ရွှေခေတ်ပရိသတ်ကြီးကိုအခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားမှာတင် အကြီးအကျယ်အောင်မြင်မှုရရှိပြီး ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ သရုပ်ဆောင် (၉) ဦးရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးနော် …. shwekhitonlinetv.com
၁။ Ho Yeon Jung

Ho Yeon Jung ကတော့ Netflix ရဲ့လူကြည့်အများဆုံး စီးရီးတွေထဲကတစ်ခုဖြစ်တဲ့ Squid Game ဇာတ်ကားမှပါဝင်သရုပ်ဆောင်ခဲတဲ့သူဖြစ်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးတဲ့နောက်မှာတော့ သူမဟာ Instagram မှာ Followers အများဆုံး ကိုရီးယားသရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်အေဂျင်စီ CAA နဲ့အနာဂတ်သရုပ်ဆောင်လုပ်ငန်းတွေလုပ်ကိုင်ဖို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ shwekhitonlinetv.com
၂။ Emma Watson

ဟယ်ရီပေါ်တာ ဇာတ်ကားတွေမှာ Hermione Granger အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Emma Watson ကလည်း အနုပညာလောကထဲကိုဝင်ဝင်ချင်းအောင်မြင်ခဲ့တဲ့သူတစ်ယောက်လို့ဆိုနိုင်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟယ်ရီပေါ်တာဇာတ်ကားဟာ (၂၀၀၁) ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သလို သူမအနေနဲ့လည်း Young Artist Award ကိုရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၃။ Cameron Diaz

၁၉၉၄ ခုနှစ်တုန်းက The Mask ဇာတ်ကားမှာစတင်ပြီးရုပ်ရှင်သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တဲ့ Cameron Diaz ကလည်း ပွဲဦးထွက်မှာတင် အကြီးအကျယ်အောင်မြင်မှုရရှိခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာတော့ Cameron Diaz ဟာ မော်ဒယ်တစ်ဦးအဖြစ်အနေနဲ့သာ အသက်မွေးဝမ်းကြောင်းပြုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Maisie Williams

သူမကတော့ အသက် (၁၂) နှစ်အရွယ်မှာပဲ Game of Thrones ဇာတ်ကားထဲမှာ Arya Stark အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမရဲ့ ဇာတ်ကောင်နေရာဟာ ပရိသတ်အချစ်တော်ဖြစ်ခဲ့သလို စီးရီးတစ်ခုလုံးမှာလည်း အဓိကဇာတ်ကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲသူမဟာ သရုပ်ဆောင်ပိုင်းဆိုင်ရာဆုအများအပြားရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၅။ Jennifer Hudson

၂၀၀၄ ခုနှစ်မှာ American Idol ပြိုင်ပွဲကနေတစ်ဆင့် Jennifer Hudson ကိုပရိသတ်တွေသတိထားမိခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမှာတော့ သူမအနေနဲ့ ဆုမရရှိခဲ့ပါဘူး။ သူမအတွက် အောင်မြင်ခြင်းလမ်းစဖြစ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ် Dreamgirls ဆိုတဲ့ဇာတ်ကားမှာ Effie အဖြစ်သရုပ်ဆောင်ခဲ့ချိန်ပဲဖြစ်ပါတယ်။ သူမဟာဒီဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၆။ Anna Paquin

နယူးဇီလန်နွယ်ဖွားသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Anna Paquin ဟာ အသက် (၉) နှစ်အရွယ်တည်းနဲ့ The Piano ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမ အသက် (၁၁) နှစ်အရွယ်ရောက်ချိန်မှာတော့ ဒီဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုရရှိခဲ့ပါတယ်။ ဒါဟာ သူမကို သမိုင်းတစ်လျှောက်ဒုတိယအငယ်ဆုံး အော်စကာဆုရှင်ဖြစ်စေခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Lupita Nyong’o

Lupita Nyong’o ကတော့ ကင်ညာနွယ်ဖွား မက္ကဆီကိုနိုင်ငံသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ Yale University ကနေသရုပ်ဆောင်ပညာနဲ့ ကျောင်းပြီးထားတဲ့သူဖြစ်ပါတယ်။ သူမအနေနဲ့ ကျောင်းပြီးပြီးချင်း ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ 12 Years a Slave ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာသရုပ်ဆောင်ခွင့်ရပြီး သူမရဲ့အရည်အချင်းကို အကောင်းဆုံးပြသနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့သူမဟာ အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Alan Rickman

နာမည်ကျော် Die Hard ဇာတ်ကားထဲမှာ မင်းသားကြီး Bruce Willis နဲ့ဆန့်ကျင်ဘက် ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ အခြားနာမည်ကျော်ဇာတ်ကားတော်တော်များများမှာလည်းပါဝင်သရုပ်ဆောင်ထားပေမယ့် သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့အတူ ပရိသတ်တွေက တွဲပြီးမှတ်မိနေကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Sophie Turner

Sophie Turner ကလည်း Game of Thrones ဇာတ်ကားနဲ့ပဲ သရုပ်ဆောင်ဘဝကိုစတင်ပွဲထွက်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Sansa Stark အဖြစ် ကျောင်းတစ်ဖက်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်းက အသိအမှတ်ပြုခြင်းကိုခံခဲ့ရတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။