ကမ္ဘာကသိအောင် နာမည်ကျော်ကြားလှပြီးချမ်းသာကြွယ်ဝကြတဲ့သူတစ်ချို့ဟာ သူတို့ရဲ့အမည်ဂုဏ်သတင်းကျော်ကြားမှုကို ထပ်မံမြင့်မားစေဖို့ ဒါမှမဟုတ် ကြွယ်ဝချမ်းသာမှုကိုထပ်မံတိုးပွားစေဖို့အတွက် အခြား အောင်မြင်ကျော်ကြားပြီးသား ပုဂ္ဂိုလ်တစ်ယောက်ကို ချဉ်းကပ်တက်ကြပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ဒီလိုမျိုးနဲ့ဆန့်ကျင်ဘက်အကြောင်းအရာလေးဖြစ်ပြီး သူငယ်ချင်းဘဝကနေ ချစ်သူဘဝ၊ ချစ်သူဘဝကနေ အိမ်ထောင်ဘက်ဘဝကို တစ်ဆင့်ချင်းကူးပြောင်းခဲ့ကြတဲ့ Cele စုံတွဲတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Gwen Stefani and Blake Shelton

Gwen Stefani နဲ့ Blake Shelton တို့ကတော့ ၂၀၁၄ ခုနှစ် The Voice ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေအဖြစ် စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကသူတို့နှစ်ဦးစလုံးဟာ လက်ရှိအိမ်ထောင်ရေးကနေကွာရှင်းပြတ်စဲစပြုထားတဲ့အချိန်လည်းဖြစ်ပါတယ်။ ပြိုင်ပွဲမှာဒိုင်အဖြစ်တာဝန်ယူရင်း တစ်ဦးကိုတစ်ဦးအပြန်အလှန် ကူညီဖေးမမှုတွေကနေရင်းနှီးမှုပိုမိုခိုင်မြဲလာပြီး ၂၀၁၅ ခုနှစ်မှာတော့ ပထမဆုံးအကြိမ် ဒိတ်လုပ်ခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ စေ့စပ်ပွဲကျင်းပခဲ့ကြပါတယ်။ shwekhitonlinetv.com
၂။ Jay Z and Beyonce

Jay Z နဲ့ Beyonce တို့ဟာ ၂၀၀၀ ခုနှစ်မှာစတင်တွေ့ဆုံခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက သူတို့နှစ်ဦးစလုံးဟာ သူ့အနေအထားနဲ့သူအောင်မြင်ကျော်ကြားတဲ့သူတွေဖြစ်နေကြပြီဖြစ်ပါတယ်။ အသက်အရွယ်ကွာခြားမှုကြောင့် သူငယ်ချင်းအဖြစ်သာဆက်နေကြဖို့ရွေးချယ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ချိန်းတွေ့မှုတွေမကြာခဏပြုလုပ်လာကြပြီး ၂၀၀၈ ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Camila Cabello and Shawn Mendes

Camila နဲ့ Shawn တို့အတွက်ကတော့ ချစ်သူတွေဖြစ်ဖို့ သီချင်းနှစ်ပုဒ်လောက်သာ အချိန်ယူ (လိုအပ်) ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမတို့နှစ်ဦးဟာ ပထမဆုံးတွဲဖက်သီဆိုခဲ့ကြတဲ့ “I Know What You Did Last Summer” သီချင်းရိုက်ကူးချိန်မှာ သူငယ်ချင်းအဖြစ်သာရှိနေကြသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယသီချင်းဖြစ်တဲ့ “Señorita” ရိုက်ကူးပြီးချိန်မှာတော့ ချစ်သူတွေအဖြစ်တွဲခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Kanye West and Kim Kardashians

သူတို့နှစ်ဦးစတင်တွေ့ဆုံခဲ့ချိန်တုန်းကဆို့ရင် Kanye West ဟာ Kardashians ဆိုတဲ့စကားလုံးကိုအသံမှန်အောင်မထွက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း West ဟာသူတို့နှစ်ဦးရဲ့ ခင်မင်မှုကိုပိုမိုခိုင်မြဲအောင်တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးမှာ သားသမီး (၄) ယောက်ထွန်းကားခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ ၂၀၂၂ ခုနှစ်ထဲမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Blake Lively and Ryan Reynolds

သူတို့နှစ်ဦးကတော့ Green Lantern ဇာတ်ကားနဲ့စတင်ပြီးရေစက်ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာ တစ်နှစ်ခွဲကြာတဲ့အထိ သူငယ်ချင်းမိတ်ဆွေတွေအဖြစ် ရှိခဲ့ကြပြီး အခုအချိန်မှာတော့ သမီး (၃) ယောက်ရဲ့ မိဘတွေဖြစ်နေကြပါပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Prince William and Kate Middleton

ဗြိတိန်တော်ဝင်မိသားစုက အိမ်ရှေ့မင်းသားဖြစ်တဲ့ William နဲ့ Kate တို့ကတော့ ကောလိပ်မှာစတင်တွေဆုံပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ သူငယ်ချင်းအဖြစ်အချိန်အကြာကြီးရှိနေခဲ့ပြီးမှ ချစ်ကြိုးသွယ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သမိုင်းတစ်လျှောက်အချစ်ခင်အကြင်နာဆုံး စုံတွဲအဖြစ်လက်ထပ်ထိမ်းမြားခဲ့ကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Jessica Alba and Cash Warren

Jessica Alba နဲ့ Cash Warren တို့ကတော့ ဒီနှစ်ထဲမှာ သူတို့ရဲ့ အိမ်ထောင်သက် (၁၄) နှစ်ပြည့်အထိမ်းအမှတ်ပွဲကိုကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ချစ်သက်တမ်းအတိအကျကတော့ (၁၈) နှစ်ပါ။ သူတို့ဟာ ပထမဦးစွာသူငယ်ချင်းချစ်သူတွေအဖြစ် (၄) နှစ်လောက်အတူရှိနေခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Chrissy Tiegan and John Legend

ဒီစုံတွဲကတော့ ၂၀၀၆ ခုနှစ်တုန်းက John Legend ရဲ့ Stereo သီချင်းဗီဒီယိုရိုက်ကူးမှုမှစတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အဲ့ဒီနောက်ပိုင်းအဆက်အသွယ်မပြတ်ခဲ့ကြပေမယ့် John ကိုတော့ ကော်ဇော်နီတွေပေါ်မှာ အခြားမိန်းကလေးတွေနဲ့သာတွဲပြီးမြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ သူတို့နှစ်ဦးကို စုံတွဲအဖြစ်မြင်တွေ့ခဲ့ကြရပါတယ်။ အဲ့ဒီနှစ်ထဲမှာပဲ သူတို့နှစ်ဦးဟာလက်ထပ်ထိမ်းမြားပြီး တစ်ဦးကိုတစ်ဦးခိုင်မြဲတဲ့ကြိုးတွေနဲ့ချည်နှောင်ခဲ့ကြပါတယ်။ shwekhitonlinetv.com
၉။ Jada Pinkett and Will Smith

Will Smith တို့စုံတွဲကတော့ The First Prince of Bel-Air မှာပြုလုပ်တဲ့ Jada ရဲ့ အစမ်းသီဆိုဖျော်ဖြေပွဲမှာဆုံတွေ့ခဲ့ကြတာလို့သိရပါတယ်။ သူမဟာ အဲ့ဒီအချိန်က Will နဲ့ ခင်မင်ရင်းနှီးမှုကို အရမ်းတန်ဖိုးထားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ Will တစ်ယောက်သူ့ရဲ့ ယိုယွင်းနေတဲ့အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပြီး Jada နဲ့ ဘဝသစ်ထူထောင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။