အချိန်ဆိုတဲ့ သမားတော်ကြီးဟာ အရာရာကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြီးမားဆုံး အကျိုးသက်ရောက်စေတဲ့ အရာပဲဖြစ်ပါတယ်။ အခုတခေါက်မှာတော့ ရွေ့လျားပြောင်းလဲလာတဲ့ အချိန်ကာလတွေအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ဖက်ရှင်ပိုင်းဆိုင်ရာ ပြောင်းလဲခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ David and Brooklyn Beckham

ကမ္ဘာကျော်ဘောလုံးကစားသမား ဒေးဗစ်ဘက်ခမ်းကိုတော့ မသိသူမရှိလောက်ဘူး ထင်ပါတယ်နော်။ ပုံမှာ တွေ့မြင်ရတာကတော့ ဒေးဗစ်ဘက်ခမ်းနဲ့ သူ့ရဲ့သားကြီး ဘရွတ်ကလင်းတို့ရဲ့ ပုံဖြစ်ပါတယ်။ အချိန်တွေကြာမြင့်ခဲ့ပြီးနောက်မှာတော့ ခန့်ညားလာတဲ့ သားကြီးနဲ့ ညီအကိုပမာ နုပျိုနေဆဲ ဒေးဗစ်တို့ရဲ့ ပုံရိပ်ကတော့ အားလုံးကို အားကျမိစေခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Elliot Page

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Elliot ကတော့ ကနေဒါနိုင်ငံသား သရုပ်ဆောင်နဲ့ ထုတ်လုပ်သူ တဦးဖြစ်ပါတယ်။ လိင်ပြောင်းခွဲစိတ်ခဲ့သူတယောက်ဆိုတာ ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ အမျိုးသားတဦးအဖြစ် ဘဝကိုခံယူခဲ့သူပါ။ ၇ နှစ်တာကာလအတွင်း အကြီးမားဆုံး အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Rebel Wilson

သြစတေးလျနိုင်ငံသူဖြစ်တဲ့ Rebel Wilson ကတော့ သရုပ်ဆောင်၊ တေးရေးဆရာ ၊ အဆိုတော် နဲ့ ထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူမရဲ့ ၁၀ နှစ်ကျော်ကာလမှာ အကြီးမားဆုံး အပြောင်းအလဲကတော့ မထင်မှတ်ထားလောက်အောင် ဝိတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Kylie Jenner

ကမ္ဘာကျော်ဆယ်လီတဦးဖြစ်ပြီး တချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်တဲ့ သန်းကြွယ်သူဌေး Kylie ကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်နော်။ ခွဲစိတ်ပြုပြင်မှုတချို့ ပြုလုပ်ခဲ့ပြီးနောက် ၁၀ နှစ်တာကာလအတွင်း ပြောင်းလဲလာခဲ့တဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Madonna

ပေါ့ပ်တေးဂီတရဲ့ ဘုရင်မကြီးအဖြစ် တင်စားခံရတဲ့ Madonna ကတော့ အမေရိကန် အဆိုတော် ၊ တေးရေး နဲ့ သရုပ်ဆောင် လည်းဖြစ်ပါတယ်။ မအိုဆေးစားထားသလိုတောင် ထင်ရတဲ့ Madonna ကတော့ အချိန်တွေကြာလာလေလေ ပိုပြီးနုပျိုလာလေလို့တောင် ထင်ရပါတယ်။ shwekhitonlinetv.com
၆။ Kristen Stewart

မြန်မာပရိတ်သတ် အများစုအနေနဲ့ သွေးစုတ်ဖုတ်ကောင်ဇာတ်လမ်းရဲ့ မင်းသမီးအဖြစ် Kristen Stewart ကို သိကြမယ်ထင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ကြေးအကြီးဆုံး သရုပ်ဆောင်မင်းသမီးဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ စိတ်ဝင်စားတဲ့သူအဖြစ် ဝန်ခံပြီးနောက်မှာတော့ Kristen Stewart ရဲ့ ဖက်ရှင်ဟာ ပြောင်းလဲလာခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Julia Roberts

အသက် ၅၄ နှစ်လို့တောင် မထင်ရတဲ့ မင်းသမီးကြီး Julia Roberts ကတော့ တကယ့်ကို အရွယ်တင် နုပျိုသူတဦးဖြစ်ပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း နှစ် ၂၀ ကြာခဲ့တာတောင် ငယ်ရုပ်လေးအတိုင်း မပြောင်းလဲပဲ လှပနေဆဲဖြစ်တဲ့ မင်းသမီးကြီးပါ။ shwekhitonlinetv.com
၈။ Orlando Bloom

The Lord of the Rings ဇာတ်လမ်းတွဲရဲ့ ဇာတ်ကောင်နဲ့ အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်ထိ မြန်မြန်ဆန်ဆန်နဲ့ နာမည်ကြီး အောင်မြင်မှု ရရှိခဲ့မယ်လို့ သူ တခါမှ မမျှော်လင့်ခဲ့ဘူးလို့ Orlando Bloom က ဆိုပါတယ်။ အခုချိန်မှာတော့ အောင်မြင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို ခံစားနေရတာကြောင့် ပရိတ်သတ်ရဲ့ မြင်ကွင်းကနေ ခဏပျောက်ကွယ်နေခဲ့ပါတယ်။ shwekhitonlinetv.com
၉။ Bella Hadid

၁၉၉၆ ခုနှစ်ဖွား Bella ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမတူတဲ့ အောင်မြင်မှုကို ရရှိနေသူပါ။ ဖက်ရှင်လောကရဲ့ ဝင်ငွေအကောင်းဆုံးမော်ဒယ်အဖြစ် ထိပ်တန်းစာရင်းဝင်သူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်အထိ ကြီးပြင်းရင့်ကျက်လာပြီး ပိုမိုလှပလာတဲ့ သူမရဲ့ ပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၁၀။ Katy Perry

အမေရိကန်အဆိုတော်၊ တေးရေး နဲ့ သရုပ်ဆောင်ဖြစ်တဲ့ ကမ္ဘာကျော်အနုပညာရှင် Katy Perry နဲ့ သူ့ရဲ့ သီချင်းတွေကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဆယ်နှစ်ကျော်ကာလအတွင်း ဖက်ရှင်ပိုင်းဆိုင်ရာ ပြောင်းလဲပြီးနောက် ပိုမိုတောက်ပလာတာကို သတိထားမိမှာပါနော်။ shwekhitonlinetv.com
၁၁။ Justin Bieber

မြန်မာပရိတ်သတ်တွေအနေနဲ့ Justin Bieber ကိုတော့ မသိသူ မရှိလောက်ပါဘူးနော်။ မကြာသေးခင်က လေဖြန်းသွားတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရတဲ့ Justin Bieber ကတော့ အခုချိန်မှာ ပြန်လည်ကောင်းမွန်လာပြီး ဖျော်ဖြေရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ၁၀ နှစ်တာကာလအတွင်းမှာ အိမ်ထောင်ဦးစီးတယောက်ဖြစ်ခဲ့ပြီး ကြီးပြင်းရင့်ကျက်လာတဲ့ Justin Bieber ရဲ့ ပုံရိပ်ကို တွေ့ရမှာပါ။ shwekhitonlinetv.com
၁၂။ Pierce Brosnan

James Bond မင်းသားကြီးအဖြစ် လူသိများတဲ့ James Bond ကတော့ အိုင်းရစ်လူမျိုး သရုပ်ဆောင်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်သူပါ။ ဇနီးသည်ကို အရမ်းချစ်တတ်တဲ့ အမျိုးသားကြီးအဖြစ်လည်း ပရိတ်သတ်တွေကြားမှာ ချီးကျူးခံရသူလည်း ဖြစ်ပါတယ်။ အရွယ်တင်တဲ့ မင်းသားကြီးကတော့ ၁၀ နှစ်တာအတွင်း ထူးထူးခြားခြား ပြောင်းလဲမသွားပဲ နုပျိုနေဆဲပါပဲနော်။ shwekhitonlinetv.com
၁၃။ Miley Cyrus

Miley Cyrus ကတော့ အမေရိကန်အဆိုတော်၊ တေးရေးနဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။ တခြားသူတွေနဲ့ မတူညီတဲ့ သူမရဲ့ ထူးခြားကောင်းမွန်လှတဲ့ အသံကြောင့် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားသူပါ။ အချစ်ရေးနဲ့ပက်သက်ပြီး ဂယက်များတဲ့ Miley Cyrus ရဲ့ ၁၀ နှစ်တာကာလအတွင်း ပြောင်းလဲလာတဲ့ သွင်ပြင်ကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။