အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာတစ်လွှားက အံ့အားသင့်စရာအကောင်းဆုံးရုပ်တုတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကြည့်ရှုလေ့လာကြည့်ပါဦးနော် ….. shwekhitonlinetv.com
၁။ Ocean Atlas

အလွန်ကြီးမားလှတဲ့ Ocean Atlas ရုပ်တုကြီးကတော့ ဘဟားမားစ် နိုင်ငံရဲ့ကမ်းလွန်ရေအောက်တစ်နေရာမှာတည်ရှိတာဖြစ်ပါတယ်။ ဒီရုပ်တုကြီးကတော့ အလွန်ကြီးမားတဲ့အမျိုးသမီးတစ်ဦးက သမုဒ္ဒရာကြီးကို ထမ်းထားတဲ့ပုံစံဖြစ်ပြီး ဖန်တီးခဲ့တဲ့ အနုပညာရှင်ကတော့ အင်္ဂလိပ်လူမျိုး Jason deCaires Taylor ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Black Ghost

The Black Ghost လို့လူသိများတဲ့ Juodasis Vaiduoklis ကြေးရုပ်တုကတော့ လစ်သူရေးနီးယားနိုင်ငံ ကလိုင်ပီဒါ နယ်မှာတည်ရှိတာဖြစ်ပါတယ်။ ဖန်တီးပြုလုပ်ခဲ့တဲ့အနုပညာရှင်တွေကတော့ Svajunas Jurkas နဲ့ Sergejus Plotnikovas တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Inner Children Trapped Inside Adult Bodies

ဒီရုပ်တုကိုတော့ Inner Children Trapped Inside Adult Bodies လို့အမည်ပေးထားပါတယ်။ ဒီရုပ်တုကတော့ အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်က ပွဲတော်တစ်ခုမှာပြသဖို့အတွက် ယူကရိန်းအနုပညာရှင် Alexander Milov ကဖန်တီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ The Caring Hand

ဆွစ်ဇာလန်နိုင်ငံ ဂလာရပ်စ် ဒေသမှာရှိတဲ့ ဒီရုပ်တုကိုဖန်တီးခဲ့တာကတော့ အမေရိကန်နိုင်ငံသူူ Susan Esposito-Lombardo ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Mihai Eminescu

Mihai Eminescu လို့အမည်ရပြီး နိုဘယ်ဆုရရှိခဲ့တဲ့ ရိုမေးနီးယားနိုင်ငံသား အနုပညာရှင်တစ်ဦးဟာ သူ့ရဲ့ပုံတူ ရုပ်တုတစ်ခုကို ရိုမေးနီးယားနိုင်ငံ အွန်နက်စတီ မှာ လက်ရာမြောက်စွာနဲ့ဖန်တီးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာကွယ်လွန်သွားပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Diminish And Ascend

သြစတြေးလျနိုင်ငံ ဘွန်ဒီမှာရှိတဲ့ဒီရုပ်တုကတော့ Diminish And Ascend လို့အမည်ရပါတယ်။ ဖန်တီးခဲ့တဲ့အနုပညာရှင်ကတော့ David Mccracken ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Popped Up

ဟန်ဂေရီနိုင်ငံသား အနုပညာရှင် Ervin Loránth Hervé ဖန်တီးခဲ့တဲ့ Popped Up ဆိုတဲ့ ဒီရုပ်တုကြီးကတော့ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်က Széchenyi Square မှာတည်ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ God Of War Statue (Statue of Guan Yu)

တရုတ်နိုင်ငံမှာတည်ရှိတဲ့ ဒီရုပ်တုကတော့ စစ်ဘုရင်ကြီး Guan Yu ကိုပုံတူပြုလုပ်ထားတာဖြစ်ပါတယ်။ အလေးချိန် (၁၃၂၀) တန်လေးတဲ့ ဒီရုပ်တုကြီးဟာ Jungzhou ပြည်နယ်က Guan Yu ပန်းခြံမှာတည်ရှိပြီး တရုတ်လူမျိုးအနုပညာရှင် Han Meilin က ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Les Voyageurs

လက်ရာမြောက်ပြီး ဆန်းကြယ်မှုအပြည့်နဲ့ Les Voyageurs (The Travellers) ဆိုတဲ့ရုပ်တုကတော့ ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ပြုလုပ်ဖန်တီးခဲ့တဲ့သူကတော့ မော်ရိုကိုနိုင်ငံသား Bruno Catalano ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Dancing With Dandelion

ဒီရုပ်တုကတော့ UK က Trentham Garden မှာရှိတာဖြစ်ပြီး အချစ်နတ်သမီးလေးက Dandelion ပန်းပွင့်လေးနဲ့ကခုန်နေတာဖြစ်ပါတယ်။ ဖန်တီးပြုလုပ်ခဲ့တဲ့ အနုပညာရှင်ကတော့ အင်္ဂလန်နိုင်ငံသား Robin Wrigh ပါ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။