ရွှေခေတ်ပရိသတ်တွေထဲမှာ အာကာသနဲ့စကြဝဠာကြီး အကြောင်းကိုစိတ်ဝင်စားတဲ့သူတွေ ရှိမယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဖတ်ရှုရမယ့်အကြောင်းအရာလေးကိုတော့ စကြဝဠာကြီးနဲ့ ပတ်သတ်တဲ့ ထူးထူးခြားခြားဗဟုသုတလေးတွေကိုရွေးပြီး တင်ဆက်ပေးလိုက်ပါတယ်နော် … shwekhitonlinetv.com
၁။ အမှောင်စွမ်းအင်တွေကြီးစိုးထားတဲ့ စကြဝဠာ

စကြဝဠာကြီးဟာ အမှောင်စွမ်းအင် (၆၈) ရာခိုင်နှုန်း၊ အမှောင်ဒြပ်ထု (၂၇) ရာခိုင်နှုန်း၊ မြင်နိုင်တဲ့ဒြပ်ထု (၅) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ လအစင်းပေါင်း (၂၀၀) ကျော်နဲ့ နေအဖွဲ့အစည်း

ကျွနု်ပ်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းမှာ လအစင်းပေါင်း (၂၀၀) ကျော်ရှိပါတယ်။ မာကျူရီနဲ့ ဗီးနပ်စ်ကလွဲရင် နေအဖွဲ့အစည်းအတွင်းက အဓိကဂြိုဟ်တွေနဲ့ ဂြိုဟ်သိမ်များ ဂြိုဟ်ပုများမှာပါ ကိုယ်ပိုင်လတွေရှိကြပါတယ်။ ဒီအထဲမှာ ဂျူပီတာဂြိုဟ်ကတော့ လအစင်းပေါင်း (၇၉) လုံးပိုင်ဆိုင်ထားပြီးအများဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ မိခင်ကြယ်ကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့ နှစ်ပေါင်း (၉) သိန်းကြာတဲ့ဂြိုဟ်

2MASS J2126–8140 လို့အမည်ပေးထားတဲ့ဂြိုဟ်ကြီးပေါ်က တစ်နှစ်ဟာ ကမ္ဘာနှစ် (၉၀၀,၀၀၀) နဲ့ ညီမျှပါတယ်။ shwekhitonlinetv.com
၄။ သတ္တုနှင်းတွေကျပြီး အက်စစ်မိုးတွေရွာတဲ့ဂြိုဟ်

သောကြာဂြိုဟ် (Venus) မှာတော့ နှင်းအဖြစ်သတ္တုအစိုင်အခဲတွေကျဆင်းပြီး မိုးအဖြစ် အက်ဆစ်တွေရွာချပါတယ်။ shwekhitonlinetv.com
၅။ အာကာသထဲကို အစောဆုံးရောက်ရှိခဲ့တဲ့ ဂြိုဟ်တု

အာကာသထဲမှာရှိခဲ့တဲ့ ပထမဆုံးသော ဂြိုလ်တုဟာ Sputnik ပဲဖြစ်ပါတယ်။ ဒီ ဂြိုဟ်တုကိုတော့ ၁၉၅၇ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့မှာ ဆိုဗီယက်ယူနီယံက တစ်ကြိမ်တည်းနဲ့အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ အသက်အာမခံမရခဲ့တဲ့ လကမ္ဘာ ခရီးစဉ်သူရဲကောင်းများ

လကမ္ဘာကို သွားရောက်ခဲ့ကြတဲ့ Apollo (11) အာကာသယာဉ်မှာလိုက်ပါသွားတဲ့ အဖွဲ့သားတွေဟာ တစ်ယောက်မှအသက်အာမခံ မရရှိခဲ့ကြပါဘူး။ အသက်အာမခံကုမ္ပဏီတွေကတောင်းဆိုတဲ့ အသက်အာမခံကြေးဟာ အဆမတန်များပြားလွန်းတာကြောင့် နာဆာ အနေနဲ့ အဲ့ဒီအစား အာကာသယာဉ်မှုးတွေ တစ်စုံတစ်ခုဖြစ်ခဲ့ရင် သက်ဆိုင်ရာမိသားစုတွေကို တစ်သက်တာထောက်ပံ့မှုတွေပြုလုပ် ပေးမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ထူးခြားတဲ့ အင်္ဂါဂြိုဟ်ရဲ့ နေဝင်ဆည်းဆာချိန်

အင်္ဂါဂြိုဟ် (Mars) ရဲ့ နေဝင်ဆည်းဆာချိန် ကောင်းကင်အရောင်ဟာ ပြာလဲ့လဲ့အရောင်ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့လေထုရဲ့ (၁) ရာခိုင်နှုန်းအောက်မှာသာရှိပြီး ဒီလေထုက နေဆီကနေအပြာရောင် ရောင်စဉ်တန်းတွေကိုသာဖမ်းယူထားနိုင်တာကြောင့် နေဝင်ဆည်းဆာချိန်ကောင်းကင်အရောင်က အပြာရောင်ဖြစ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ အာကာသထဲကိုသွားရောက်ဖို့ လိုအပ်တဲ့လွတ်မြောက်အလျင်

သင့်အနေနဲ့ ဒုံးပျံယာဉ်တစ်ခုခုနဲ့ ကမ္ဘာမြေကနေအခြားဂြိုဟ်တွေဆီကိုသွားမယ်ဆိုရင် ကမ္ဘာမြေရဲ့ဆွဲငင်အားကနေလွတ်မြောက်ဖို့အတွက် အနိမ့်ဆုံးအလျင် တစ်စက္ကန့်ကို (၇) မိုင်နှုန်းလောက်နဲ့ ထွက်ခွာရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ကြီမားတဲ့ ခါးပတ်ကွင်းတွေရှိနေတဲ့ ဂြိုဟ်ကြီး

Super-Saturn လို့ခေါ်ကြတဲ့ “J1407 b” ဂြိုဟ်ကြီးရဲ့ ခါးပတ်ကွင်းတွေဟာ နေအဖွဲ့အစည်းအတွင်းက စနေဂြိုဟ် Saturn ရဲ့ ခါးပတ်ကွင်းတွေထက် အဆ (၂၀၀) လောက်ကြီးမားပါတယ်။ ဒီဂြိုဟ်ဟာ စနေဂြိုဟ်ထက် အဆ (၂၀) လောက်ပိုကြီးမားပြီး ကမ္ဘာကနေအလင်းနှစ် (၄၃၃.၈) နှစ်အကွာမှာတည်ရှိပါတယ်။ shwekhitonlinetv.com
၁၀။ ကမ္ဘာနှင့်အနီးဆုံးကနောက်ထပ်ကြယ်တစ်လုံး

Proxima Centuari ဆိုတဲ့ကြယ်ဟာ “နေ” ပြီးရင် ကမ္ဘာနဲ့အနီးဆုံးမှာရှိတဲ့ ကြယ်တစ်လုံးဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။