ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးခြားတဲ့စူပါပါဝါ တွေကိုပိုင်ဆိုင်ထားတဲ့ ငါးတစ်ချို့အကြောင်းဖော်ပြပေးချင်ပါတယ်။ ဘယ်ငါးတွေက ဘယ်လိုစူပါပါဝါတွေရှိနေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …… shwekhitonlinetv.com
၁။ ကမ္ဘာ့ကြီးရဲ့သံလိုက်စက်ကွင်းတွေကို အသုံးချတဲ့ဆော်လမွန်ငါးများ

ဆော်လမွန်ငါးတွေဟာ ရေချိုမှာသားပေါက်ကြပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ မိုင်ထောင်ချီဝေးတဲ့ ပင်လယ်ဆီကိုကူးခတ်သွားကြပါတယ်။ ဥများဥချိန်ရောက်တဲ့အခါမှာတော့ မူလသားပေါက်ခဲ့တဲ့နေရာကိုတန်းတန်းမတ်မတ်ပြန်လာကြပါတယ်။ သူတို့သွားတဲ့ခရီးအကွာအဝေးဟာ တစ်ခါတစ်ရံမှာ မိုင် (၂၀၀၀) လောက်တောင်ရှိပါတယ်။ ဒီလိုမျိုး မူလနေရာကိုမှတ်မိပြီးပြန်လာကြတာဟာ ဆော်လမွန်ငါးတွေအနေနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းတွေကိုကောင်းစွာအသုံးချနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ shwekhitonlinetv.com
၂။ မိချောင်းတွေကိုစားတဲ့ ငါးများ

Goliath Tigerfish တွေကတော့ ရေချိုငါးတွေထဲမှာ အလွန်ကြမ်းတမ်းတဲ့အမဲလိုက်မုဆိုးတွေလို့ လူသိများပါတယ်။ ဒီငါးတွေဟာ ပေါင် (၁၁၀) လောက်ထိအလေးချိန်ရှိတက်ကြပြီး ချွန်ထက်တဲ့သွားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ သူတို့အနေနဲ့ မိချောင်းတစ်ကောင်ကိုတောင် ကောင်းစွာကိုက်ဖြတ်စားသောက်နိုင်တယ်လို့လည်းသိရပါတယ်။ အာဖရိကတိုက်က ကွန်ဂို ဒေသခံတွေကတော့ ဒီငါးတွေကိုကြောက်ရွံ့ကြပြီး နတ်ဆိုးတွေလို့သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com
၃။ စအို နေရာပြောင်းတဲ့ငါး

Pirate Perches လို့ခေါ်တဲ့ဒီငါးလေးတွေကတော့ မွေးဖွားလာချိန်မှာ သူတို့ရဲ့စအိုက ပုံမှန်အတိုင်းရှိသင့်တဲ့နေရာမှာရှိပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ စအိုကနေရာတွေပြောင်းနေတဲ့ ငါးတွေဖြစ်ပါတယ်။ တစ်ခါတစ်လေသူတို့ရဲ့ စအို ဟာမေးစေ့အောက်နားအထိရောက်ပြီး အစာခြေလမ်းကြောင်းတစ်ခုလုံးကပါ လိုက်ပြီးနေရာရွှေ့ပြောင်းတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ သားကောင်ကို လှမ်းပစ်ချနိုင်တဲ့ငါးကလေးများ

ဒီငါးကလေးတွေကိုတော့ Archerfish လို့ခေါ်ပြီး အရွယ်အစားက အကြီးဆုံးမှ (၄) လက်မပဲရှိပါတယ်။ သူတို့ကတော့ နာမည်နဲ့လိုက်အောင်ပဲ ထူးဆန်းတဲ့ စူပါပါဝါရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ပါးစပ်ထဲကရေနဲ့ သစ်ပင်တွေ သက်ရွက်တွေပေါ်က အင်းဆက်ပိုးမွှားတွေကို ရေထဲကျအောင်လှမ်းပစ်ချပြီး စားသုံးတက်ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ သစ်ပင်တက်နိုင်တဲ့ငါး

Mudfish ဆိုတဲ့ဒီငါးလေးတွေကိုတော့ မြန်မာမှာ ငါးဗျက်လို့ခေါ်ကြမယ်ထင်ပါတယ်။ (ဒေသအလိုက်အခေါ်အဝေါ်မတူနိုင်ပါ)။ သူတို့တွေရဲ့ထူးခြားတဲ့ စကေးတစ်ခုကတော့ သစ်ပင်တက်နိုင်တာပဲဖြစ်ပါတယ်။ သူတို့တွေဟာ ငါးဖြစ်ပေမယ့် သစ်ပင်တွေသစ်ကိုင်းတွေပေါ်မှာ နေရတာကိုနှစ်ခြိုက်ဟန်တူပြီး တစ်ခြားငါးတွေနဲ့ ကွဲပြားတဲ့ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံလည်းရှိပါတယ်။ shwekhitonlinetv.com
၆။ မျက်နှာမှာဓားတွေဝှက်ထားတဲ့ Stonefish

ဒီငါးကိုတော့မြင်တာနဲ့တင်နှစ်လိုဖွယ်မကောင်းဘူးလို့ထင်မြင်မိတာအမှန်ပါ။ သူတို့ရဲ့ပုံစံကအရုပ်ဆိုးအကျည်းတန်သလို သူတို့ရဲ့ စူပါပါဝါ တစ်ခုကိုသိရင် သင့်အနေနဲ့ ဝေးဝေးကရှောင်မှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ သူတို့ရဲ့မျက်နှာထဲမှာ ခလုတ်ထားလိုမျိုးဓားတွေကို ဝှက်ထားပြီးသူူတို့ကို ရန်မူလာတဲ့အခါ အဲ့ဒီဓားတွေထွက်လာပြီး ကာကွယ်တက်ကြလို့ပဲဖြစ်ပါတယ်။ ဒီဓားတွေရဲ့ အဆိပ်ကလည်းအင်မတန်ပြင်းတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ ပျံသန်းပြီးလေဟုန်စီးနိုင်တဲ့ငါးများ

ငါးတွေဟာပျံသန်းနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေကိုယုံတဲ့သူတွေရှိသလို မယုံတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် လက်ရှိအပြင်မှာတော့ ပျံသန်းနိုင်တဲ့ငါးမျိုးစိတ်တွေအမှန်တစ်ကယ်ရှိနေပါတယ်။ ဒီငါးတွေကိုတော့ Flying Fish လို့ခေါ်ကြပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်က တော်ပီဒို ဒုံးကျည်နဲ့ဆင်တူပြီး တစ်နာရီကို (၃၅) မိုင်နှုန်းနဲ့ကူးခတ်နိုင်ကြပါတယ်။ ဒီအမြန်နှုန်းက သူတို့ကိုရေထဲကနေ တွန်းထုတ်ပေးဖို့အတွက် လုံလောက်ပြီး အတောင်ပံနဲ့တူတဲ့ဆူးတောင်တွေလည်း ပါရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။