လူတယောက်ကိုကြည့်ပြီး မိဘကို ခန့်မှန်းမိရလောက်တဲ့အထိ သားသမီးနဲ့ မိဘ တပုံစံတည်း တူညီကြတာကို တွေ့မြင်ဖူးကြမှာပါနော်။ အခုတခေါက်မှာတော့ မိတ္တူပွားထားသလို တပုံစံတည်း ထပ်တူကျနေတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Reese Witherspoon နဲ့ သူမရဲ့သမီးချောလေး Ava Elizabeth Phillippe

ဆုတံဆိပ်ပေါင်းများစွာရရှိထားပြီး ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Reese Witherspoon ကိုတော့ မြန်မာပရိတ်သတ်ကြီး ရင်းနှီးမယ်ထင်ပါတယ်။ Reese Witherspoon နဲ့ သူ့ရဲ့သမီးချောလေး Ava Elizabeth Phillippe တို့ကတော့ အမွှာညီအမတွေလို ရုပ်ချင်းဆင်လွန်းတာကို တွေ့ရမှာပါနော်။ shwekhitonlinetv.com
၂။ Gwyneth Paltrow နဲ့သူမရဲ့သမီး Apple Martin

စီးပွားရေးသမားလည်း ဖြစ်သလို သရုပ်ဆောင် ၊ စာရေးဆရာမ ၊ အဆိုတော် နဲ့ မော်ဒယ်လ် အဖြစ် လုပ်ကိုင်တဲ့ မင်းသမီးကြီး Gwyneth Paltrow ပဲ ဖြစ်ပါတယ်။ သမီးနှစ်ယောက်ရှိပြီး ပုံထဲကတော့ သမီးကတော့ သူမနဲ့ ချွတ်စွပ်တူလွန်းတဲ့ Apple Martin ပါ။ shwekhitonlinetv.com
၃။ John Legend နဲ့သူရဲ့သား Miles Theodore Stephens

အဆိုတော် John Legend ကတော့ သူ့ရဲ့ သားငယ်လေးနဲ့ စန္ဒယားအတူတီးခတ်နေတဲ့ပုံလေးကို ပရိတ်သတ်ထံ မျှဝေခဲ့တာ ဖြစ်ပါတယ်။ ပုံထဲမှာတွေ့ရတဲ့အတိုင်း သူနဲ့ မိတ္တူပွားထားသလို တပုံစံတည်းတူလွန်းတဲ့ သားလေးကို တွေ့ရမှာပါ။ shwekhitonlinetv.com
၄။ Stephen Curry နဲ့ သူရဲ့သမီး Riley Curry

Stephen Curry ကိုတော့ ဘတ်စ်ကတ်ဘောစိတ်ဝင်စားသူတွေ သိကြမယ်ထင်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် ဘတ်စ်ကတ်ဘောကစားသမား Stephen Curry နဲ့ သူ့ရဲ့ သမီးလေး Riley Curry ပဲ ဖြစ်ပါတယ်။ မျက်လုံးအရောင်တွေ ထပ်တူကျတဲ့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးကို တွေ့ရမှာပါ။ shwekhitonlinetv.com
၅။ Eugene Levy နဲ့သူ့ရဲ့သား Dan Levy

Eugene Levy ကတော့ ကနေဒါနိုင်ငံသား သရုပ်ဆောင်နဲ့ လူရွှင်တော် မင်းသားကြီးပဲ ဖြစ်ပါတယ်။ ဘေးနားမှာတော့ သူနဲ့ချွတ်စွပ်တူပြီး သူ့ခြေရာကို နင်းနိုင်ဖို့ အမှီကြိုးစားနေတဲ့ သူ့ရဲ့သား Dan Levy ကိုတွေ့ရမှာပါ။ Dan Levy ဟာလည်း ဖခင်လိုပဲ ကနေဒါနိုင်ငံသား သရုပ်ဆောင်ဖြစ်ပြီး စာရေးဆရာ ၊ လူရွှင်တော် ၊ ဒါရိုက်တာ နဲ့ ထုတ်လုပ်သူဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com
၆။ Ice Cube နဲ့သူ့ရဲ့သား O’Shea Jackson Jr.

ရုတ်တရက်ကြည့်လိုက်ရင် ညီအကိုလို့တောင် ထင်မှတ်ရစေတဲ့ Ice Cube တို့သားအဖပဲ ဖြစ်ပါတယ်။ အသက် ၅၃ နှစ်ရှိပြီိလို့တောင် မထင်ရတဲ့ Ice Cube ကတော့ အမေရိကန် ရက်ပ် အဆိုတော်တယောက်ဖြစ်ပြီး ရုပ်ရှင်ဖန်တီးပြုလုပ်သူ နဲ့ သရုပ်ဆောင်တယောက်ဆိုလည်း မမှားပါဘူး။ သားဖြစ်သူ O’Shea Jackson Jr. ကလည်း အမေရိကန်ရက်ပ် အဆိုတော်နဲ့ သရုပ်ဆောင်အဖြစ် ဖခင်ခြေရာကို နင်းနိုင်သူတယောက်ပါ။ shwekhitonlinetv.com
၇။ Lisa Bonet နဲ့သူမရဲ့သမီး Zoë Kravitz

ဘယ်သူက အမေ ဘယ်သူက သမီးလဲလို့တောင် ဝေခွဲရခက်စေတဲ့ သားအမိနှစ်ယောက်ပါပဲနော်။ Lisa Bonet ကတော့ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ ကာလတွေမှာ နာမည်ကြီးခဲ့တဲ့ အမေရိကန် သရုပ်ဆောင်မင်းသမီးကြီးဖြစ်ပါတယ်။ သားသမီး ၃ ယောက်ရှိပြီး ပုံမှာအတူတွဲတွေ့ရတာကတော့ သမီးကြီး Zoë Kravitz ပါ။ Zoë Kravitz ကတော့ အမေရိကန် အဆိုတော် ၊ သရုပ်ဆောင် နဲ့ မော်ဒယ်လ်တဦးလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Elvis Presley နဲ့သူ့ရဲ့သမီး Lisa Marie Presley

၂၀ ရာစုမှာ ရှမ်းရှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ အမေရိကန် အဆိုတော် မင်းသားကြီး Elvis Presley ကိုတော့ မသိသူ မရှိလောက်ပါဘူးနော်။ အသက်ငယ်ငယ်မှာ ဆုံးပါးခဲ့တာကြောင့် Lisa Marie Presley ဆိုတဲ့ သမီးတယောက်သာ ကျန်ရစ်ခဲ့ပါတယ်။ သမီးဖြစ်သူ Lisa Marie Presley ကလည်း အမေရိကန် အဆိုတော်တယောက် ဖြစ်လာခဲ့ပြီး အခုချိန်မှာတော့ အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Madonna နဲ့သူမရဲ့သမီး Lourdes Leon

ကမ္ဘာကျော် အဆိုတော် တေးရေးဆရာမ မင်းသမီးကြီး Madonna ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ သားသမီး ၆ ယောက်ရှိပြီး ပုံမှာအတူတွဲတွေ့မြင်ရတာကတော့ သမီးကြီး Lourdes Leon ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Lourdes Leon က လက်ရှိမှာ မော်ဒယ်လ်တယောက်အနေနဲ့ ရပ်တည်နေသူပါ။ shwekhitonlinetv.com
၁၀။ Heath Ledger နဲ့သူ့ရဲ့ သမီးဖြစ်သူ Matilda Rose Ledger

The Dark Knight ရဲ့ Joker သရုပ်ဆောင် မင်းသား Heath Ledger ကိုတော့ ဒီနေ့အထိ အားလုံးက မေ့လို့ရနိုင်မယ် မထင်ပါဘူးနော်။ ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ Heath Ledger မှာတော့ Matilda Rose Ledger ဆိုတဲ့ သမီးတယောက်သာ ကျန်ရစ်ခဲ့ပါတယ်။ ဖခင်နဲ့ တထေရာတည်းတူတဲ့ သမီးလေးကတော့ အခုချိန်မှာ အသက် ၁၆ နှစ်ရှိပြီဖြစ်ပြီး အနုပညာလောကထဲကိုတော့ ဝင်ရောက်ခြင်းမရှိပါဘူး။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။