ဟိုတယ်တွေမှာတည်းတဲ့ အခါရေကူးရင်းအပန်းဖြေရတာကိုဝါသနာပါတဲ့သူတွေများရှိမလား မသိဘူး။ ရှိတယ်ဆိုရင်တော့ အခုဖော်ပြမယ့်ဟိုတယ်တွေက ရေကူးကန်တွေမှာသွားရောက်အပန်းဖြေပြီး အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့အကြံပြုချင်ပါတယ်။ shwekhitonlinetv.com
၁။ St.Regis – Lahsa

St.Regis ကိုတော့ ဟိမဝန္တာတောင်တန်းတွေပေါ်က အိုအေစစ်တစ်ခုလို့ဆိုကြပါတယ်။ ဒီဟိုတယ်ဟာ တိဗက်ရိုးရာစတိုင်ဆောက်လုပ်ထားတဲ့ဟိုတယ်ဖြစ်ပြီး ထူးခြားတာကသူ့မှာရှိတဲ့ Golden Energy Pool လို့အမည်ရတဲ့ ရွှေရောင်ရေကူးကန်ပဲဖြစ်ပါတယ်။ (၂၈-၃၂) ဒီဂရီဆဲလ်စီးယပ် ရှိတဲ့အပူချိန်မှာ Liquid Gold တွေကိုရေကူးကန်ထဲထည့်သွင်းပေးထားပြီး ရေကူးကန်ကိုလည်းရွှေပြားတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီရေကူးကန်ထဲမှာ ကူးခတ်လိုက်ရင်အားအင်တွေပြန်လည်ပြည့်ဖြိုးသလို ခံစားရနိုင်မလားဆိုတာမသေချာပေမယ့် ရေကူးရင်းရှုးပေါက်ချတက်တဲ့သူတွေအတွက်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com
၂။ San Alfonso del Mar – Chile


ပထမဆုံးဖော်ပြချင်တာကတော့ ချီလီနိုင်ငံမှာရှိတဲ့ San Alfonso del Mar ဟိုတယ်ပဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ ဒီနာမည်ကို လူသိများစေခဲ့တာကတော့ သူ့မှာရှိတဲ့ ရေကူးကန်ကြောင့်ပဲဖြစ်ပါတယ်။ ဒီရေကူးကန်ကို Crystal Lagoon လို့အမည်ပေးထားပြီး ရေဂါလံပေါင်း (၆၆) သန်းလောက်ဝင်ဆံ့ပါတယ်။ အလျားအနေနဲ့ကတော့ အိုလံပစ်ရေကူးကန် အခု (၂၀) စာလောက်ရှိပြီး ဒီရေကူးကန်ထဲမှာ အပျော်တမ်းလှေလှော်တာ၊ ရွက်လွှင့်တာတို့တောင်ပြုလုပ်နိုင်ပါတယ်။ ဒီရေကူးကန်အတွက် တစ်နှစ်တာပြင်ဆင်မွမ်းမံစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၄) သန်းကျော်ကုန်ကျပါတယ်။ shwekhitonlinetv.com
၃။ Marina Bay – Singapore


စင်ကာပူနိုင်ငံက ဒေါ်လာ (၈) ဘီလီယံတန် Marina Bay Hotel/Resort ရဲ့ အပေါ်ဆုံးထပ်မှာတော့ တစ်မြို့လုံးကို ရေကူးရင်းကြည့်ရှုလို့ရမယ့် ရေကူးကန်တစ်ခုရှိပါတယ်။ ဒီရေကူးကန်ဟာ (၅၇) ထပ်မြင့်တဲ့ တာဝါသုံးခုရဲ့ အပေါ်မှာတည်ရှိတာဖြစ်ပြီး မီတာ (၁၅၀) ရှည်လျားပါတယ်။ စင်ကာပူရဲ့ ညအလှမြင်ကွင်းတွေနဲ့ ကောင်းကင်ယံ အလှတွေကိုခံစားချင်တယ်ဆိုရင်တော့ Sky Park Infinity Pool ကိုမဖြစ်မနေသွားဖို့လိုပါလိမ့်မယ်။ shwekhitonlinetv.com
၄။ Sanctuary Swala Camp – Tanzania

တန်ဇန်းနီးယားနိုင်ငံကိုရောက်ရင်တော့ တောရိုင်းတိရိစ္ဆာန်တွေကို သဘာဝအတိုင်းကြည့်ရှုခံစားရင်း အပန်းဖြေရေကူးလို့ရမယ့် နေရာကောင်းလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Tarangire National Park မှာရှိတဲ့ Sanctuary Swala Camp ပဲဖြစ်ပါတယ်။ ဒီအပန်းဖြေစခန်းမှာတော့ လာရောက်တည်းခိုသူတွေအတွက် ဆာဖာရီအရသာကို သဘာဝအတိုင်းအပြည့်အဝကြည့်ရှုခံစားရင်း အပန်းဖြေဖို့အတွက် ကိုယ်ပိုင်ရေကန်တစ်ခုစီထားရှိပေးထားပါတယ်။ shwekhitonlinetv.com
၅။ Hanging Gardens Resort – Bali


အမိုက်စားဟိုတယ်တွေရဲ့ ရေကူးကန်စာရင်းမှာ မပါမဖြစ်ထည့်သွင်းဖော်ပြရမှာကတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က ကြယ်ငါးပွင့်အဆင့်ရှိ Hanging Gardens Resort ရဲ့ ရေကူးကန်တွေပဲဖြစ်ပါတယ်။ ဒီရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ အပန်းဖြေစခန်းနဲ့ အဆင့်ဆင့်ပြုလုပ်ထားတဲ့ရေကူးကန်တွေဟာ စိမ်းလန်းစိုပြည်တဲ့ တောအုပ်အပေါ်မှာတည်ရှိတာဖြစ်ပြီး တစ်ကယ့်ကို Paradise တစ်ခုနဲ့ ထင်မှတ်မှားသွား စေနိုင်ပါတယ်။ shwekhitonlinetv.com
၆။ The Library – Koh Samui


ရုတ်တရက်ကြည့်လိုက်ရင် တိုက်ခိုက်မှုတစ်စုံတစ်ရာကြောင့် သွေးတွေလွှမ်းနေတယ်လို့ထင်သွားစေမယ့် ဒီရေကူးကန်ကတော့ ထိုင်းနိုင်ငံ ကော့စမွေက The Library ဟိုတယ်မှာတည်ရှိတာဖြစ်ပါတယ်။ အမှန်တစ်ကယ်ကတော့ ဒီရေရဲ့အရောင်ဟာ သာမန်သာဖြစ်ပြီး ရေကူးကန်ကိုအလှဆင်ထားတဲ့ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်ကြွေပြားတွေနဲ့ ရောင်စုံကျောက်တွေက မြင်ရသူတွေကို ရေရဲ့အရောင်ဟာ သွေးလွှမ်းနေတယ်လို့ထင်ရစေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Huvafen Fushi – Maldives


ဒီစာရင်းမှာပါတဲ့ရေကူးကန်တွေထဲမှာ ဒီတစ်ခုကတော့ အလန်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ ကြည်လင်နေတဲ့ ဖန်သားပြင်အောက်မှာ ရေပူစမ်းနဲ့ ရေကူးကန်ကိုတည်ဆောက်ထားတာပါ။ ညအခါမှာကြည့်လိုက်ရင် ရင်သပ်ရှုမောသွားစေနိုင်ဖို့အတွက် နတ်သမီး မီးလုံးလေးတွေပါထည့်သွင်းတည်ဆောက်ထားပါတယ်။ Romantic ဆန်လှသလို စိတ်ကူးပုံပြင်ထဲကအတိုင်းအပြင်မှာတစ်ထပ်တည်းကျနေစေမယ့် ဒီရေကူးကန်ကတော့ အိန္ဒိယသမုဒ္ဒရာအတွင်းက မော်လ်ဒိုက်နိုင်ငံရဲ့ Huvafen Fushi Resort မှာရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။