လိုဂို တစ်ခုဆိုတာကတော့ မိမိရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်၊ စီးပွားရေးလုပ်ငန်းတစ်ခုကို ဈေးကွက်မှာထိုးဖောက်ဖို့ အတွက်အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လိုဂိုတစ်ခုကိုကြည့်လိုက်တာနဲ့ ဒါဟာ ဘယ်ကုမ္ပဏီ၊ ဘယ်စီးပွားရေးလုပ်ငန်း ရဲ့ အမှတ်တံဆိပ်ဖြစ်တယ်ဆိုတာကို လူတိုင်းကသိရှိတယ်ဆိုရင်တော့ ဒီလိုဂိုနဲ့ဆက်စပ်တဲ့ လုပ်ငန်းဟာ ကမ္ဘာကျော်တဲ့အထိအောင်မြင်တယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီလိုမျိုး ကမ္ဘာကျော်လုပ်ငန်းကြီးတွေရဲ့ အထင်ကရလိုဂိုတွေကို ရေးဆွဲပေးခဲ့တဲ့သူတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ Milton Glaser – I ❤ NY
Milton Glaser ဟာ အမေရိကန် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူရဲ့လူသိများတဲ့ ဒီဇိုင်းများတွေကတော့ Bob Dylan ပိုစတာ၊ Brooklyn Brewery လိုဂိုနှင့် “I ❤ NY” လိုဂိုတို့ ပဲဖြစ်ပါတယ်။ နောက်ပြီးသူဟာ ၂၀၀၉ ခုနှစ်မှာ သမ္မတ Barack Obama ထံကနေ National Medal of the Arts ဆုကို ရရှိခဲ့တဲ့ပထမဆုံး ဂရပ်ဖစ်ဒီဇိုင်နာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Rob Janoff – Apple
Rob ဟာလည်းအမေရိကန် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူ့ဘဝတစ်လျောက်မှာ ကော်ပိုရိတ်လိုဂိုတွေ ပုံနှိပ်ကြော်ငြာတွေနဲ့ ရုပ်မြင်သံကြားကြော်ငြာများစွာကို ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးပါတယ်။ ဒီအထဲမှာ Apple လိုဂို ဖန်တီးမှုကတော့ လူသိအများဆုံးလို့ဆိုနိုင်ပါတယ်။ Apple လိုဂိုကို ကိုက်ရာလေးထည့်ထားတာကတော့ ချယ်ရီသီးနဲ့ မှားယွင်းမှာစိုးလို့ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Tom Geismar – Mobil
Tom ကတော့ နာမည်ကျော် CGH စတူဒီယိုကိုတွဲဖက်ထူထောင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရေးဆွဲခဲ့တဲ့လိုဂိုတွေထဲမှာတော့ Xerox၊ Chase Manhattan Bank၊ Best Products၊ Gemini Consulting၊ PBS၊ Univision၊ Rockefeller တို့ဟာ ထင်ရှားပါတယ်။ အထူးသဖြင့်ထင်ရှားတာကတော့ “Mobil” ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Tinker Hatfield – Air Jordan
Tinker ကတော့ နာမည်ကျော် Air Jordan အမှတ်တံဆိပ်ရဲ့ Jumpman Air Jordan လိုဂိုကိုရေးဆွဲခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူဟာ Air Jordan 3 ကနေ Air Jordan 15 အထိလိုဂိုတွေကို တောက်လျှောက်ရေးဆွဲခဲ့တဲ့သူဖြစ်သလို အခြားနာမည်ကျော် ဖိနပ်တွေရဲ့ အမှတ်တံဆိပ်လိုဂိုတွေကို ဒီဇိုင်းဆွဲပေးခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Paul Rand – IBM
Paul Rand ကတော့ “IBM”၊ UPS၊ Enron၊ Morningstar၊ Inc.၊ Westinghouse၊ ABC နှင့် NeXT စတဲ့ နာမည်ကျော် ကော်ပိုရိတ်လိုဂို ဒီဇိုင်းတွေကိုရေးဆွဲခဲ့တဲ့ အမေရိကန်အနုပညာဒါရိုက်တာနှင့် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ James Modarelli – NASA
James “Jim” Modarelli ကတော့ NASA Glenn Research Center ဖြစ်လာမယ့် ဓာတ်ခွဲခန်းမှာ အနုပညာရှင်-ဒီဇိုင်နာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ “NASA” လိုဂိုကို ရေးဆွဲခဲ့သူဖြစ်ပါတယ်။ လိုဂိုမှာပါဝင်တဲ့ အပြာရောင်စက်လုံးဟာ ဂြိုဟ်တစ်လုံးကို ကိုယ်စားပြုပါတယ်။ ကြယ်တွေက အာကာသကိုကိုယ်စားပြုပြီး အနီရောင် chevron ကတော့ ယာဉ်ပျံသန်းမှုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Frank Mason Robinson – Coca-Cola
ကမ္ဘာကျော် “Coca-Cola” လိုဂိုကိုရေးဆွဲခဲ့တဲ့သူကတော့ အမေရိကန်လူမျိုးဒီဇိုင်နာ Frank Mason Robinson ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုဂိုရဲ့ ရှေ့ပြေး Font ဒီဇိုင်းကို ၁၈၈၇ ခုနှစ်ကတည်းကရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Carolyn Davidson – Nike
အမေရိကန်နိုင်ငံသူ Carolyn Davidson ကတော့ ကမ္ဘာကျော် “Nike” ကုမ္ပဏီရဲ့ အမှန်ခြစ် လိုဂိုကို ရေးဆွဲပေးခဲ့သူဖြစ်ပါတယ်။ သူမဟာ Nike ကုမ္ပဏီရဲ့ တည်ထောင်သူက ကုမ္ပဏီလိုဂိုရေးဆွဲဖို့တောင်းဆိုခံခဲ့ရချိန်က ကျောင်းသူတစ်ဦးအရွယ်သာရှိသေးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၉။ Raymond Loewy – Shell
ဗြိတိန်အခြေစိုက် ဓာတ်ငွေ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ “Shell” ရဲ့ လိုဂိုဒီဇိုင်းကို ရေးဆွဲပေးခဲ့တဲ့သူကတော့ ပြင်သစ်လူမျိုး စက်မှုဒီဇိုင်နာ Raymond Loewy ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အခြားစက်မှုလုပ်ငန်း အတော်များများရဲ့ ဒီဇိုင်းလိုဂိုတွေလည်းရေးဆွဲခဲ့သလို ခေတ်ရှေ့ပြေးတဲ့ ရေနွေးငွေ့သုံးမီးရထား စက်ခေါင်းတွေကိုလည်း ဒီဇိုင်းဆွဲပေးခဲ့ဖူးပါတယ်။ shwekhitonlinetv.com
၁၀။ Lindon Leader – FedEx
E-Commerce Services Transportation စတဲ့လုပ်ငန်းပေါင်းများစွာကိုလုပ်ကိုင်နေတဲ့ အများပိုင်ကုမ္ပဏီကြီး “FedEx” ရဲ့လိုဂိုကိုရေးဆွဲပေးခဲ့တဲ့သူကတော့ အမေရိကန်လူမျိုး ဂရပ်ဖစ်ဒီဇိုင်နာကြီး Lindon Leader ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။