တစ်ခါတစ်ရံမှာ အမှတ်တရဓာတ်ပုံ၊ ရှုခင်းဓာတ်ပုံ၊ အလှဓာတ်ပုံ စတာတွေကိုရိုက်ကူးတဲ့အခါမှာ မထင်မှတ်ထားတဲ့ ရှုထောင့်အနေအထားနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အံ့အားသင့်စရာ ပုံတွေထွက်ပေါ်လာတက်ပါတယ်။ အခုတစ်ခေါက်မှာတော့ အဲ့ဒီလိုရိုက်ကူးမိခဲ့တဲ့ အလန်းစားပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ ဒီပုံမှာတော့ ပိတုန်းတစ်ကောင်က နေလုံးကြီးကိုချီမလာတဲ့ ပုံပေါက်နေပါတယ်။ shwekhitonlinetv.com

၂။ လေရဟတ် (၁၄) ခုကိုတစ်တန်းတည်းအနေအထားနဲ့ ရိုက်ကူးထားတဲ့ပုံကလည်း တစ်မျိုးကြည့်ရတာ ထူးခြားနေပါတယ်။ shwekhitonlinetv.com

၃။ ဒီတိမ်တိုက်တွေရဲ့ အသွင်ကတော့ နဂါးတစ်ကောင်မီးမှုတ်နေသလိုမျိုး ခပ်ဆန်းဆန်းလေးဖြစ်ပေါ်နေပြန်ပါတယ်။ shwekhitonlinetv.com

၄။ လေယာဉ်ပေါ်ကနေလက်ပြနှုတ်ဆက်တဲ့အချိန် သက်တံနဲ့ ချိန်သားကိုက်ဖြစ်သွားတဲ့အခါမှာတော့ စွမ်းအားရှင်တစ်ယောက်လို အမိုက်စားဓာတ်ပုံဖြစ်သွားစေပါတယ်။ shwekhitonlinetv.com

၅။ ခေါင်းပေါ်ကိုဘီယာတွေလောင်းချလိုက်တဲ့ ပုံရိပ်ကလည်းအမှတ်တမဲ့ဆိုရင် တာဝါတစ်ခုခေါင်းကိုအုပ်ထားသလိုထင်ရပါတယ်။ shwekhitonlinetv.com

၆။ လူမှန်နေရာမှန်ရောက်သွားတဲ့အချိန် အမိအရဓာတ်ဖမ်းလိုက်တဲ့အခါ …. shwekhitonlinetv.com

၇။ ကောင်လေးက မှန်ကြောင်လေးမဟုတ်ပါဘူးနော်။ ဆပ်ပြာပူဖောင်းလေးတွေက ချိန်သားကိုက်ဖြစ်ပေါ်နေတာပါ။ shwekhitonlinetv.com

၈။ ဒီထရပ်ကားကြီးက နေလုံးကြီးကို ခိုးယူတင်ပြေးဖို့ကြိုးစားနေတာများလား ….. shwekhitonlinetv.com

၉။ ဒီမီးသတ်သမားကတော့ ရွှေရောင်အတောင်ပံတစ်စုံနဲ့ အရမ်းကိုလန်းလွန်းနေပါတယ်။ shwekhitonlinetv.com

၁၀။ ပန့်ခ်ဖက်ရှင်နဲ့ လူတစ်ဦးရဲ့ Hairstyle ကလည်းအတော်လေးကိုလန်းနေပါတယ်။ shwekhitonlinetv.com

၁၁။ ရုတ်တရက်ကြည့်ရင် အထင်လုံးဝလွဲသွားစေမယ့် ဓာတ်ပုံပါ။ shwekhitonlinetv.com

၁၂။ ဒီအမျိုးသမီးက မကောင်းဆိုးဝါးတစ်ကောင်နဲ့ ဝရံတာမှာချိန်းတွေ့နေတာများလား ….. shwekhitonlinetv.com

၁၃။ နေလုံးကြီးကို တံတားအောက် အကောင်းဆုံးရှုထောင့်ကနေ ဓာတ်ဖမ်းလိုက်သောအခါ ….. shwekhitonlinetv.com

၁၄။ ပထမပုံမှာတော့ ဒီအမျိုးသားက ဆံပင်အရှည်နဲ့လို့ထင်ရပါတယ်။ ဒုတိယပုံသာမပြထားရင် အဖြစ်မှန်ကို သိရမယ်မထင်ပါဘူး။ shwekhitonlinetv.com

၁၅။ သက်တံဖြစ်ပေါ်နေချိန် မိုးကြိုးပစ်ချလိုက်တာကို အမိအရမှတ်တမ်းတင်ထားနိုင်လိုက်တာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။