လူတိုင်း တယောက်နဲ့ တယောက်ဟာ ခံစားတတ်တဲ့ အနုပညာနဲ့ ဖန်တီးမှုတွေဟာ ကွဲပြားခြားနားလေ့ ရှိပါတယ်။ လူတယောက်ရဲ့ ခံစားနိုင်စွမ်းကိုလိုက်ပြီး သူ့ရဲ့ တီထွင်ဖန်တီးမှုတွေဟာလည်း တကယ်ကို ဆန်းသစ်သွားလေ့ရှိပါတယ် ။ ဒီတခါမှာတော့ သူမတူအောင် အဆန်းထွင်တတ်ကြတဲ့သူတွေရဲ့ ထူးဆန်းပြီး ရယ်ရွှင်ဖွယ်ရာ ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ခြေထောက်ပေါက်နေတဲ့ထိုင်ခုံ

ခြေထောက်ပေါက်နေသလို ဖန်တီးချုပ်လုပ်ထားတဲ့ ထိုင်ခုံပဲ ဖြစ်ပါတယ်။ ဘောင်းဘီဝတ်ထားပြီး ခါးပတ်ပတ်ထားတဲ့ ထိုင်ခုံကတော့ ကမ္ဘာပေါ်မှာ ဒီထိုင်ခုံပဲ ရှိမယ်ထင်ပါတယ်နော်။ shwekhitonlinetv.com
၂။ sexy ကျနေတဲ့ ဂစ်တာ

ကာတွန်းဇာတ်ကောင်ရဲ့ ပုံနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဂစ်တာပဲ ဖြစ်ပါတယ်။ ရယ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်ကို sexy ကျနေတဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာဟာ တကယ်ကို ဟာသမြောက်တဲ့ ဖန်တီးမှုလို့ပဲ ဆိုချင်ပါတယ်။ shwekhitonlinetv.com
၃။ ပုစွန်ဖိနပ်

ပုစွန်ပုံစံ ဖန်တီးချုပ်လုပ်ထားတဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။ ညသန်းခေါင် ဗိုက်ဆာနေတဲ့ အချိန်မျိုးမှာတော့ ဒီဖိနပ်ကို ငုံ့မကြည့်မိဖို့ ကြိုးစားရမယ် ထင်ပါတယ်။ shwekhitonlinetv.com
၄။ ဘာဘီအရုပ်များနဲ့ဘောလုံးကွင်း

လူရုပ်ကလေးများနဲ့ ဆော့ကစားလို့ရတဲ့ ဘောလုံးကစားနည်းပဲ ဖြစ်ပါတယ်။ ဘာဘီအရုပ်မတွေကို ဘောလုံးကွင်းထဲ အခုလို ထည့်ထားတာဟာ ကစားရတဲ့သူတွေအတွက် ထူးဆန်းသလို ရယ်မောဖွယ်ရာလည်း ဖြစ်မယ်ထင်ပါတယ်နော်။ shwekhitonlinetv.com
၅။ ခေါင်းပြတ်မီးအိမ်

ကြောက်တတ်တဲ့သူတွေအတွက်တော့ လုံးဝမရွေးသင့်တဲ့ မီးအိမ်ပါပဲနော်။အရုပ်မရဲ့ ခေါင်းပေါ်မှာ မီးအိမ်ကို တင်ထားတဲ့ ပုံစံ ဖန်တီးထားတာပါ။ အိပ်ယာဘေးထားအိပ်မယ်ဆိုရင်တော့ တကယ်ကို ကြောက်စရာကောင်းတဲ့ မီးအိမ်ပါပဲ။ shwekhitonlinetv.com
၆။ ကန္တာရပင်ထိုင်ခုံ

ထိုင်ခုံဆိုတာ သက်တောင့်သက်သာနဲ့ အနားယူနိုင်ဖို့အတွက် ဖန်တီးပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပုံထဲက ထိုင်ခုံကတော့ ကန္တာရပင်ပုံစံ ဒီဇိုင်းထွင်ထားတဲ့ ထိုင်ခုံပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ သက်တောင့်သက်သာ မရှိစေတဲ့ပုံစံ ဖြစ်နေတာကြောင့် ရောင်းထွက်ဖို့ ကြိုးစားရမယ့် ထိုင်ခုံဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၇။ ကြည့်လိုက်တိုင်းဗိုက်ဆာစေမယ့် တက်တူး

တက်တူးထိုးတဲ့အခါ လူတွေဟာ သူတို့ရဲ့ အမှတ်တရတွေ အဖြစ်အပျက်တွေ နဲ့ တခြားကြိုက်နှစ်သက်ရာပုံစံတွေကို ထိုးတတ်ကြပါတယ်။ ပုံထဲမှာ တွေ့ရတာကတော့ အသားညှပ်ပေါင်မုန့်ပုံစံကို တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ တက်တူးကို မြင်လိုက်တိုင်း ဗိုက်ဆာနေမှာကတော့ အမှန်ပါပဲနော်။ shwekhitonlinetv.com
၈။ အရိုးခြောက်မီးအိမ်

ခြောက်ခြားစရာ ပစ္စည်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ မျက်စိကျစေမယ့် မီးအိမ်ပဲ ဖြစ်ပါတယ်။ လူအရိုးပုံစံမျိုး ဆန်းသစ်ထားတာကြောင့် ကြောက်စရာလည်းကောင်းသလို အမြင်လည်း ဆန်းလှပါတယ်။ shwekhitonlinetv.com
၉။ ခြေသည်းခွံပေါ်က မျက်စိပန်းချီ

မိန်းကလေးတွေရဲ့ လက်သည်းအလှပြင်အနုပညာဟာ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ မျက်စိပုံစံ ပုံဖော်ရေးဆွဲထားတဲ့ ခြေသည်းဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဆန်းသစ်ပြီး တကယ့်ကို အနုစိတ်တဲ့ လက်ရာပါပဲနော်။ shwekhitonlinetv.com
၁၀။ ခြေချောင်းပုံစံပါဖိနပ်

ခြေချောင်းလေးတွေ ပေါ်နေတဲ့ ဒီဇိုင်းကို ဖန်တီးချုပ်လုပ်ထားတဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။ ဖိနပ်ကို ငုံ့ကြည့်လိုက်တဲ့ အခါတိုင်း ခြေချောင်းတွေကို မြင်ချင်တဲ့သူတွေအတွက်တော့ တကယ်ကို အဆင်ပြေစေမယ့် ဖိနပ်ပါပဲနော်။ shwekhitonlinetv.com
၁၁။ အမွှေးထူကား

ကားတစီးလုံးကို အမွှေးပွအဝတ်နဲ့ ဖုံးအုပ်ထားတာကို တွေ့ရမှာပါ။ ခြစ်ရာပွန်းရာ ထင်မှာမစိုးရိမ်ရတော့ပေမယ့် မိုးရွာတဲ့အချိန်နဲ့ ကားရေဆေးရမယ့်နေ့တွေမှာတော့ တကယ်ကို စိတ်ညစ်ရမှာပဲနော်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။