ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားလှတဲ့ ကုမ္ပဏီကြီးတွေအများအပြားရှိပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးမယ့် ကုမ္ပဏီကြီး (၇) ခုကတော့ဝန်ထမ်းတွေအပေါ်ကိုအတော်လေး အလေးထားတယ်လို့ဆိုရမယ့် စည်းမျဉ်းစည်းကမ်း မူဝါဒတွေ ချမှတ်ထားတဲ့ကုမ္ပဏီကြီးတွေပါ။ ဘယ်လိုတွေများဝန်ထမ်းတွေအပေါ် ဂရုစိုက်သလဲဆိုတာတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com
၁။ Philips

နယ်သာလန်အခြေစိုက် ကမ္ဘာကျော်အီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်တဲ့ Philips ကတော့ ကားပါကင်ရှာခြင်းထက် အိမ်ပြန်ပြီးအလုပ်ဝင်ရောက်ခြင်းက ပိုမိုထိရောက်ပြီးပိုမိုအကျိုးရှိတယ်ဆိုတဲ့ အယူအဆကိုကိုင်စွဲထားပါတယ်။ ဟုတ်ပါတယ် Philips ကုမ္ပဏီကဝန်ထမ်းတစ်ဦးအနေနဲ့ ရုံးကိုလာတဲ့အချိန်မှာ ကားပါကင်ထိုးဖို့နေရာမရှိခဲ့ရင် အဲ့ဒီနေ့ကို အိမ်ကနေပဲ Work From Home လုပ်ခွင့်ရှိပါတယ်။ shwekhitonlinetv.com
၂။ SAP Labs

အိန္ဒိယနိုင်ငံမှာရှိတဲ့ Bengaluru မြို့မှာအခြေစိုက်ထားတဲ့ SAP Labs ကတော့သူ့ရဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ရုံးတက်ရုံးဆင်းချိန်တင်းကြပ်ထားတာမျိုးမရှိပါဘူး။ ဥပမာ သူတို့ဆီကဝန်ထမ်းတစ်ယောက်အနေနဲ့ (၆) နာရီအတွင်းပြီးရမည့် အလုပ်ကို (၄) နာရီအတွင်းပြီးစီးအောင်လုပ်ဆောင်နိုင်ပါက အလုပ်ပြီးတာနဲ့ တန်းပြီးရုံးဆင်းလို့ရပါတယ်။ နောက်ပြီး တစ်ပတ်ကို တစ်ရက် Work From Home လုပ်ခွင့်လည်းရှိပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သတ်လို့ မန်နေဂျာကိုတောင်အစီရင်ခံစရာမလိုပါဘူး။ shwekhitonlinetv.com
၃။ Future Group

မွမ်ဘိုင်းမြို့အခြေစိုက်လက်လီအရောင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Future Group ကတော့ ဝန်ထမ်းတွေ သွားရေးလာရေးခက်ခဲမှုတွေကို အလွန်နားလည်မှုပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီကုမ္ပဏီဟာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အလုပ်နောက်ကျခဲ့ရင် လုံးဝအလုပ်ထုတ်မယ့်ကုမ္ပဏီမဟုတ်လို့ပါပဲ။ သူတို့ရဲ့ ဝန်ထမ်းတွေရဲ့အလုပ်ခွင်ဝင်ချိန်ကို နံနက် (၈း၃၀) ကနေ (၁၀း၃၀) အတွင်းအရောက်လာဖို့သတ်မှတ်ပေးထားပြီး အဲ့ထက်နောက်ကျခဲ့ရင်လည်း ကိစ္စမရှိပါဘူး။ အလုပ်ချိန် (၈) နာရီပြည့်ရင်မင်းရဲ့တာဝန်ကျေပါတယ်။ shwekhitonlinetv.com
၄။ Price Water House Coopers India

ကမ္ဘာလုံးဆိုင်ရာအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Price Water House Coopers India ဟာလည်း ကုမ္ပဏီရုံးခွဲအသစ်တွေဖွင့်လှစ်တိုင်း ဝန်ထမ်းများရဲ့သွားရေးလာရေးလွယ်ကူဖို့ကို အမြဲဦးစားပေးပြီး ဝန်ထမ်းတွေရဲ့အခက်အခဲတွေကို သတိထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ ဒဿနကတော့ ဝန်ထမ်းတွေ သက်တောင့်သက်သာရှိပြီးပျောရွှင်တဲ့အခါမှာ ကုန်ထုတ်စွမ်းအားတိုးလာမယ်ဆိုတာပါပဲ။ shwekhitonlinetv.com
၅။ Coca Cola

ကမ္ဘာကျော်အချိုရည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coca Cola ရဲ့ဝန်ထမ်းတွေအတွက် ဆောင်ပုဒ်ကတော့ Work Early and Leave Early ပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ယာဉ်ကြောတွေထူထပ်စွာပိတ်ဆို့တဲ့ အချိန်တွေကို ရှောင်ရှားနိုင်ဖို့အတွက် အခုလိုမျိုးရုံးကို တခြားကုမ္ပဏီတွေထက်စောစောတက်စေပြီး၊ စောစောဆင်းစေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ KPMG India

KPMG India ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ရိုးရှင်းပြီးကုန်ထုတ်စွမ်းအားတိုးမြှင့်ဖို့အတွက်ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ကိုင်စွဲထားတဲ့ မူဝါဒတစ်ခုကတော့ “Work From Anywhere” ပါ။ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ ရုံးကိုလာမှမဟုတ်ဘဲ ဘယ်နေရာကမဆိုအလုပ်ကို လုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့်ပေးအပ်ထားတဲ့တာဝန်တွေကိုတော့ ပြီးမြောက်အောင်ဆောင်ရွက်ပြီး သက်ဆိုင်ရာမန်နေဂျာထံကို Report တင်ဖို့တော့လိုပါတယ်။ shwekhitonlinetv.com
၇။ Microsoft

ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ရဲ့ ဟိုက်ဒရာဘတ်ရုံးခွဲမှာတော့ ကုမ္ပဏီဝန်ထမ်းတွေအတွက် အကောင်းဆုံးကိုယ်ပိုင်သယ်ယူပို့ဆောင်ရေးစနစ်ကိုထားရှိထားပါတယ်။ ဒီ ရုံးခွဲမှာ အလုပ်လုပ်ကိုင်ကြတဲ့ဝန်ထမ်းတွေကို ကုမ္ပဏီပိုင် ဘတ်စ်ကား၊ တက္ကစီတွေနဲ့ ဘူတာရုံလို ဘတ်စ်ကားဂိတ်လို နေရာတွေမှာ ကြိုပို့လုပ်ပေးတယ်လို့သိရပါတယ်။ ဒီလိုပြုမူပေးခြင်းဟာ အထူးသဖြင့်တော့ ကုမ္ပဏီရဲ့ အမျိုးသမီးဝန်ထမ်းတွေအတွက် အတော်လေးကို လုံခြုံစိတ်ချမှုရှိစေတယ်လို့ပြောလို့ရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။