အမျိုးသမီးတစ်ဦးရဲ့ အလှတရားဆိုတာအသက်အရွယ်နဲ့သက်ဆိုင်တယ်လို့ သင့်အနေနဲ့ထင်မြင်မိပါသလား ? ဒါဆိုရင်တော့ ဒီနာမည်ကျော်အမျိုးသမီးတွေရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုံနဲ့ အခုလက်ရှိပုံကို နှိုင်းယှဉ်ပြထားတာကို ကြည့်ကြည့်လိုက်ပါဦး။ သူတို့တွေကိုကြည့်ပြီးရင်တော့ အလှတရားမှာ အသက်အရွယ်ကန့်သက်ချက်မရှိဘူးလို့ သင့်အနေနဲ့ အတွေးဝင်လာနိုင်ပါလိမ့်မယ်။ shwekhitonlinetv.com
၁။ မော်နီကာဘယ်လူချီ (Monica Bellucci)

အီတလီမင်းသမီးကြီး မော်နီကာဘယ်လူချီ (Monica Bellucci) ရဲ့ (၃၉) နှစ်အရွယ်ကပုံနဲ့ လက်ရှိအသက် (၅၇) နှစ်အရွယ်ရုပ်လည်ကို နှိုင်းယှဉ်ပြထားတာပါ။ အခုအတိုင်းဆိုရင်နောက်ထပ် နှစ်အနည်းငယ်တောင်မှ ရုပ်ရှင်လောကမှာကောင်းကောင်းကြီးရပ်တည်လို့ရသေးတာ အသေအချာပါပဲ။ shwekhitonlinetv.com
၂။ ဆာလ်မာဟေးယက် (Salma Hayek)

မက္ကဆီကန်မင်းသမီးကြီး ဆာလ်မာဟေးယက် (Salma Hayek) ကတော့လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးမှုတွေသိပ်မပြုလုပ်တော့ပေမယ့် သူမရဲ့ရုပ်ရည်ကတော့ တက်ကြွမှုအပြည့်နဲ့ နုနယ်နေတုန်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ကိတ်ဝင်းစလက် (Kate Winslet)

ငယ်ရွယ်စဉ်က ပုရိသတိုင်းရဲ့အသည်းအိမ်ကို လှုပ်ခါနိုင်ခဲ့တဲ့ မင်းသမီးကြီးကိတ်ဝင်းစလက် (Kate Winslet) ကလည်း လက်ရှိအသက် (၄၅) နှစ်အရွယ်မှာတောင် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လှသွေးကြွယ်နေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ဟယ်လီဘယ်ရီ (Halle Berry)

ဟယ်လီဘယ်ရီ (Halle Berry) ရဲ့ အသက် (၂၉) နှစ်တုန်းကပုံနဲ့ လက်ရှိ အသက် (၅၅) နှစ်အရွယ်ပုံပါ။ လက်ရှိကတောင် ပိုပြီးချောမောလှပနေတယ်လို့ထင်ရပါတယ်နော် … shwekhitonlinetv.com
၅။ ကေတီဟုမ်းစ် (Katie Holmes)

အသက် (၁၉) နှစ်အရွယ်က ကေတီရဲ့ပုံရိပ်နဲ့ အသက် (၄၀) အရွယ် ပုံရိပ်နှစ်ခုစလုံးကတစ်မျိုးစီကြည့်ကောင်းနေတာအမှန်ပါပဲ။ shwekhitonlinetv.com
၆။ ကိတ်ဘလန့်ချက် (Cate Blanchett)

အသက် (၅၂) နှစ်အရွယ် သြစတြေးလျ မင်းသမီးကြီးကတော့ အခုအချိန်ထိတိုင်အောင် တည်ကြည်ခန့်ညားလှတဲ့ အလှတရားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့နေရဆဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ရှရွန်စတုန်း (Sharon Stone)

တစ်ချိန်တုန်းက မော်ဒယ်တစ်ဦးဖြစ်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးကြီးရှရွန်စတုန်း ဟာလည်း အသက် (၆၄) နှစ်အရွယ်မှာတောင် ပြေပြစ်တဲ့ရုပ်ဆင်းသွင်ပြင်နဲ့ အချိုးအဆစ်ကျတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ လစ်ဗ်တိုင်လာ (Liv Tyler)

အသက် (၂၁) နှစ်အရွယ်တုန်းက ပျိုမြစ်တဲ့အလှတရားနဲ့ အသက် (၄၂) နှစ်အရွယ်မှာတည်ကြည်လွန်းတဲ့ အလှတရား … ဘယ်တစ်ခုကပိုပြီးနှစ်လိုဖွယ်ကောင်းမလဲဆိုတာခွဲခြားမရအောင်ပါပဲ။ shwekhitonlinetv.com
၉။ ဂျူလီးယက်ဘစ်နုတ်ချ် (Juliette Binoche)

လှပတဲ့ အညိုရောင်မျက်ဝန်းတွေကိုပိုင်ဆိုင်ထားတဲ့ ပြင်သစ်မင်းသမီးကြီးကလည်း အသက် (၅၅) နှစ်အရွယ်ထိတိုင်အောင် အလှဂုဏ်က ကျဆင်းသွားခြင်းမရှိသေးပါဘူး။ shwekhitonlinetv.com
၁၀။ ဂျိုဒီဖော်စတာ (Jodie Foster)

သူမကတော့ လက်ရှိအသက် (၅၈) နှစ်အရွယ်ထိတိုင်အောင် နုပျိုနေပြီး ချစ်စဖွယ်ကောင်းတုန်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။