ခေတ်ကာလတွေရွေးလျားပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့နေထိုင်မှုပုံစံတွေကလည်း ဟိုးယခင်တုန်းကနဲ့ မတူဘဲ ဆန်းသစ်ပြောင်းလဲလို့လာပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်နေရာတည်းမှာအတည်တကျ အခြေချ နေထိုင်ရတာကို ငြီးငွေ့နေတဲ့သူတွေအတွက် အဆင်ပြေစေမယ့် ရွေ့လျားအိမ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com
၁။ The eleMMent Palazzo

The eleMMent Palazzo ကတော့ ကမ္ဘာပေါ်မှာအကျော်ကြားဆုံး RV (Recreation Vehicle) အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ အခုပုံမှာဖော်ပြထားတဲ့ရွေ့လျားကားအိမ်လေးကတော့ အမေရိကန်ဒေါ်လာ (၃) သန်းလောက်တန်ပါတယ်။ သူ့မှာ ကျယ်ဝန်းတဲ့ Master Bedroom၊ ၄၀ လက်မ ပလာစမာတီဗွီ၊ အခြားခေတ်မီပရိဘောဂတွေ နဲ့ ခေါင်မိုးထပ်ဆင့်တွေပါရှိပါတယ်။ မိသားစုလိုက်ခရီးထွက်မယ့်သူတွေအတွက်ကတော့ ဒီဇိုင်းဆန်းတဲ့ ဒီရွေ့လျားကားအိမ်လေးက သက်တောင့်သက်သာရှိစေမယ့်အပြင် မြင်သူတိုင်းငေးမောသွားစေမှာအမှန်ပါပဲ။ shwekhitonlinetv.com
၂။ The Volkner Performance Bus

ဒုတိယမိတ်ဆက်ပေးချင်တဲ့ ရွေ့လျားအိမ်လေးကတော့ The Volkner Performance Bus လို့ခေါ်ပါတယ်။ သူ့မှာလည်း အဆင့်မြင့် အိပ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းတွေပါဝင်သလို မိသားစုနဲ့ခရီးထွက်ရင်း အလန်းစားဇိမ်ခံကားတွေကိုပါသယ်ဆောင်သွားနိုင်တဲ့ လျှို့ဝှက်အကန့်လေးလဲပါဝင်ပါတယ်။ ဒီရွေ့လျားအိမ်လေးအတွက်ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၁.၅) သန်းနီးပါးဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ The Shipping Container Home


ဒါကတော့အများမြင်ဖူးတွေ့ဖူးနေကြ သဘောၤကွန်တင်တာအိမ်လေးတွေဖြစ်ပါတယ်။ မြင်တွေ့နေကျမို့လို့အထူးအဆန်းမဖြစ်ဖူးဆိုပေမယ့် အကောင်းစားဇိမ်ခံပရိဘောဂတွေနဲ့ သေချာပြင်ဆင်လိုက်မယ်ဆိုရင်တော့ ဒေါ်လာ (၁) သိန်းကျော်လောက်ကုန်ကျနိုင်ပါတယ်။ shwekhitonlinetv.com
၄။ The Foldout Home

ဒီလိုအိမ်မျိုးကိုတော့ Swiss Army Mobile Home လို့လည်းခေါ်ကြပါတယ်။ အလွယ်တကူရွေ့ပြောင်းနိုင်အောင် အိမ်ကို သေတ္တာတစ်ခုလိုခေါက်သိမ်းလို့ရအောင် တီထွင်ဖန်တီးထားတဲ့ အိမ်မျိုးတွေဖြစ်ပါတယ်။ အများအားဖြင့်တော့ ဒီအိမ်လေးထဲမှာ ပရိဘောဂတွေသိပ်မဖြည့်ထားဘဲ အခွံလွတ်အတိုင်းသာရောင်းချကြပါတယ်။ ကောင်းတဲ့အချက်တစ်ခုကတော့ ဒီခေါက်သိမ်းလို့ရတဲ့အိမ်လေးမှာ ဆိုလာပြားတွေတပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Watervilla De Omval

ဒီလိုရေပေါ်အိမ်မျိုးတွေကိုတော့ နယ်သာလန်နိုင်ငံမှာ အများအပြားမြင်တွေ့နိုင်ပါတယ်။ ခေတ်မီဆန်းသစ်လှသလို ဈေးနှုန်းလဲကြီးမြင့်လှတဲ့ ခေတ်သစ်လူနေမှုစတိုင်ကို ကိုယ်စားပြုတဲ့အိမ်တွေလည်းဖြစ်ပါတယ်။ ပုံမှန်အတိုင်းကြည့်ရင်တော့ ရေပေါ်ကတစ်ထပ်ကိုပဲမြင်ရမှာဖြစ်ပြီး တစ်ကယ်တမ်းမှာတော့ ရေသတ္တဝါတွေရဲ့နေထိုင်လှုပ်ရှားမှုသဘာဝကို ကြည့်ရှုနိုင်ဖို့အတွက် ရေအောက်မှာ နောက်တစ်ထပ်ပါဝင်ပါတယ်။ shwekhitonlinetv.com
၆။ The Heat Mobile Estate

ပေ (၁၂၀) လောက်ရှည်တဲ့ ထရပ်ကားကြီးမှာတွဲလျက်တည်ဆောက်ထားတဲ့ ရွေ့လျားအိမ်တွေကိုတော့ The Heat Mobile Estate လို့အမည်ပေးထားပါတယ်။ အဆင့်မြင့်မီးဖိုချောင်၊ ရေချိုးခန်း၊ ဇိမ်ခံပစ္စည်းတွေအပြည့်အစုံပါဝင်တဲ့အပြင် အစည်းအဝေးခန်းတောင်ပါပါသေးတယ်။ ပတ်ဝန်းကျင်အခြေအနေကို (၃၆၀) ဒီဂရီ စောင့်ကြပ်ကြည့်ရှုပေးမယ့် Heat’s Surroundings Security System ပါဝင်ခြင်းကတော့ ဒီရွေ့လျားအိမ်ရဲ့ အသက်လို့ပြောလို့ရပါတယ်။ shwekhitonlinetv.com
၇။ Snail Man

၁၉၉၀ ခုနှစ်နှောင်းပိုင်းမှာတော့ တရုတ်နိုင်ငံက လျူလင်ချောင် ဆိုတဲ့အမျိုးသားတစ်ဦးဟာ ချမ်းသာကြွယ်ဝမှုကိုရှာဖွေဖို့အတွက် သူ့ရဲ့မွေးရပ်မြေကနေ မိုင် (၄၀၀) လောက်ကွာဝေးတဲ့ ကွမ်တုံပြည်နယ်ကိုထွက်ခွာလာခဲ့ပါတယ်။ ကွမ်တုံမှာ (၁၀) စုနှစ် (၂) ခုလောက်ဖြတ်သန်းခဲ့ပြီး ထင်သလိုဖြစ်မလာတဲ့အတွက် လျူလင်ချောင်ဟာ သူ့ရဲ့မွေးရပ်မြေကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြန်တဲ့ အချိန်မှာသူ့အနေနဲ့ထူးထူးခြားခြားအပြုအမူတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ပုခုံးပေါ်မှာထမ်းပြီးသွားလို့ရတဲ့ အကျယ် (၅) ပေ အမြင့် (၇) ပေရှိတဲ့ ရွေ့လျားအိမ်လေးတစ်လုံးကို ဖန်တီးပြီးအိမ်ကိုပြန်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီအပြုအမူကြောင့်သူဟာ ခရုလူသားအဖြစ် ကျော်ကြားခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Dol Kyam

ဒါကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ Sausalito က အကျယ်စတုရန်းပေ (၃၀၀၀) ရှိတဲ့ ရွေ့လျားအိမ်လေးပဲဖြစ်ပါတယ်။ ဒီအိမ်လေးမှာတော့ ကျယ်ဝန်းတဲ့ အိပ်ခန်းနှစ်ခန်း၊ စာသင်ခန်းတစ်ခု၊ အိမ်ခေါင်မိုးပေါ်ရှိဥယျာဉ်တစ်ခု ပါဝင်ပါတယ်။ Master Bedrooms မှာတော့ မီးဖိုချောင်နဲ့ လသာဆောင်တွေပါ ပါဝင်ပါတယ်။ shwekhitonlinetv.com
၉။ The Floating Seahorse


ဒီလိုအိမ်မျိုးကတော့ အခုနောက်ပိုင်း ဒူဘိုင်းမှာအရမ်းကိုရေပန်းစားလာတဲ့ ရေပေါ်အိမ်လေးတွေဖြစ်ပါတယ်။ အိမ်လေးတွေဆိုပေမယ့် အဆင့်မြင့် Facilities တွေအစုံအလင်ပါဝင်တာကြောင့် ဒီအိမ်တစ်လုံးရဲ့ဈေးနှုန်းကတော့ မသေးလှပါဘူး။ အနိမ့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ (၂.၈) သန်းကနေ သန်း (၄၀) တန်တဲ့အထိအစားစားရှိပါတယ်။ ထူးခြားချက်အနနဲ့ကတော့ Master Bedroom ကိုရေအောက်ထဲမှာထည့်သွင်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။