လူတစ်ယောက်မှာ ဖက်ရှင်ကအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ အများပြည်သူရဲ့မြင်ကွင်းရှေ့မှာနေရတဲ့ သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်တွေအတွက်ဆိုရင်ပိုလို့တောင်မှ အရေးပါပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ ရွှေပွဲလာတွေအားလုံးရဲ့ အာရုံကိုဖမ်းစားသိမ်းပိုက်နိုင်ခဲ့တဲ့ ဆယ်လီအချို့ရဲ့ ဖိနပ်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ Elle Fanning

၂၀၁၂ ခုနှစ်က Twilight Saga : Braeking Down Part-2 ရုပ်ရှင်အထူးပြပွဲကိုတက်ရောက်လာတဲ့ (၁၄) နှစ်သမီးလေး Elle Fanning ရဲ့ ဖိနပ်ကတော့မြင်တဲ့သူတိုင်းကို နှစ်ခါမကပြန်ကြည့်နိုင်အောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Fergie

Black Eyed Peas အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ အဆိုတော် Fergie ကလည်း ထူးထူးခြားခြား အစိမ်းရောင်မီးတောက် ကနုတ်တွေပါတဲ့ ဒေါက်ဖိနပ်ကိုစီးပြီး ၂၀၁၂ နှစ်တုန်းကပွဲတက်ခဲ့တာကြောင့် သူမရဲ့ဖက်ရှင်ကိုလူပြောများခဲ့ကြပါသေးတယ်။ shwekhitonlinetv.com
၃။ Lady Gaga

အဆိုတော် Lady Gaga ကတော့ Fashion Queen တစ်ဦးလို့ဆိုရလောက်အောင်ကို အများနဲ့မတူတဲ့ဖက်ရှင် အဆန်းတွေကိုဝတ်ဆင်တက်တဲ့သူဖြစ်ပါတယ်။ နယူးယော့ခ်မြို့ရဲ့ ဖက်ရှင်ရက်သတ္တပတ်တစ်ခုမှာလဲ သူမရဲ့ (၁၂) လက်မမြင့်တဲ့ဖိနပ်နဲ့ ပွဲလာသူတွေရဲ့အာရုံကိုဖမ်းစားသိမ်းပိုက်ခဲ့ပါသေးတယ်။ shwekhitonlinetv.com
၄။ Kendall Jenner

နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ Kendall Jenner ဟာလည်းဆန်းသစ်ပြီး စမတ်ကျလှတဲ့ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ Tiffany & Co Event မှာတုန်းက သူမဝတ်ဆင်လာတဲ့ ကြိုးသိုင်းဒေါက်ဖိနပ်လေးကတော့ မြင်သူတိုင်းအတွက် အသစ်အဆန်းဖြစ်ခဲ့ပြီး ရေပန်းစားခဲ့ပါတယ်။ shwekhitonlinetv.com
၅။ Katy Perry

ဗြိတိန်အဆိုတော် Katy Perry ဟာလည်း ၂၀၁၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာတုန်းက Piano ပုံစံ ဒီဇိုင်းဖော်ထားတဲ့ ဒေါက်ဖိနပ်ကိုဝတ်ဆင်ခဲ့တာကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ shwekhitonlinetv.com
၆။ Sarah Jessica Parker

Sarah Jessica Parker ကတော့ ဒေါက်ဖိနပ်တွေကို အမျိုးမျိုးဒီဇိုင်းထွင်ပြီးစီးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေကိုတုပပြီး SJP Collections ဆိုပြီး ဖိနပ်ဒီဇိုင်းတွေတောင်ရှိပါတယ်။ အခုပုံမှာမြင်ရတာကတော့ Sex and the City ဇာတ်ကားအထူးပွဲကိုတက်ရောက်ခဲ့တုန်းက သူမစီးခဲ့တဲ့ဖိနပ်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Nicole Kidman

၂၀၁၃ ခုနှစ်တုန်းကတော့ အော်စကာဆုရမင်းသမီး Nicole Kidman တစ်ယောက်ဟာ CMY Music Award ကိုသူမရဲ့ ခင်ပွန်းဖြစ်တဲ့ Keith Urban နဲ့အတူတက်ရောက်ခဲ့ပါတယ်။ ဒီပွဲကိုတက်ရောက်ချိန်မှာတော့ သူမအနေနဲ့ Dior ရဲ့ ရိုးရှင်းတဲ့ ဒေါက်ဖိနပ်လေးကိုရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Chloë Sevigny

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာဖြစ်သလို ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်းဖြစ်တဲ့ Chloë Sevigny ကတော့ ၂၀၁၆ တုန်းက လော့အိန်ဂျလိစ်မှာပြုလုပ်တဲ့ ပါတီပွဲတစ်ခုကို Gucci ရဲ့ အပြာနုရောင် ဖိနပ်လေးစီးပြီး ပရိသတ်ရဲ့ အာရုံကိုဖမ်းစားခဲ့ပါတယ်။ shwekhitonlinetv.com
၉။ Victoria Beckham

ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ရဲ့ဇနီးဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း (Victoria Beckham) ကတော့အပြင်တစ်ခါထွက်တိုင်း မတူညီတဲ့ဖက်ရှင်တွေကို ချပြဝတ်ဆင်လေ့ရှိသူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ဒေါက်မပါတဲ့ ဒူးခေါင်းဖုံးသားရေလည်ရှည်ဖိနပ်ကို ထူးထူးခြားခြားဝတ်ဆင်ပြခဲ့ပြန်ပါတယ်။ shwekhitonlinetv.com
၁၀။ Blake Lively

သူမကတော့ လှပကျော့ရှင်းတဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ဝတ်စုံတွေကို အမြဲရွေးချယ်ဝတ်ဆင်တက်တဲ့သူမို့လို့ မိန်းကလေးအများစုဟာ သူမရဲ့ပွဲတက်ဝတ်စုံတွေကို စောင့်ကြည့်တက်ကြပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီဇိုင်းခပ်ဆန်းဆန်း အဝါရောင်သားရေဒေါက်ဖိနပ်လေးကို သူမရဲ့ Fan တွေကိုပြသခဲ့ပြန်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။