ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အဆောက်အဦးလောကမှာ ဖြစ်ခဲ့တဲ့ အမှားအယွင်းလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
ကိုယ်ဒီဇိုင်းဆွဲတာနဲ့ အပြင်မှာတစ်ကယ်ဆောက်တော့ လက်တွေ့မကျခဲ့တဲ့ ပုံလေးတွေကို ကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com
၁။ ငယ်စဉ်ကြီးလိုက်ဆောက်ထားတဲ့ အိမ်

ဒီတိုက်ကြီးကို ကြည့်လိုက်တာနဲ့ ဒီဇိုင်းဆွဲတဲ့သူရဲ့ စိတ်ကူး အတော်လေးကို လွဲချော်သွားတာကို သတိထားမိနိုင်ပါတယ်။ အောက်ကမြေညီထပ်ကို အသေးလုပ်ပြီး အပေါ်အထပ်ကို အကြီးကြီးတွေ ဆောက်ထားတာက တစ်ကယ့်ကို အန္တရာယ်များလွန်းလှပါတယ်။ တော်တော်များများကတော့ ဒီအဆောက်အဦးဟာ လူနေဖို့ မလုံခြုံနိုင်ဖူးလို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ shwekhitonlinetv.com
၂။ ဆံပင်ညှပ်ဆိုင်အတွင်းက အပြင်အဆင်

ဆံပင်ညှပ်ဆိုင်ဆိုတာမျိုးက အမြဲကြမ်းပြင်ပေါ်မှာ ညှပ်ပြီးသာ ဆံပင်တွေနဲ့ ရှုပ်ပွနေတတ်လို့ မကြာခဏရှင်းလင်းနေရတာပါ။ ပုံထဲမှာ မြင်ရတဲ့ အပြင်အဆင်က တစ်ခြားနေရာတွေမှာဆိုရင်တော့ လှချင်လှနေနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်ဆိုင်လိုနေရာမျိုးမှာဆိုရင်တော့ ကြည့်ရသူကို အတော်လေး အရုပ်ဆိုးနေစေပါတယ်။ shwekhitonlinetv.com
၃။ ဝင်ပေါက်ဖောက်ဖို့မေ့သွားတဲ့ အင်ဂျင်နီယာ

အခုပုံမှာ မြင်ရတဲ့အတိုင်း ဒီအဆောက်အဦးကို ဆောက်တဲ့အင်ဂျင်နီယာတစ်ယောက် လူဝင်ဖို့ အပေါက်ကို ဖောက်ခဲ့ဖို့ မေ့သွားပုံပါပဲ။ သာမန်ဆိုရင်တော့ ဝှီးချဲနဲ့သွားနေရတဲ့သူတွေအတွက် လှေကား ပြေလျောလေးလုပ်ထားပေမယ့် တစ်ဖက်မှာ ဝင်ဖို့အတွက် အပေါက်မရှိတော့ လာတဲ့လမ်းအတိုင်း နောက်ပြန်လှည့်ရမလိုတောင် ဖြစ်နေပါပြီ။ shwekhitonlinetv.com
၄။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိုင်ရမယ့် အိမ်သာ

တစ်ကယ်လို့ သင်ဟာ လူတစ်ယောက်နဲ့ စကားများရန်ဖြစ်ထားတယ်ဆိုရင် သူနဲ့အတူ ဒီအိမ်သာထဲမှာ မတွေ့ချင်လောက်ပါဘူး။ အကန့်တွေ အကာတွေ မရှိပဲ မျက်နှာချင်းဆိုင် အိမ်သာထိုင်ရတဲ့ ပုံစံဖြစ်နေတာကြောင့် အတော်လေးကို ကို့ရို့ကားယား နိုင်လွန်းလှပါတယ်။ shwekhitonlinetv.com
၅။ လမ်းလယ်လောက်အထိ နယ်ချဲ့ထားတဲ့ အိမ်

ပုံမှာ မြင်ရတဲ့အတိုင်း ဒီအိမ်အတွက် ဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာက အတော်လေးကို တင်တင်စီးစီး နိုင်လွန်းတယ်လို့တောင် ပြောရမလိုပါပဲ။ လူသွားလမ်းရဲ့ တစ်ဝက်လောက်အထိ နေရာယူပြီး ဆောက်ထားတဲ့အပြင် လမ်းမဖက်ကို ချဲ့ဆောက်ထားတဲ့ အိမ်က ထောက်တိုင် (၃) ခုနဲ့ပဲ ထောက်ထားလို့ တော်တော်လေးကို အန္တရာယ်များလွန်းလှပါတယ်။ shwekhitonlinetv.com
၆။ အပိုတပ်ပေးထားတဲ့ တံခါး

လှေကား အတက်ဆင်း လုပ်ရတဲ့နေရာမှာ တံခါးတစ်ခုကို ဘာလို့တပ်ပေးထားရတာလဲဆိုတာ တော်တော်လေးကို စဉ်းစားစရာပါ။ ဖြစ်နိုင်တာကတော့ ဒီအဆောက်အဦးကို ဆောက်ပြီးတဲ့ အချိန် တံခါးတစ်ချပ်ပိုနေလို့ ဒီနေရာမှာ လာတပ်ပေးထားတာ ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com
၇။ စိတ်ကူးလွဲသွားတဲ့ Bus ကား စတေကာ

ပုံမှန် ပြတင်းတံခါး မဖွင့်ပဲထားမယ် ဆိုရင်တော့ ကပ်ထားတဲ့ စတေကာလေးက အတော်လေးကို လှပနေမှာပါ။ ဒါပေမယ့် ပြတင်းပေါက်လေးကို ဖွင့်လိုက်မယ်ဆိုရင်တော့ မြင်ရသူတွေနဲ့ စိတ်ကို ကသိကအောက် ဖြစ်သွားစေနိုင်ပါတယ်။ shwekhitonlinetv.com
၈။ အကန့်မခွဲထားတဲ့ အမှိုက်ပုံး

အမှိုက်ပုံးတွေမှာ ပလက်စတစ်သက်သက် တစ်ခြားအမှိုက်ပစ်ဖို့ သက်သက် အကန့်လေးတွေ ခွဲထားပေးတာရှိပါတယ်။ ဒါပေမယ့် ဒီအမှိုက်ပုံးကတော့ အဖုံးမှာ သက်သက်ဆီ ခွဲပစ်ဖို့ အပေါက်ဖေါက်ထားပေမယ့် အထဲမှာတော့ ဘာ အကန့်မှ ခွဲမထားပဲ တစ်နေရာထဲကိုပဲ ရောက်သွားတာပါ။ shwekhitonlinetv.com
၉။ ဖြတ်လမ်း လှေကား

တစ်ကယ်လို့ သင်ဟာ လှေကားအတက်အဆင်း လုပ်ရင်မောတတ်တဲ့ သူဆိုရင် ဒီလှေကားလေးက အဆင်ပြေမှာပါ။ သာမန်လှေကားကိုမှ နှစ်ထပ် ထပ်ပေးထားသလို ဖြစ်နေတာကြောင့် ကွေ့ပတ်ဆင်းစရာ မလိုတော့ပါဘူး ။ shwekhitonlinetv.com
၁၀။ အန္တရာယ်များလွန်းတဲ့ အဆောက်အအုံ

ပုံထဲမှာ မြင်ရတဲ့ အဆောက်အဦးထဲကို တော်ရုံလူ ဘယ်သူမှ မဝင်ရဲပါဘူး အကြောင်းကတော့ ဒီအဆောက်အဦးရဲ့ အန္တရာယ်များလွန်းတဲ့ တည်ဆောက်ပုံ ကြောင့်ပဲ ဖြစ်ပါတယ်။ အောက်ခြေမှာ တောင့်တောင့်တင်းတင်း Foundation မထားပဲ ဆောက်ထားတာမို့လို့ လူနေထိုင်ရန် မသင့်တော်လှပါဘူး။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာတွေကတော့ အဆောက်အဦးပိုင်းနဲ့ တစ်ခြားဒီဇိုင်းနေရာတွေမှာ Fail ဖြစ်သွားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို အကြောင်းအရာတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။