ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို သူများထက်ဉာဏ်ကောင်းပြီး အိုင်ဒီယာကွန့်မြူးထားတဲ့သူတွေ ဖန်တီးထားတဲ့ အရာတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ အဲ့ဒီ ဒီဇိုင်းတွေက အလန်းစားတွေလို့ဆိုနိုင်မလား ? စိတ်ပျက်စရာကောင်းလောက်အောင် ကြည့်ရဆိုးနေလား ? ဆိုတာတော့ ကြည့်ပြီးအကဲဖြတ်ပေးကြပါဦး။ shwekhitonlinetv.com
၁။ သူ့ရဲ့ ဆံပင်စတိုင်က ကြည့်ရတာအတော်လေးကို ဆိုးတယ်လို့ထင်ရပေမယ့် ဖန်တီးမှုကတော့အတော်ကိုပီပြင်တယ်လို့ဆိုရမှာပါ။ shwekhitonlinetv.com

၂။ အခုလိုမျိုး လက်သည်းတုတွေကိုဆေးလိပ်တိုပုံစံတွေဖန်တီးထားတာကတော့ မြင်ရသူကိုအော်ဂလီဆန်သွားစေမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

၃။ ဒီဆိုင်ကယ်ကားကလည်း ကြည့်ရတာလန်းတယ်လို့ထင်ရပေမယ့် နောက်က ကားဘောနက်ပုံစံ အတွဲကြီးက ဘာအသုံးဝင်သလဲဆိုတာ စဉ်းစားစရာပါပဲ။ shwekhitonlinetv.com

၄။ ဘိုထိုင်အိမ်သာဖုံးက အကြည်ဖြစ်တဲ့အပြင် ဒီဇိုင်းကလည်း သံမှိုလေးတွေနဲ့ဆိုတော့ … shwekhitonlinetv.com

၅။ ဒီအမျိုးသမီးနှစ်ဦးဝတ်ဆင်ထားတာကတော့ ဝိုင်ပုလင်းအဆို့တွေနဲ့ ဖန်တီးထားတဲ့ဝတ်စုံပဲဖြစ်ပါတယ်။ ဒါလေးကတော့ မဆိုးဘူးလို့ထင်ရပါတယ်။ shwekhitonlinetv.com

၆။ ခြေဖဝါးမာဆက် (Foot Massage) ရဲ့ ကြော်ငြာကလည်း အမှတ်တမဲ့ဆိုရင် တစ်ခုခုနဲ့ အထင်မှားချင်စရာပါ။ shwekhitonlinetv.com

၇။ ဒီကားကလည်းဖန်တီးထားတာလက်ရာမြောက်လှပေမယ့် ကြည့်ရတာတော့အတော့်ကိုဆိုးပါတယ်။ shwekhitonlinetv.com

၈။ ဂီတာကို ပြောင်းပြန်စတိုင်တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။ ကြံကြံဖန်ဖန်လဲတီထွင်တဲ့ လူတွေနော် … shwekhitonlinetv.com

၉။ ဒီ သတို့သမီးကတော့ ပီဇာကိုတော်တော်ကြိုက်နှစ်သက်တဲ့သူဖြစ်ရမယ်။ shwekhitonlinetv.com

၁၀။ ဒီ Cappuccino ကော်ဖီကို ဖန်တီးထားတာလက်ရာမြောက်လှပေမယ့် ပိုးဟပ်ကြောက်သူတွေအတွက်တော့ ရင်တုန်ဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

၁၁။ ဒီ မီးဖိုလေးကို Minion ပုံစံလေးဖန်တီးထားတာဆိုတော့ တစ်မျိုးချစ်ဖို့ကောင်းပါတယ်။ shwekhitonlinetv.com

၁၂။ ဒီ ဖုန်းကာဗာကလည်း အမိုက်စားလို့ပဲပြောရမလား အသည်းယားစရာလို့ပဲပြောရမလား မဝေခွဲတက်အောင်ပါပဲ။ shwekhitonlinetv.com

၁၃။ ဂျင်းဘောင်းဘီကို အခုလိုဖြဲထားပြီး အောက်ကအရွတ်လိုပုံစံမျိုး ဒီဇိုင်းနဲ့ပြန်ဖာထားတာကတော့ နှစ်သက်စရာ ကောင်းမယ်မထင်ပါဘူး။ shwekhitonlinetv.com

၁၄။ ဒီ အခန်းရဲ့ကြွေပြားအလှဆင်ထားပုံကလည်း မျက်စိနောက်ပြီး ခေါင်းပါမူးနောက်သွားလောက်ပါတယ်။ shwekhitonlinetv.com

၁၅။ တစ်ကယ် တိရိစ္ဆာန်အစစ်တွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကျောပိုးအိတ်ပြုလုပ်ထားတာကတော့ နှစ်လိုဖွယ်မကောင်းလှပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။