အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို အလွန်တရာမှရှားပါးပြီးမြင်ရခဲတဲ့ ရှေးဟောင်းသမိုင်းဝင် ဓာတ်ပုံလေးတွေကို ရှာဖွေပြီးဖော်ပြပေးလိုက်ရပါတယ်။ တစ်ပုံချင်းစီကို ဗဟုသုတအဖြစ်လေ့လာကြည့်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com
၁။ ဒီပုံကတော့ ၁၉၃၇ ခုနှစ် မေလ (၆) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ Hindenburg လေသင်္ဘောကြီးပျက်ကျခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီလေသင်္ဘောကြီးမှာတော့ ခရီးသည် (၃၆) ဦး အမှုထမ်း (၆၁) ဦးလိုက်ပါသွားခဲ့ပြီး ခရီးသည် (၂၃) ဦးနဲ့ အမှုထမ်း (၃၉) ဦးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ဒီပုံကတော့ ၁၉၃၈ ခုနှစ်ကဖြစ်ပြီး ဓာတ်ငွေ့ကာကွယ်ရေး Mask တပ်ဆင်ထားတဲ့ အင်္ဂလန် အမျိုးသမီးတစ်ဦးက ဓာတ်ငွေ့ကာကွယ်ရေးပစ္စည်းတွေတပ်ဆင်ထားတဲ့ ကလေးတွန်းလှည်းလေးကို တွန်းသွားတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီပုံကတော့ ၁၉၄၄ ခုနှစ်က Saipan စစ်ပွဲအတွင်း ငှက်ပျောသီးကိုဆိတ်တစ်ကောင်နဲ့ မျှဝေစားသောက်နေတဲ့ စစ်သားတစ်ဦးရဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ၁၉၆၁ ခုနှစ်က ဂျာမနီနိုင်ငံကို အရှေ့နဲ့အနောက် ပိုင်းခြားမယ့် ဘာလင်တံတိုင်းတည်ဆောက်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဒီပုံကတော့ ၁၉၆၄ ခုနှစ်ကဖြစ်ပြီး သူ့ရဲ့ရေကူးကန်ထဲမှာ လူမည်းတွေဆင်းကူးနေလို့ အက်ဆစ်တွေလောင်းချနေတဲ့ ဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့ ၁၉၄၁ ခုနှစ်မှာ ဟစ်တလာရဲ့ အရာရှိလောင်းတွေ ခရစ္စမတ်ပါတီပွဲကျင်းပနေတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒီပုံကိုတော့ Beautiful Suicide လို့အမည်ပေးထားပြီး အသက် (၂၃) နှစ်အရွယ်မိန်းမပျိုတစ်ဦးက အင်ပါယာစတိတ်အဆောက်အဦးရဲ့ (၈၃) လွှာကနေခုန်ချပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ပထမကမ္ဘာစစ်အတွင်းက ဓာတ်ငွေ့အကာအကွယ်ဝတ်စုံတွေဝတ်ဆင်ထားကြတဲ့ သြစတြီးယား စစ်သင်္ဘောက သင်္ဘောသားတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၉ ။ ဒုတိယကမ္ဘာစစ်အတွင်းက ကမ္ဘာ့အကြီးဆုံးအမြောက်ကြီးအဖြစ်တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ Krupp K5 ထံမှ အမြောက်ပစ်လွှတ်လိုက်တဲ့မြင်ကွင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဟီရိုရှီးမားမြို့ပေါ်ကို Little Boy ဆိုတဲ့ နျူကလီးယားဗုံးကို ကျဲချခဲ့တဲ့ Boeing B-29 Superfortress ဗုံးကျဲလေယာဉ်ဖြစ်ပါတယ်။ သူ့ရဲ့ Nick Name ကတော့ Enola Gay ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ ၁၉၄၀ ခုနှစ် လန်ဒန်မြို့ရဲ့ ကောင်းကင်ယံမှာ ဗြိတိန်နဲ့ ဂျာမန် ဗုံးကျဲလေယာဉ်တွေ၊ စစ်လေယာဉ်တွေပျံဝဲတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ၁၉၄၅ နာဂါဆာကီ ကို အက်တမ်ဗုံးကျဲချပြီး မိနစ် (၂၀) အကြာမှာမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။