သင်ဟာ သမိုင်းကြောင်းတွေကိုစိတ်ဝင်စားပြီးလေ့လာနေသူတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေနဲ့နောက်ခံသမိုင်းကြောင်းတွေကို နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ ဒီပုံတွေက သမိုင်းမှာအထင်ကရဖြစ်ခဲ့ပြီး အလွန်တရာမှလည်း ရှားပါးတဲ့ပုံတွေလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၁။ Prisoners liberated at Buchenwald concentration camp

ဂျာမနီနိုင်ငံ Weimar အနီးမှာရှိတဲ့ Buchenwald ချွေးတပ်စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ ဒီအကျဉ်းသားတွေဟာ အမေရိကန် တပ်မ (၈၀) ကတပ်သားတွေလည်းဖြစ်ပါတယ်။ ဒီဓာတ်ပုံကို သူတို့တွေလွတ်မြောက်ပြီး (၅) ရက်အကြာ ၁၉၄၅ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှာ ရိုက်ကူးခဲ့တာပါ။ ဒုတိယတန်းမှာ ဘယ်ဘက်နေရေရင် ခုနှစ်ယောက်မြောက်ကတော့ နိုဘယ်ဆုရှင် Elie Wiesel ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Solvay Conference on Quantum Mechanics

(၁၉၂၇) ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ ရှိ Institut International de Physique Solvay တွင် ကျင်းပသည့် ကွမ်တမ်မက္ကင်းနစ်ဆိုင်ရာ Solvay ညီလာခံကိုတက်ရောက်ခဲ့ကြသည့် ကမ္ဘာကျော်သိပ္ပံပညာရှင်များ။ ဒီပုံထဲမှာတော့ Albert Einstein၊ Marie Curie၊ Max Planck၊ Niels Bohr နှင့် Auguste Piccard တို့လိုခေတ်သစ်သမိုင်းရဲ့ အကြီးကျယ်ဆုံးသော သိပ္ပံပညာရှင်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Dali Atomicus

အမေရိကန် ဓာတ်ပုံဆရာ Philippe Halsman ရဲ့နာမည်ကျော်လက်ရာတစ်ခုဖြစ်ပြီး “Dali Atomicus” လို့အမည်ပေးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံကို (၁၉၄၈) ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဒီပုံရဖို့အတွက် (၂၈) ကြိမ်ကြိုးပမ်းခဲ့ရပါတယ်။ shwekhitonlinetv.com
၄။ Dr. Wernher von Braun with 5 f-1 engines

ဒီပုံကတော့ ဂျာမန်နာဇီးဒုံးပျံနည်းပညာမှာထိပ်တန်းတစ်ဦးဖြစ်တဲ့ ပိုလန်နွယ်ဖွား ဂျာမန်-အမေရိကန် နိုင်ငံသား အာကာသအင်ဂျင်နီယာ Dr. Wernher von Braun ဖြစ်ပါတယ်။ ပုံမှာတွေ့ရတာကတော့ ၁၉၆၉ ခုနှစ်ကသူဒီဇိုင်းရေးဆွဲခဲ့တဲ့ F-1 ဒုံးပျံအင်ဂျင် (၅) ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ British Army Veterans of the Crimean War

ခရိုင်းမီးယားစစ်ပွဲကနေပြန်လာခဲ့တဲ့ စစ်ပြန် (၃) ဦးဖြစ်တဲ့ (ဘယ်မှညာသို့) Joseph Numa၊ John Potter နှင့် James Deal တို့ပါ။ ခရိုင်းမီးယားစစ်ပွဲ (Crimean War) ဟာ ၁၈၅၃ ခုနှစ် အောက်တိုဘာလကနေ ၁၈၅၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားခဲ့တဲ့စစ်ပွဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ The Manhattan Bridge Under Construction

New York City မှာရှိတဲ့ East River ကိုဖြတ်သန်းပြီး Manhattan တံတားတည်ဆောက်နေမှုမြင်ကွင်း။ ဒီဓာတ်ပုံကို ၁၉၀၉ ခုနှစ် မတ်လ (၂၃) ရက်မှာ ရိုက်ယူခဲ့တာပါ။ တံတားဟာ ၁၉၀၉ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Thích Quảng Đức self-immolation

တောင်ဗီယက်နမ်မှာ ရိုမန်ကက်သလစ်ခရစ်ယာန် အစိုးရရဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး Thich Quang Duc ဟာ ၁၉၆၃ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ ဆိုင်ဂုံမြို့လယ်မှာ တွင် မိမိကိုယ်ကို မီးရှို့ပြီး ဆန္ဒပြခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Japanese Samurai in Egypt

၁၈၆၄ ခုနှစ်တုန်းက အီဂျစ်နိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ ဂျပန် ဆာမူရိုင်း အုပ်စုတစ်စုကို ဂီဇာရှိ Sphinx ရုပ်တုကြီးရဲ့ရှေ့မှာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ The most decorated dog of World War I

ပထမကမ္ဘာစစ်အတွင်း ထူးချွန်တဲ့စွမ်းဆောင်ရည်များကြောင့် ဂုဏ်ပြုဆုတံဆိပ်များစွာရရှိခဲ့တဲ့ ခွေးတပ်ကြပ် Stubby ကိုသူ့ရဲ့ စစ်ယူနီဖောင်း၊ ဆုတံဆိပ်တွေနဲ့အတူ ဆင်မြန်းဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်။ (၁၉၂၀ ခုနှစ်) shwekhitonlinetv.com
၁၀။ Lunch atop a Skyscraper

ဒီပုံကတော့ သမိုင်းမှာ အကျော်ကြားဆုံး ဓာတ်ပုံများတွေထဲကတစ်ပုံဖြစ်ပါတယ်။ “မိုးမျှော်တိုက်ပေါ်မှ နေ့လည်စာ” လို့အမည်ပေးထားတဲ့ဒီပုံကို ၁၉၃၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ ပုံမှာပါဝင်တာကတော့ New York City, Manhattan မှာရှိတဲ့ မိုးမျှော်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ သံမဏိသံဘောင်တန်းတစ်ခုပေါ်မှာ နေ့လည်စာစားချိန် နားနေကြတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။