များသောအားဖြင့်တော့ မိသားစုတစ်စုမှာ သားသမီး (၄)၊ (၅) ဦးသာရှိတက်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့မိသားစုတွေမှာတော့ သားသမီးဦးရေဟာ (၁၀) ယောက်မကရှိတက်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလိုမျိုး သားသမီးတွေအများကြီးပိုင်ဆိုင်ထားကြတဲ့ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ အီလွန်မက်စ် – (၁၀) ဦး

ကမ္ဘာကျော် ဘီလျံနာသူဋ္ဌေးကြီး အီလွန်မက်စ်ကတော့မကြာသေးမီကမှ နောက်ထပ်ကလေးတစ်ဦးထပ်မံပိုင်ဆိုင်ခဲ့လို့ ကလေး (၁၀) ဦးရဲ့ဖခင်ဘဝကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီကလေးရဲ့အရင် အီလွန်မက်စ်မှာ သုံးမွှာပူးတစ်ကြိမ်၊ နှစ်မွှာပူးနှစ်ကြိမ် အဖြစ်အမွှာကလေးငယ်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ shwekhitonlinetv.com
၂။ အက်ဒီမာဖီ – (၁၀) ဦး

အသက် (၆၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်အဆိုတော်သရုပ်ဆောင်ကြီး အက်ဒီမာဖီကလည်း ကလေး (၁၀) ဦးကိုပိုင်ဆိုင်ထားပြီး ဒီစာရင်းမှာ အီလွန်မက်စ်နဲ့ အတူနံပါတ် (၁) နေရာကိုပူးတွဲပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူ့မှာ သမီး (၆) ဦး နဲ့ သား (၄) ဦးရှိပြီးတော့ ဒီလိုကလေးအများကြီးပိုင်ဆိုင်ထားရတာကို အလွန်ကျေနပ်နေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ မယ်လ်ဂစ်ဘ်ဆင် – (၉) ဦး

ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ မယ်လ်ဂစ်ဘ်ဆင်ကတော့ ဒီစာရင်းမှာ ရမှတ်အနည်းငယ်နိမ့်တယ်လို့ ဆိုရမှာဖြစ်ပေမယ့် သူကလည်းကြီးမားတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ သူ့မှာကလေးစုစုပေါင်း (၉) ဦးရှိပြီး အငယ်ဆုံးက (၄) နှစ် နဲ့ အကြီးဆုံးက အသက် (၄၀) ဝန်းကျင်ဖြစ်ပါတယ်။ သူ့မှာတော့ သားယောကျ်ားလေးများပြီး သား (၇) ဦး သမီး (၂) ဦးရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ မစ်ခ်ဂျက်ဂါ – (၈) ဦး

အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဂန္တဝင်အဆိုတော်ကြီး မစ်ခ်ဂျက်ဂါကတော့မြေး (၅) ဦးနဲ့ မြစ် (၂) ဦးတောင်ရရှိနေပြီဖြစ်ပါတယ်။ Rolling Stone အဖွဲ့ရဲ့ခေါင်းဆောင်ကြီးမှာတော့ သားသမီးစုစုပေါင်း (၈) ဦးရှိတာဖြစ်ပြီး အကြီးဆုံးကတော့ အသက် (၅၁) နှစ်ဖြစ်ပြီး အငယ်ဆုံးကတော့ အသက် (၅) နှစ်ပါ။ shwekhitonlinetv.com
၅။ ကလင့်အိစ်ဝုဒ် – (၈) ဦး

အသက် (၉၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး ကလင့်အိစ်ဝုဒ်ကတော့ မတူညီတဲ့ အမျိုးသမီး (၆) ဦးကနေ သမီး (၆) ဦးနဲ့ သား (၂) ဦးပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ မိုက်တိုင်ဆန် – (၆) ဦး

အတိုက်အခိုက် ကျွမ်းကျင်ပြီးလက်ဝှေ့လောကမှာ အောင်မြင်ခဲ့တဲ့ မိုက်တိုင်ဆန်ကြီးကတော့ အိမ်ထောင်ရေးမှာလည်း အောင်မြင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာသူ့ရဲ့ သားသမီး (၆) ဦးကိုပြုစုပျိုးထောင်နေပါတယ်။ shwekhitonlinetv.com
၇။ ဘရက်ပစ် – (၆) ဦး

ဒီစာရင်းမှာပါဝင်တဲ့နောက်ဆုံးတစ်ယောက်ကတော့ မင်းသားချောဘရက်ပစ်ပဲဖြစ်ပါတယ်။ သူကလည်း ကလေး (၆) ဦးရဲ့ဖခင်အဖြစ်ပျော်ရွှင်တဲ့မိသားစုလေးကိုတည်ထောင်ထားပါတယ်။ ဒါပေမယ့် ဒီကလေး (၆) ဦးမှာ (၃) ဦးကသာသူ့ရဲ့ သွေးသားရင်းဖြစ်ပြီးတော့ ကျန်တဲ့ (၃) ဦးကတော့ မွေးစားထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။