အာဆီယံဒေသတွင်းက ထိုင်းနိုင်ငံဟာ ဘောလုံးကွင်း (၇၀) စာနဲ့ ညီမျှတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်ဆိုလာစွမ်းအင်စီမံကိန်းကို တည်ဆောက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ အစိမ်းရောင်စွမ်းအင် (Green Energy) ထုတ်လုပ်ရေးကို အကြီးအကျယ် ကူးပြောင်းတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့ဘက်ကီလိုမီတာ (၆၆၀) အကွာမှာရှိတဲ့ သီရိဒုံရေလှောင်ကန်ကြီးရဲ့ ရေပြင်အကျယ် (၁၂၀) ဟတ်တာပေါ်မှာ ဆိုလာပြားအချပ်ပေါင်း (၁၄၅,၀၀၀) တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကိုတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ ဒီလျှပ်စစ်စီမံကိန်းဟာ နေရောင်ခြည်ကရတဲ့ ဆိုလာဓာတ်အားအပြင် ရေကနေပြီးရရှိမယ့် ရေအားလျှပ်စစ်စီမံကိန်းပါ ပါဝင်တဲ့ ဟိုက်ဘရစ်စီမံကိန်းကိုဖော်ဆောင်သွားမှာဖြစ်တယ်လို့ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်တွေကဆိုပါတယ်။ shwekhitonlinetv.com

အလွယ်ပြောရရင် အခုလိုများပြားတဲ့ဆိုလာပြားတွေကနေနေ့ဘက်မှာ နေရောင်ခြည်သုံးစွမ်းအင်ကိုထုတ်လုပ်မှာဖြစ်ပြီး ညဘက်ရောက်တဲ့အခါမှာတော့ တာဘိုင် (၃) ခုကနေပြီး စီးဆင်းနေတဲ့ရေတွေဆီက ရေအားလျှပ်စစ်ကိုထုတ်ယူသွားမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ရေပေါ်ဆိုလာလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာ (၃၄) သန်းကုန်ကျခဲ့ပြီး ဒါဟာ ရည်ရွယ်ထားတဲ့ ရေလှောင်ကန်တွေကနေလျှပ်စစ်ထုတ်ယူမယ့်စီမံကိန်းများအနက်မှ ပထမဆုံးတစ်ခုသာဖြစ်သေးကြောင်း သိရပြီး နောက်ထပ် (၁၅) ခုကိုထပ်မံတည်ဆောက်သွားဖို့ရှိနေကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com

ဒီရေလှောင်ကန်ရဲ့ ရေပေါ်ဆိုလာလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ်ဓာတ်အား စုစုပေါင်း (၂.၇) ဂိုက်ဂါဝပ် (gigawatts) ထုတ်ယူနိုင်ဖို့မျှော်မှန်းထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေတဲ့နိုင်ငံဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ ပိုမိုထုတ်လုပ်ဖို့ကြိုးစားနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဝန်ကြီးချုပ် Prayuth Chan-Ocha ကလည်း ၂၀၅၀ ခုနှစ်မှာ ကာဗွန်ကင်းစင်နိုင်ငံတစ်နိုင်ငံအဖြစ်ရောက်ရှိနိုင်လိမ့်မည်လို့ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမှာကတိပြုခဲ့ပြီး ၂၀၆၅ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအားလုံးကို သုည သို့လျော့ချဖို့ရည်မှန်းထားကြောင်း လည်းသိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။