ရွှေခေတ်ပရိသတ်တွေကိုအခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ အလွန်အံ့သြစရာကောင်းလောက်အောင် တိုက်ဆိုင်လွန်းလှသလို ရယ်စရာလည်းကောင်းလှတဲ့ ဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ တစ်ပုံချင်းစီကြည့်ပေးကြပါဦးနော် ….. shwekhitonlinetv.com
၁။ ဒီပုံမှာတော့ တိုက်ဆိုင်စွာနဲ့ပဲ သတင်းကြေညာသူရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဓားပြနဲ့သွားပြီးချွတ်စွတ်တူနေတာပဲဖြစ်ပါတယ်။ တစ်ကယ် ဓားပြတိုက်ခဲ့တာက သူများဖြစ်နေမလား စဉ်းစားစရာပါပဲ။ shwekhitonlinetv.com

၂။ ဒီ ဘတ်စ်ကားပေါ်မှာပါလာတဲ့ အဖိုးအိုကတော့ Lord of the ring , Hobbit ဇာတ်ကားတွေထဲမှာပါတဲ့ မှော်ဆရာကြီး Gandalf နဲ့ တထေရာတည်းတူလွန်းနေပါတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူ့ရဲ့အနောက် တစ်ခုံကျော်မှာ သူနဲ့ရုပ်ချင်းတူတဲ့သူနောက်တစ်ယောက်ပါလာတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီလူရဲ့ဖက်ရှင်ကတော့ တစ်ကယ့်ကိုအလန်းစားပါပဲ။ ဒါပေမယ့် အခုလိုလမ်းပြင်တဲ့နားကနေဖြတ်သွားတော့ သူ့ဖက်ရှင်က ရယ်စရာဟာသတစ်ခုဖြစ်သွားခဲ့ရပါတယ်။ shwekhitonlinetv.com

၄။ ဘီကီနီကြော်ငြာက အခုလိုဆိုတော့ပိုပြီး အသက်ဝင်သွားတာပေါ့။ shwekhitonlinetv.com

၅။ ရထားပေါ်မှာ အမျိုးသမီးတစ်ဦးကလက်သည်းကိုကိုက်နေပါတယ်။ သူ့နံဘေးကအမျိုးသမီးဖတ်နေတဲ့ သတင်းစာရဲ့ မျက်နှာဖုံးက ခေါင်းကြီးပိုင်းသတင်းကလည်း တိုက်ဆိုင်စွာနဲ့ပဲ လက်သည်းကိုက်ခြင်းကြောင့် သေဆုံးရတဲ့အကြောင်းဖြစ်နေပါတယ်။ shwekhitonlinetv.com

၆။ ဒီလူကတော့ ဒီဆိုင်ကဖက်ရှင်ကြော်ငြာဒီဇိုင်းနဲ့တစ်ထပ်တည်းကျအောင် တမင်ပဲဝတ်လာတာလား မတော်တဆပဲတိုက်ဆိုင်သွားသလား မဆိုနိုင်ပါဘူး။ shwekhitonlinetv.com

၇။ ဒီအခင်းကော်ဇောတွေကို သေချာမကြည့်ရင်တော့ ဒီပေါ်မှာရှိနေတဲ့ကြောင်လေးတွေကို တက်နင်းမိမှာပါ။ shwekhitonlinetv.com

၈။ Rainbow ဆိုတဲ့မီနီမတ်ရဲ့ အပေါ်တည့်တည့်မှာ သက်တန့်ကြီးဖြစ်ပေါ်နေတာကလည်း ထူးထူးခြားခြားတိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမှာပါ။ shwekhitonlinetv.com

၉။ ဒီအမြွှာပူးနှစ်တွဲက တိုက်တိုက်ဆိုင်ဆိုင် မီးရထားတစ်စီးပေါ်မှာလာတွေ့နေရသလို အမူအရာကပါ တစ်ထပ်တည်းတူညီနေပါရဲ့။ shwekhitonlinetv.com

၁၀။ ဒီတိုက်ဆိုင်မှုကတော့ အတော်လေးကိုလှပလွန်းတယ်လို့ဆိုရမှာပါ။ ကြည့်ပါဦး မသိရင်လမင်းကြီးကို ကရိန်းနဲ့ဆွဲထားသလိုပါပဲ။ shwekhitonlinetv.com

၁၁။ ဒီပန့်ခ်အမျိုးသမီးရဲ့ ဆံပင်ပုံစံကတော့ အနောက်ကအပင်တွေနဲ့ သွားတူနေပြန်ပါတယ်။ shwekhitonlinetv.com

၁၂။ သွေးလှူဌာနကို ဗန်ပိုင်းယားတွေရောက်ချလာတာများလား။ shwekhitonlinetv.com

၁၃။ ဒီမှာလည်း ရုပ်သံသတင်းကြေညာသူရဲ့ နာမည်နဲ့ သတင်းရဲ့ခေါင်းစဉ်အမည်ကလည်း တိုက်ဆိုင်စွာထပ်တူကျနေပြန်ပါတယ်။ shwekhitonlinetv.com

၁၄။ ကမ်းခြေရဲ့ဟိုးတစ်ဖက်မှာ မြင်နေရတဲ့ကျွန်းနဲ့ တူအောင် ဒီလူကြီးကသူ့ခန္ဓာကိုယ်အနေအထားကို လုပ်ထားတာဟာလည်း ရယ်စရာကောင်းလှသလို တိုက်လည်းတိုက်ဆိုင်လွန်းလှပါရဲ့။ shwekhitonlinetv.com

၁၅။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန် ဆိုသလိုပဲ ဓာတ်ပုံရိုက်ရာမှာသူများကိုဆေးထိုးလိုက်ပေမယ့် အရိပ်ထဲမှာတော့ သူလည်း ဒီလိုပုံစံမျိုးပြန်ဖြစ်နေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။