မက်စီကိုနိုင်ငံ San Pedro Huamelula မြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ Victor Hugo Sosa ဟာ မိကျောင်းတကောင်ကို သတို့သမီးလို ဝတ်ဆင်ပေးပြီး လက်ထပ်ယူခဲ့ပါတယ်။ ကြွယ်ဝချမ်းသာမှုတွေ ယူဆောင်လာနိုင်ဖို့အတွက် အခုလို လက်ထပ်ရခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ shwekhitonlinetv.com

မြို့တော်ဝန်ဟာ အသက် ၇ နှစ်အရွယ်ရှိ အဆိုပါ မိကျောင်းကို အနမ်းပေးကာ အတူကခုန်ပြီး ရိုးရာအခမ်းအနားကျင်းပခဲ့ပါတယ်။ ဒါဟာ သဘာဝတရားရဲ့ ဆုလာဘ်ကို ရရှိနိုင်ဖို့အတွက် ဆုတောင်းသူတယောက်အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

နှုတ်ခမ်းကို ကြိုးနဲ့ပတ်ချည်ခံထားရတဲ့ သတို့သမီးမိကျောင်းဟာ သဘာဝတရားကြီးရဲ့ နတ်သမီးအဖြစ် ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။ ဒီရိုးရာမင်္ဂလာဆောင်ဟာ မမြင်ရတဲ့ နံလောကတခုနဲ့ လူသားတွေကြား ချိတ်ဆက်မှု အမှတ်သင်္ကေတ တခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သတို့သမီးဖြစ်သူ မိကျောင်းကို ပွေ့ဖက်သယ်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ စီတန်းလှည့်လည်နေစဥ်အတွင်း ခရာမှုတ်ခဲ့ကြပြီး ဒေသခံတွေဟာ သူတို့ရဲ့ လက်မောင်းထဲမှာ သတို့သမီးဖြစ်သူ မိကျောင်းကို ပွေ့ဖက်ထားကြပါတယ်။ ထို့နောက်မှာတော့ သူတို့ရဲ့ ဦးထုပ်နဲ့ မိကျောင်းကို အရိုအသေပေးခဲ့ကြပါတယ်။ shwekhitonlinetv.com

မိကျောင်းတို့ရဲ့ ခေါင်းကိုင်မိခင်ကြီး Elia Edith Aguilar ဆိုတဲ့ အမျိုးသမီးက ဦးဆောင်ကာ ဒီမင်္ဂလာပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိကျောင်းဝတ်ဆင်ဖို့အတွက် မင်္ဂလာပွဲဝတ်စုံကို သေချာရွေးချယ်ခဲ့ရတယ်လို့ သူမက ပြောပါတယ်။ ” ဒါဟာ သိပ်ကိုလှပတဲ့ ရိုးရာမင်္ဂလာပွဲဖြစ်ပြီး အခုလိုကျင်းပနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာတယ်။ ကျွန်မကို အရမ်းကို ဂုဏ်ယူစေတယ် ” လို့ သူမက ဆိုပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။