ငယ်စဉ်ကလေးဘဝတုန်းက သစ်ပင်တွေပေါ်မှာ လင့်စင်ထိုးပြီးနေရတာကိုသဘောကျနှစ်သက်တဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင်တွေထဲကသစ်ပင်အိမ်လေးတွေကို မြင်ပြီး အဲ့ဒီလိုမျိုးနေချင်ခဲ့ကြဖူးတဲ့ သူတွေလည်းရှိမယ်ထင်ပါတယ်။ အခုဖော်ပြမယ့် သစ်ပင်တွေပေါ်မှာတည်ဆောက်ထားတဲ့ ဟိုတယ်တွေကတော့ သင့်ရဲ့ငယ်ဘဝစိတ်ကူးကို အကောင်အထည်ဖော်ပေးနိုင်မှာအသေအချာပါပဲ။ shwekhitonlinetv.com
၁။ Tongabezi Lodge Treehouse , Zambia


အာဖရိကတိုက်က ဇမ်ဘီယာနိုင်ငံမှာတော့ ကြီးမားတဲ့သစ်ပင်ကြီးတွေပေါ်မှာတည်ဆောက်ထားတဲ့ ဇိမ်ခံဟိုတယ်တွေရှိပါတယ်။ ဒီဟိုတယ်တွေကနေ Zambezi မြစ်ရဲ့အလှအပကိုခံစားနိုင်သလို ပတ်ဝန်းကျင်တောတောင်ရေမြေအလှတွေကို ခံစားနိုင်ဖို့အတွက် ဘေးပတ်ပတ်လည်ကိုကာရံထားခြင်းမျိုးမရှိပါဘူး။ နောက်ပြီး King Size မွေ့ယာတစ်ခုနဲ့ မှတ်၊ ခြင်၊ ယင်တွေရန်ကကာကွယ်ဖို့ ခြင်ထောင်၊ Bathtub နဲ့ အခြားဇိမ်ခံပစ္စည်းတွေထည့်သွင်းထားပြီး ရိုမန်းတစ် ဆန်ဆန်ဆင်ယင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Mirrorcube , Sweden


ဒါကတော့ ဆွီဒင်နိုင်ငံက သစ်တောတွေထဲမှာရှိတဲ့ The Mirrorcube လို့ခေါ်တဲ့ ကိုယ်ပျောက်သစ်ပင်အိမ်တွေဖြစ်ပါတယ်။ ဒီမှန်တွေနဲ့တည်ဆောက်ထားတဲ့အိမ်ထဲမှာတော့ ရေချိုးခန်း၊ အိပ်ယာနှစ်ခု၊ ဧည့်ခန်ဒနဲ့ခေါင်မိုးပေါ်တက်လို့ရတဲ့လှေကားတွေပါဝင်ပါတယ်။ အနီးနာမှာရှိတဲ့ လှပတဲ့ Lule မြစ်ကိုကြည့်ရှုခံစားဖို့အတွက် ပြတင်းပေါက် (၆) ခုကိုလည်းအရှင်ထားပေးထားပါတယ်။ ဒီ ဟိုတယ်ကတော့ ငှက်တွေအတွက်အတော်လေးကိုအနှောက်အယှက်ဖြစ်မယ်လို့ထင်ပါတယ်။ shwekhitonlinetv.com
၃။ 727 Fuselage House , Costa Rica


မြောက်အမေရိကတိုက် ကာရစ်ဘီယံဒေသက ကော်စတာရီကာနိုင်ငံမှာတော့ ၁၉၆၅ ခုနှစ်လောက်ကအသုံးပြုခဲတဲ့ ဘိုးရင်း ၇၂၇ လေယာဉ်အဟောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်တွေရှိပါတယ်။ ပေ (၅၀) လောက်မြင့်တဲ့တောင်ကုန်းလေးတွေပေါ်မှာ ဒီလေယာဉ်အဟောင်းတွေကို ပြုပြင်ပြီး ဟိုတယ်အဖြစ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လေယာဉ်ပျံရဲ့အတောင်ပံတွေပေါ်မှာ ညစာစားရင်း သမုဒ္ဒရာကြီးရဲ့ အလှအပကို ကြည့်ရှုခံစားနိုင်တာကြောင့် ဒီဟိုတယ်ကိုလာရောက်သူတွေများပြားလှပါတယ်။ shwekhitonlinetv.com
၄။ Free Spirit Spheres , Vancouver Island


ကနေဒါနိုင်ငံရဲ့ အနောက်ဖက်ကမ်းရိုးတန်းက Vancouver Island ရဲ့ မိုးသစ်တောတွေထဲမှာတော့ လုံးဝန်းတဲ့ပုံသဏ္ဍာန်နဲ့ ချစ်စရာကောင်းတဲ့ သစ်ပင်အိမ်လေးတွေရှိပါတယ်။ ဒီဟိုတယ်ကို ဆယ့်နှစ်ရာသီပတ်လုံးဖွင့်လှစ်ထားပြီး အရွယ်ရောက်ပြီးတဲ့သူတွေသာ လာရောက်တည်းခိုခွင့်ပြုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရံဖန်ရံခါ ပရလောကသားတွေက ဒီသစ်ပင်အိမ်လေးတေကို ကျောက်တုံးကျောက်ခဲတွေနဲ့ လာပစ်ပေါက်တာမျိုးတွေကြုံရတက်လို့ဖြစ်ပါတယ်။ ပရလောကသားတွေကို လေ့လာစူးစမ်းလိုသူူတွေအတွက်တော့ ကွက်တိပဲပေါ့နော်။ နောက်ပြီး ဒီသစ်လုံးအိမ်လေးတွေက ကျွန်းပေါ်ကတောအုပ်အလယ်မှာရှိတာဖြစ်လို့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ သဘာဝကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Chewton Glen Treehouses, England


အင်္ဂလန်နိုင်ငံမှာရှိတဲ့ Chewton Glen Treehouses ကတော့ သစ်ပင်အိမ်ဟိုတယ်တွေထဲမှာ တည်းခိုခအမြင့်ဆုံး ဟိုတယ်တစ်ခုဖြစ်ပါတယ်။ အဆင့်မြင့်ပရိဘောဂ အသုံးအဆောင်တွေနဲ့ အတူ တောထဲတောင်ထဲမှာသဘာဝအလှတရားတွေကို အဆုံးစွန်ထိကြည့်ရှုခံစားနိုင်မယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Treehouse Point , Washington


ဆီယက်တဲလ် ကနေ မိနစ် (၃၀) လောက်သွားရင်ရောက်တဲ့နေရာတစ်ခုမှာတော့ သစ်ပင်အိမ်လေး (၈) ခုနဲ့ Treehouse Point ဆိုတဲ့ဟိုတယ်တစ်ခုရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် ရိုမန်းတစ်ဆန်ဆန်ဖန်တီးထားတဲ့ ဒီသစ်ပင်အိမ်လေးတွေထဲမှာတော့ လက်လုပ်ပရိဘောဂများ၊ ကုတင်တစ်ခု၊ ရေပူရေအေးစနစ်၊ လျှပ်စစ်မီး စတာတွေအစုံအလင်ပါဝင်ပါတယ်။ တစ်ချို့စုံတွဲတွေအတွက် ဒီနေရာမှာ မင်္ဂလာပွဲတွေလာရောက်ကျင်းနိုင်အောင်စီးစဉ်ပေးထားတယ်လို့သိရပါတယ်။ စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်ကိုသဘောကျနှစ်သက်ပြီး နားအေးပါးအေးနေလိုသူတစ်ချို့ကလည်း ဒီမှာလာရောက်အပန်းဖြေကြပါတယ်။ shwekhitonlinetv.com
၇။ Hapuku Lodge and Treehouse , New Zealand


နယူးဇီလန်နိုင်ငံမှာတော့ မြေပြင်ကနေ အမြင့်ပေ (၃၀) လောက်မှာဆောက်လုပ်ထားတဲ့ ဇိမ်ခံသစ်ပင်အိမ်တွေရှိပါတယ်။ ဒီသစ်ပင်အိမ်တွေမှာ မိသားစုလိုက်လာရောက်တည်းခိုဖို့ လုံလောက်တဲ့အခန်းတွေပါရှိပါတယ်။ လင်းပိုင်တွေ၊ ဝေလငါးတွေနဲ့ စင်ရော်ငှက်တွေကို ကြည့်ရှုဖို့အတွက်ကမ်းရိုးတန်းရှိသလို တောင်တန်းတွေရဲ့အလှအပကိုလည်း ခံစားနိုင်တာကြောင့် သွားရောက်အပန်းဖြေသင့်တဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။