ကမ္ဘာပေါ်မှာရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုကြည့်ရှုရတာ ငြီးငွေ့နေတဲ့ ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အပြင်ဘက်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာကောင်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ The Endeavour

အာကာသလွန်းပျံယာဉ် Endeavour အတွက်လှပတဲ့ရိုက်ချက်ကိုတော့ အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ကနေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ The Endeavour ဟာ ISS သို့ လူတွေကိုပို့ဆောင်ပေးခဲ့တဲ့ လွန်းပျံယာဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ စူပါတိုင်ဖွန်း

ဒါကတော့ ၂၀၁၅ ခုနှစ် မတ်လထဲမှာတိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း Maysak ပဲဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတွေထဲမှာတော့ အားအပြင်းဆုံးဖြစ်ခဲ့ပြီး ISS ကနေ ဒီပုံကိုရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Bear Glacier၊ Alaska ပင်လယ်ကွေ့

ဒါကတော့ ဖြေးညင်းစွာရွေ့လျားနေတဲ့ Bear ရေခဲမြစ်ကို အပေါ်စီးကနေမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ဒီရေခဲမြစ်တွေဟာ အလွန်နှေးကွေးစွာစီးဆင်းပြီးတော့ ပင်လယ်တွေထဲကိုစီးဝင်ကြတာဖြစ်ပါတယ်။ ဒါကို NASA ကအလှပဆုံးရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ အနီရောင်ဂြိုဟ်

ဒါကတော့ အနာဂတ်မှာလူသားတွေနေထိုင်နိုင်ဖို့ ကြိုးစားနေတဲ့ နေအဖွဲ့အစည်းထဲက အနီရောင်ဂြိုဟ်ကြီး (Mars) ဖြစ်ပါတယ်။ NASA ရဲ့ ဟက်ဘယ်တယ်လီစကုပ်ကနေ အကောင်းဆုံးရိုက်ကူးထားခဲ့တဲ့ပုံလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ နေထွက်ချိန်

အနောက်အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းရဲ့ ကောင်းကင်ယံကနေ နေထွက်လာတာကို အာကာသယာဉ်မှုး Scott Kelly ကရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ထက်မြက်သောသူရဲကောင်း

လူသားတွေအနေနဲ့ Mars ဂြိုဟ်ပေါ်ကိုခြေမချနိုင်ခင်မှာ Mars Rover ဆိုတဲ့ ရှေ့တန်းကင်းထောက်ယာဉ်လေးကိုအရင်ဦးစွာ စေလွှတ်ခဲ့ရပါတယ်။ ဒီပုံကိုတော့ ၂၀၁၂ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ အာကာသယာဉ်မှူးတစ်ဦး၏ အာကာသမြင်ကွင်း

၂၀၁၄ စက်တင်ဘာ ၂ ရက် နေ့မှာ NASA ရဲ့အာကာသယာဉ်မှူး Reid Wiseman ဟာ နေထွက်ချိန်အနည်းငယ်အတွင်း ISS သမုဒ္ဒရာပေါ် ဖြတ်ပျံသန်းနေတဲ့အချိန်မှာ ဒီဓာတ်ပုံကိုရိုက်ပြီး တွစ်တာမှာတင်ခဲ့တာဖြစ်ပါတယ်။ အပေါ်စီးမှနေကြည့်ရင်တော့ ကျွန်တော်တို့ကမ္ဘာကြီးဟာတစ်ကယ့်ကို အေးချမ်းသာယာတဲ့ ကမ္ဘာဂြိုဟ်တစ်ခုလို့ ထင်ရပါတယ်။ shwekhitonlinetv.com
၈။ အတောက်ပဆုံးကြယ်များ

NASA ရဲ့ Hubble Space Telescope ကနေ ကျွန်တော်တို့ကမ္ဘာနဲ့ အလင်းနှစ် (၁၆၀၀၀၀) လောက်ကွာဝေးတဲ့ နေရာက ရာပေါင်းများစွာသော ကြယ်တွေနဲ့ဖွဲ့စည်းထားတဲ့ LH 95 ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ The Alps

တစ်ညမှာ ISS အနေနဲ့ အီတလီ၊ အဲလ်ပ်စ်တောင်တန်းတွေနဲ့ မြေထဲပင်လယ်ကို ဖြတ်ကျော်ပျံသန်းစဉ် ဥရောပအာကာသအေဂျင်စီ (ESA) မှ Expedition 46 လေယာဉ်အင်ဂျင်နီယာ Tim Peake က
ဒီဓာတ်ပုံကို ရိုက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ အလုပ်များနေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း

Expedition 47 Flight Engineer Tim Peake ကနေ ယခုလအစောပိုင်းမှာ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ ဒီပုံမှာတော့ အပြည်ပြည်ဆိုင်ရာအာကသစခန်းကို အာကသယာဉ် (၃) စင်းဆိုက်ကပ်ထားတဲ့အချိန်ဖြစ်ပြီး မာဒါဂတ်စကာကျွန်းပေါ်ကနေ ဖြတ်သန်းနေတဲ့အချိန်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။