ကမ္ဘာကြီးနဲ့ပတ်သတ်တဲ့ အထင်ကရသမိုင်းပုံရိပ်တွေကိုစိတ်ဝင်စားကြတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ တစ်ကယ့်ကိုရှားပါးပြီး မြင်တွေ့ရဖို့ခဲယဉ်းလှတဲ့ သမိုင်းဝင်ဓာတ်ပုံလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com
၁။ ၁၉၁၄ ခုနှစ် ဇွန်လ (၂၈) ရက်နေ့က လုပ်ကြံခံရမယ့်နေ့မှာ နောက်ဆုံးတွေ့ရခဲ့တဲ့ သြစတြီးယားမင်းသား Franz Ferdinand နဲ့သူ့ရဲ့ဇနီးသည်ဖြစ်ပါတယ်။ ဒီလုပ်ကြံမှုဟာ ပထမကမ္ဘာစစ်ကိုဖြစ်ပွားစေမယ့် အကြောင်းအရင်းတစ်ရပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ၁၉၂၆ ခုနှစ်က သစ်တင်ကားအယောင်ဆောင်လာပြီး တရားမဝင်အရက်တွေခိုးသယ်လာတဲ့ ကားတစ်စီးကိုစစ်ဆေးနေတဲ့ ရဲအရာရှိတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ၁၉၀၄ ခုနှစ်က နယူးယော့ခ်မြို့ရဲ့ ပထမဆုံးမြေအောက်ရထားပြေးဆွဲမှုမှာ လိုက်ပါစီးနင်းခဲ့ကြတဲ့ ခရီးသည်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ၁၉၂၃ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Yankee Stadium မှာကျင်းပခဲ့တဲ့ ဘောက်ဆင်ပွဲတစ်ပွဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ၁၉၄၄ ခုနှစ်မှာ Winston Churchill ရဲ့ဆေးပြင်းလိပ်ကို စိတ်အားထက်သန်စွာနဲ့ မီးညှိပေးနေတဲ့ ပြင်သစ်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒုတိယကမ္ဘာစစ်အတွင်း ဂူတစ်ဂူထဲမှာပုန်းအောင်းနေရကထွက်လာတဲ့ သားအမိနှစ်ဦးကို လက်ကမ်းပေးနေတဲ့ အမေရိကန်စစ်သားတစ်ယောက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Havana Bar မှာ အရသာရှိရှိအရက်သောက်နေတဲ့ ကမ္ဘာကျော် အမေရိကန်ဝတ္ထုတိုစာရေးဆရာ (နိုဘယ်ဆုရှင်) Ernest Hemingway ရဲ့ ရှားပါးဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်မှုထမ်းနေတဲ့ အသက် (၁၈) နှစ်အရွယ် အယ်လိဇဘတ်ဘုရင်မကြီးဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဖမ်းဆီးရမိတဲ့ ဂျာမန်စစ်သားတွေရဲ့ဦးထုပ်တွေကို ပိရမစ်ပုံစံပြုလုပ်ပြီး (၁၉၁၈) ခုနှစ်က နယူးယော့ခ်မြို့မှာပြသထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ၁၉၆၀ ခုနှစ်တုန်းက Brasillia City ကိုတည်ဆောက်နေတဲ့မြင်ကွင်းပါ။ ဒီမြို့ဟာနောက်တစ်ချိန်မှာတော့ ဘရာဇီးလ်နိုင်ငံရဲ့ မြို့တော်ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

၁၁။ ကမ္ဘာကျော်ဂျာမန် ရူပဗေဒပညာရှင်ကြီး Albert Einstein နဲ့ Quantum Mechanics အကြောင်းဆွေးနွေးနေတဲ့ ဒိန်းမတ်ရူပဗေဒပညာရှင် Niels Bohr တို့ရဲ့ပုံဖြစ်ပါတယ်။ (၁၉၂၅) shwekhitonlinetv.com

၁၂။ Star War ရုပ်ရှင် ရှုတင်မှ နေ့လည်စာစားချိန်ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ ကမ္ဘာကျော် Harley-Davidson မော်တော်ဆိုင်ကယ်ကုမ္ပဏီကြီးရဲ့ ဖခင်တွေဖြစ်ကြတဲ့ William Harley နဲ့ Arthur Davidson ဖြစ်ပါတယ်။ (၁၉၁၄) shwekhitonlinetv.com

၁၄။ မိမိကိုယ်ကို အဆုံးစီရင်ဖို့ကြံစည်နေသူတစ်ဦးကို စကားပြောဖို့ကြိုးပမ်းနေတဲ့ ကမ္ဘာကျော်လက်ဝှေ့သမားကြီး မိုဟာမက်အလီဖြစ်ပါတယ်။ (၁၉၈၁) shwekhitonlinetv.com

၁၅။ အမေရိကန်နိုင်ငံမှ နာမည်ကျော် Golden Gate တံတားကြီးရဲ့ တည်ဆောက်ဆဲအခြေအနေဖြစ်ပါတယ်။ (၁၉၃၇) shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။