အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့ စီးနင်းမှုတစ်ခုအတွက် အဆင်သင့်ပြင်နေကြပြီထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာရှိတဲ့ ပထမဆုံး ရေအောက်ရထားစီမံကိန်းကို လာမည့် (၂၀၂၃) ခုနှစ်တွင် အပြည့်အဝ ပြီးစီးအောင်စီစဉ်ထားပြီး စတင်လည်ပတ်တော့မှာမို့လို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Kolkata Metro Rail Corporation (KMRC) ဟာ Hooghly မြစ်အောက်ကနေ ဖြတ်သန်းသွားမှာဖြစ်ပြီး အရှေ့နဲ့အနောက်က မီတာ ၅၀၀ ကျယ်တဲ့ ရေအောက်ဘူတာနှစ်ခုကို ချိန်ဆက်ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီရေအောက်ရထားဘူတာရုံတွေဟာ Hooghly မြစ်အောက် ရေအနက် (၁၃) မီတာမှာရှိမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

မြေအောက်ရထားပြေးဆွဲမယ့် ဥမင်လိုဏ်ခေါင်းကို ရေဝင်ခြင်းမှ ကာကွယ်ရန်အတွက် Hydrophilic Gasket များကိုထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီပရောဂျက်ရဲ့ ကုန်ကျစရိတ်က အကြမ်းဖျင်းအားဖြင့် ရူပီး ကုဋေ (၈၆၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

ပြေးဆွဲမယ့်ရထားကတော့ အိန္ဒိယမှာ တည်ဆောက်ထားတဲ့ ရေအောက်မက်ထရိုရထားဖြစ်ပြီး ဥရောပက လန်ဒန်နှင့် ပါရီတို့ကို ပြေးဆွဲနေတဲ့ Eurostar နှင့် နှိုင်းယှဉ်ထားပါတယ်။ မြန်နှုန်းမြင့်တဲ့ဒီရထားကြောင့် ခရီးကြာမြင့်ချိန်ကို များစွာလျော့ချပေးနိုင်မှာဖြစ်ပြီး တစ်မိနစ်အတွင်း Hooghly မြစ်ကို ဖြတ်ကူးနိုင်မယ်လို့သိရပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်ထိတော့ အိန္ဒိယနိုင်ငံမှာ Esplanade၊ Mahakaran၊ Howrah နှင့် Howrah Maidan ဆိုတဲ့ မြေအောက်ရထားဘူတာ (၄) ခုရှိပြီး အခုတည်ဆောက်နေတဲ့ Kolkata Metro Rail ကတော့ အိန္ဒိယနိုင်ငံ အတွက် ပထမဆုံးရေအောက်ကနေဖြတ်သန်းပြေးဆွဲမယ့် ရထားစီမံကိန်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။