ထူးခြားဆန်းပြားတဲ့ နေရာဒေသတွေဆိုတာကတော့ ကမ္ဘာပေါ်မှာပြောပြလို့မကုန်နိုင်အောင် များပြားလှပါတယ်။ အဲ့ဒီထဲက လူတွေသိပ်မသိသေးတဲ့ နေရာဒေသ (၁၀) ခုကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com
၁။ Door To Hell , Turkmenistan

ဒီနေရာကတော့ တာ့ခ်မင်နစ္စတန်နိုင်ငံအတွင်းမှာတည်ရှိတာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာပြိုကျခဲ့တဲ့သဘာဝဓာတ်ငွေ့တွင်းဖြစ်ပါတယ်။ ဒီနေရာကနေ မီသိန်းဓာတ်ငွေ့ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် ဘူမိဗေဒပညာရှင်တွေက မီးတင်ရှို့ခဲ့ရာကနေ ယနေ့ထက်ထိဆက်တိုက်လောင်ကျွမ်းနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Fly Geyser , Nevada

အမေရိကန်နိုင်ငံ နီဗားဒါး ပြည်နယ်မှာရှိတဲ့ ဒီနေရာကိုတော့ မိုးပျံရေပူစမ်းတွေလို့ခေါ်ကြပါတယ်။ ဘူမိစွမ်းအင်အရင်းအမြစ်တွေရှာဖွေရင်းကနေ ၁၉၆၄ ခုနှစ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Richat Structure , Mauritania

အာဖရိကတိုက် မော်ရစ်တေးနီးယားနိုင်ငံမှာတည်ရှိတဲ့အရာကြီးဖြစ်ပြီးတစ်ချို့ကတော့ ဆာဟာရရဲ့မျက်လုံး (Eye of Sahara) လို့လည်းခေါ်ကြပါတယ်။ အာကာသထဲကတောင် အသေအချာထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ ဒီအရာက ဥက္ကာခဲတွေကျရောက်မှုကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆသူတွေရှိသလို လေ့လာတွေ့ရှိမှုတွေအရ ရေ၊လေ တိုက်စားမှုကြောင့်ဖြစ်တည်နေတာလို့လည်းဆိုကြပါတယ်။ shwekhitonlinetv.com
၄။ Eternal Flame Falls , Orchard Park , New York

ရေတံခွန်အောက်က လှိုဏ်ဂူငယ်လေးကနေ သဘာဝဓာတ်ငွေ့ကြောင့် မီးတောက်မီးလျှံလေးတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ မီးတောက်မီးလျှံလေးတွေကသေးငယ်တာကြောင့် ရေတံခွန်ကရေနဲ့တွေတဲ့အခါ ငြိမ်းသွားကြပေမယ့် တစ်ခါတစ်ရံမှာတော့ တစ်နှစ်ပတ်လုံးမငြိမ်းဘဲရှိနေတက်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့က Orchard ပန်းခြံထဲမှာရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Salar de Uyuni, Bolivia

တောင်အမေရိကတိုက် ဘိုလီးဗီးယားနိုင်ငံမှာတည်ရှိတဲ့ ဆားငန်ရေကန်ကြီးဖြစ်ပါတယ်။ ရေကန်ရဲ့ တစ်ချို့နေရာတွေဟာ အလွန်ရေတိမ်ပြီးတော့ မျက်နှာပြင်ဟာလည်းမှန်လိုကြည်လင်နေတာကြောင့် နာမည်ကျော်ကြားလှပါတယ်။ shwekhitonlinetv.com
၆။ Reed Flute Cave , Guangxi , China

တရုတ်နိုင်ငံက နာမည်ကျော် သဘာဝထုံးကျောက်ဂူကြိးဖြစ်ပါတယ်။ ဒါပေမယ့် ရောင်စုံမီးရောင်တွေထွက်ပေါ်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကတော့ ယနေ့ချိန်ထိတိုင် ပဟေဠိဖြစ်နေတုန်းပါပဲ။ shwekhitonlinetv.com
၇။ Fingal’s Cave , Scotland

ဒါကတော့ စကော့တလန်နိုင်ငံမှာရှိတဲ့ Fingal’s လှိုဏ်ဂူဖြစ်ပါတယ်။ တစ်ချိန်ကမီးတောင်ဟောင်းဖြစ်ခဲ့ဖူးတဲ့ နေရာဖြစ်တာကြောင့် ချော်ရည်ပူတွေနဲ့ ပင်လယ်ရေအေးတွေ ကြောင့်ကွဲအက်ပြီးလှိုဏ်ဂူဖြစ်တည်နေတာလို့ဆိုကြပါတယ်။ ဒါပေမယ့် အထဲကကျောက်တုံးတွေရဲ့ ပုံသဏ္ဍာန်ကဘယ်လို တိုက်စားမှုမျိုးကြောင့် အခုလိုဖြစ်နေတယ်ဆိုတာတော့ အတိအကျမသိကြသေးပါဘူး။ shwekhitonlinetv.com
၈။ Zhangye Danxia Landform , China

တရုတ်နိုင်ငံ ကျန်းဂဲ့ အမျိုးသားဥယာဉ်မှာရှိတဲ့ ဒီရောင်စုံတောင်တန်းတွေကတော့ ဒေသတွင်းမြစ်ချောင်းအင်းအိုင်တွေကနေ သဲကျောက်နီတွေအနည်ကျလာတာရယ် သဘာဝမိုးလေဝသ ဖြစ်စဉ်တွေကြောင့်ရယ် ထိတွေ့ရာကနေဖြစ်ပေါ်လာတာလို့ ဘူမိဗေဒပညာရှင်တွေကဆိုကြပါတယ်။ shwekhitonlinetv.com
၉။ Skaftafell , Iceland

အိုက်စလန်နိုင်ငံ Skaftafell မှာရှိတဲ့ ရေခဲဂူတွေကတော့ သာမန်အချိန်တွေမှာ မမြင်တွေ့နိုင်ဘဲ ဆောင်းရာသီရေတွေအေးခဲချိန်ကြမှာသာ မြင်တွေ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Centralia , Pennsylvania

ဒါက အမေရိကန်နိုင်ငံ Pennsylvania ဒေသက စွန့်ပစ်မြို့တော်ဖြစ်တဲ့ Centralia ဖြစ်ပါတယ်။ ဒီမြို့မှာတော့ (၂၀) ရာစုအလယ်လောက်မှာ မြေကြီးတွေကွဲအက်ပြီး ထူးဆန်းတဲ့မီးလောင်မှုတွေ မကြာခဏဖြစ်ပေါ်ခဲ့တာကြောင့် မြို့နေလူထုအနေနဲ့ ဒီမြို့ကိုစွန့်ပစ်သွားခဲ့ကြပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။