာ့ဇ်ကတော့ တံခါးတွေကို အမြဲတမ်းလိုလို တံတောင်ဆစ်သုံးပြီးဖွင့်တဲ့ အလေ့အထကိုစွဲလန်းနေသူတစ်ဦးဖြစ်ပါတယ်။ ဒါဟာတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ဘက်တီးရီးယားတွေမပြန့်ပွားအောင်၊ မကူးစက်အောင် ထိန်းသိမ်းရာတော့ရောက်ပါတယ်။ shwekhitonlinetv.com
၂။ အိန်ဂျလီနာဂျိုလီ

ပရဟိတမင်းသမီးတစ်ဦးလို့လူသိများတဲ့ အိန်ဂျလီနာဂျိုလီကတော့ ပိုးကောင်တွေ အင်းဆက်တွေကို စားသုံးရတာကျေနပ်နှစ်သက်သူတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေမှာ ပရိုတိန်းတွေပြည့်ဝစွာပါဝင်နေလို့ စားတာဖြစ်ကြောင်း သူမကရှင်းပြပါတယ်။ shwekhitonlinetv.com
၃။ အီမီနမ်

နာမည်ကျော်ရက်ပါတစ်ဦးဖြစ်တဲ့ အီမီနမ်ကတော့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့ အမူအကျင့်ရှိသူဖြစ်ပါတယ်။ သူကလုံးဝမှောင်ပိတ်နေတဲ့ အခန်းထဲမှာသာအိပ်စက်တက်တဲ့သူဖြစ်ပါတယ်။ တစ်ခါတစ်ရံဟိုတယ်တွေမှာအိပ်ရင်တောင်မှ ပြတင်းတံခါးတွေကိုသေချာစွာ အလင်းမဝင်အောင်ပိတ်ပေးဖို့ တောင်းဆိုတက်ပါတယ်။ shwekhitonlinetv.com
၄။ ဂျွန်နီဒပ်

နာမည်ကျော်မင်းသားကြီး ဂျွန်နီဒပ်ရဲ့ထူးထူးခြားခြားအမူအကျင့်တစ်ခုကို သင်သိရင်တော့ရယ်မိမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒပ်က ဘာဘီအရုပ်မတွေနဲ့ ဆော့ကစားရတာကို နှစ်သက်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်နေလို့ပါ။ shwekhitonlinetv.com
၅။ မာရီယာကာရေး

R&B Queen လို့တင်စားခေါ်ဝေါ်ရတဲ့ မာရီယာကာရေးရဲ့ ထူးဆန်းတဲ့အမူအကျင့်ကလည်း အတော်လေးအံ့အားသင့်စရာကောင်းလှပါတယ်။ သူမစာ တစ်နေ့ကို (၁၅) နာရီလောက်အထိတောင် အိပ်စက်တက်တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ကိုယ်ခန္ဓာအလေးတိုးလာတာဟာ ဒီလိုအိပ်စက်ခြင်းနဲ့ ဆက်စပ်နေမလားလို့တွေးစရာပါပဲ။ shwekhitonlinetv.com
၆။ မီဂန်ဖောက်

နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့မီဂန်ဖောက်ကတော့ လေယာဉ်စီးတဲ့အခါတိုင်း ဘရစ်တနီစပီးယားရဲ့ သီချင်းတွေကိုနားထောင်လေ့ရှိပါတယ်။ ဒါက မသိရင်တော့ သာမန်ကိစ္စတစ်ခုလို့ထင်ရပေမယ့် မီဂန်အတွက်တော့ ဘရစ်တနီရဲ့သီချင်းတွေကို လေယာဉ်စီးတိုင်းနားထောင်ရတဲ့ အကြောင်းအရင်းရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘရစ်တနီရဲ့သီချင်းတွေကိုနားထောင်ခြင်းက သူမကိုဘေးကင်းစေတယ်လို့ ယုံကြည်နေလို့ပါပဲ။ shwekhitonlinetv.com
၇။ လေဒီဂါဂါ

ထူးထူးခြားခြားဖက်ရှင်အဆန်းတွေဝတ်ဆင်ပြတက်တဲ့ အဆိုတော်လေဒီဂါဂါကတော့ တရားထိုင်ရတာကို ကြိုက်နှစ်သက်လို့ နေ့တိုင်းနီးပါးတရားထိုင်တက်တယ်လို့သိရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ တရားထိုင်ရင်း အိပ်ပျော်နေတက်သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဆိုင်မွန်ကော်ဝဲလ်

American Idol , X Factor ,Got Talents စတဲ့ပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ ဆိုင်မွန်ကော်ဝဲလ်ရဲ့ ဝါသနာနဲ့ အလေ့အကျင့်တစ်ခုကလည်း သင့်ကိုအတော်လေး အံ့သြမှင်သက်သွားစေနိုင်ပါတယ်။ သူကသစ်ပင်တက်ရတာကိုနှစ်သက်သဘောကျတဲ့သူတစ်ဦးဖြစ်ပြီးတော့ နေ့စဉ်သစ်ပင်တစ်ပင်ပင်ကို တက်လေ့ရှိတယ်လို့ နီးစပ်သူတွေရဲ့အဆိုအရသိရှိရပါတယ်။ shwekhitonlinetv.com
၉။ ပဲရစ်ဟီလ်တန်

ကျော်ကြားတဲ့မော်ဒယ်မလေးတစ်ဦးဖြစ်တဲ့ ပဲရစ်ဟီလ်တန်ကတော့ နေ့စဉ်နေ့တိုင်း ၁၁ နာရီ ၁၁ မိနစ်ရောက်တဲ့ အချိန်တိုင်းမှာ တစ်စုံတစ်ရာကို ဆုတောင်းမှုပြုလုပ်တက်တဲ့သူဖြစ်ပါတယ်။ ဘာကြောင့်ဒီအချိန်ကိုရွေးပြီးဆုတောင်းမှုပြုသလဲဆိုတာ သေချာမသိရပေမယ့် သူမရဲ့ အပြုအမူကတော့ ထူးဆန်းလွန်းတာအမှန်ပါပဲ။ shwekhitonlinetv.com
၁၀။ ကက်သရင်းဇီတာဂျုံး

ဗြိတိန်မင်းသမီးတစ်ဦးဖြစ်တဲ့ ကက်သရင်းဇီတာဂျုံးကတော့ နေ့စဉ်သူမရဲ့သွားတွေကို စတော်ဘယ်ရီသီးနဲ့တိုက်လေ့ရှိသူဖြစ်ပါတယ်။ ဒီလိုပြုမူခြင်းက သူမရဲ့သွားတွေကိုပိုမိုဖြူစင်စေတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။