လူတော်တော်များများဟာ ဘဝမှာတကြိမ်လောက်ပဲဖြစ်ဖြစ် မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးဖို့အတွက် စိတ်ကူးမိခဲ့ကြဖူးမှာပါ။ တချို့လူတွေဟာ ဆယ်ကျော်သက်ဘဝမှာကတည်းက တက်တူးကို ထိုးနှံခဲ့ပြီးဖြစ်သလို တချို့ကတော့ ဘဝရဲ့ သက်တမ်းတခုကို ရောက်မှသာ ထိုးတတ်ကြပါတယ်။ တက်တူးတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတွေကို မှတ်တမ်းတင်ပေးတဲ့ ပန်းချီကားတွေဆိုလည်း မမှားပါဘူး။ ဒီတခါမှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာကျော်မင်းသမီးတွေရဲ့ တက်တူးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Emma Stoneရဲ့ ကြက်ခြေထောက်တက်တူး

မင်းသမီး Emma Stone ရဲ့ မိခင်ဟာ သေလုမျောပါးရောဂါတခုကို ရင်ဆိုင်အောင်မြင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သူတို့သားအမိဟာ ဆင်တူတက်တူးဖြစ်တဲ့ ကြက်ခြေထောက်တက်တူးကို ထိုးနှံခဲ့ကြပါတယ်။ ကြက်ခြေထောက်တက်တူးကို ထိုးနှံရခြင်း အကြောင်းကတော့ အဆိုတော် Paul McCartney ရဲ့ သီချင်း Blackbird ဟာ သူမအမေရဲ့ အကြိုက်ဆုံးသီချင်းဖြစ်တာကြောင့် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာနောက်ထပ်အကြောင်းတခုကတော့ အဆိုပါတက်တူးကို အဆိုတော် Paul McCartney ကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Rihanna ရဲ့ ရှေးဟောင်းအီဂျစ်နတ်ဘုရားတက်တူး

အဆိုတော် Rihanna ရဲ့ တက်တူးတွေထဲက တခုဖြစ်တဲ့ အီဂျစ်နတ်ဘုရားတက်တူးကို အားလုံးသိကြမှာပါ။ Rihanna ရဲ့ အီဂျစ်နတ်ဘုရားတက်တူးဟာ သူမရဲ့ အဖွားဖြစ်သူကို ရည်ညွှန်းပြီး ထိုးနှံထားတာဖြစ်တယ်လို့ သိရပါတယ်။ သူမအဖွားဆုံးပါးပြီးနောက်မှာ ထိုတက်တူးပုံကို အင်စတာဂရမ်မှာ “Goddess Isis — Complete Woman — Model for future generations.” ဆိုတဲ့စာသားနဲ့ ပို့စ်တင်ခဲ့ပါတယ်။ ဒီနည်းလမ်းနဲ့ ကွယ်လွန်သူအဖွားဟာ သူမရဲ့ စိတ်နှလုံးဝိညာဥ်ထဲမှာ ရှင်သန်နေပါတယ်ဆိုတာကို ပြသခဲ့ပါတယ်။ shwekhitonlinetv.com
၃။ Jessica Alba ရဲ့ ရာသီခွင်နက္ခတ်တက်တူး

မင်းသမီး Jessica Alba ဟာ ၂၀၀၈ မှာ ရုပ်ရှင်ထုတ်လုပ်သူ Cash Warren နဲ့လက်ထပ်ခဲ့ပြီး ကလေး ၃ ဦး မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာတော့ သူမအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တက်တူး ၃ ခုကို လက်မောင်းမှာ ထိုးနှံခဲ့ပါတယ်။ အဆိုပါ တက်တူးတွေကတော့ သူမကလေးတွေရဲ့ ရာသီခွင်နက္ခတ်တွေဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့ရဲ့ နာမည်ကြီး တက်တူးဆရာ Doctor Woo ဆီမှာ ထိုးခဲ့တာ ဖြစ်ပါတယ်။ ကလေး ၃ ယောက်ရဲ့ ရာသီခွင်တွေကတော့ မေထုန်ရာသီ ၊ သိဟ်ရာသီ နဲ့ မကာရရာသီခွင်တွေပဲ ဖြစ်ကြပါတယ်။ shwekhitonlinetv.com
၄။ Selena Gomez ရဲ့ နှင်းဆီတက်တူး

အဆိုတော် Selena Gomez ဟာ သူမရဲ့ နောက်ကျောက စီးကျနေတဲ့ နှင်းဆီတက်တူးရဲ့ အဓိပ္ပာယ်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Cara Delevingne နဲ့ ဆင်တူထိုးထားတဲ့ တက်တူးဖြစ်ပြီး Cara ကတော့ သူမရဲ့ နံရိုးပေါ်မှာ ထိုးထားပါတယ်။ Selena ကတော့ သူမဟာ နှင်းဆီပန်းကို အမြဲတမ်းလိုချင်နေခဲ့တာဖြစ်ပြီး အခုတော့ ရရှိခဲ့ပြီး အရမ်းကြိုက်တယ်လို့လည်း ဆိုပါတယ်။ သူငယ်ချင်းနှစ်ယောက်လုံးရဲ့ တက်တူးတွေကို တက်တူးပညာရှင်တယောက်တည်းဆီမှာ ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Cara Delevingne ရဲ့ ဆင်တက်တူး

အဆိုတော် ၊ မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ Cara Delevingne မှာတော့ တက်တူး ၂၀ ထက်မနည်းရှိပြီး အားလုံးဟာ နောက်ကွယ်မှာ အဓိပ္ပာယ်တခုစီရှိကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထိုးနှံခဲ့တဲ့ ညာဘက်လက်ဖျံက ဆင်တက်တူးအပါအဝင် တချို့တက်တူးတွေဟာ တိရစ္ဆာန်ပုံတက်တူးတွေ ဖြစ်ကြပါတယ်။ ထိုဆင်တက်တူးဟာ ချမ်းသာကြွယ်ဝခြင်း ၊ ခွန်အားကြီးခြင်း ၊ ကံကောင်းခြင်း ၊ ဂုဏ်သိက္ခာ နဲ့ အသက်ရှည်ခြင်းကို ကိုယ်စားပြုပါတယ်။ နောက်ပြီး သူမအဖွားကို အမှတ်ရစေတဲ့ တက်တူးလည်း ဖြစ်တာကြောင့် သူမအတွက် အရမ်းအရေးကြီးတဲ့ တက်တူးလို့လည်း ဆိုပါတယ်။ shwekhitonlinetv.com
၆။ Dakota Johnson ရဲ့ နွမ်းလျပန်းပွင့်တက်တူး

မင်းသမီး Dakota Johnson ရဲ့လက်ကို သေချာကြည့်မယ်ဆိုရင်တော့ တက်တူးခပ်သေးသေးလေးတခုကို သတိထားမိနိုင်ပါတယ်။ နာမည်ကျော်တက်တူးဆရာ Dr. Woo ရဲ့ ပြောပြချက်အရ အဆိုပါလက်ရာဟာ ၂၀ ရာစုအစောပိုင်း သြစတြီးယားပန်းချီဆရာ Egon Schiele ကို ရိုသေမှုပြတဲ့ လက်ရာလို့ဆိုပါတယ်။ မင်းသမီး Dakota ကတော့ ဒီပန်းလေးဟာ အနည်းငယ်နွမ်းလျနေမယ်ဆိုရင်တောင် ပန်းတပွင့်ဖြစ်နေဆဲဖြစ်ပြီး သူမလိုပဲလို့ ဆိုပါတယ်။ shwekhitonlinetv.com
၇။ Lucy Hale ရဲ့ I Love You တက်တူး

မင်းသမီး Lucy Hale မှာတော့ သူမရဲ့ အမနဲ့ဆင်တူ တက်တူးတခု ရှိပါတယ်။ အဆိုပါ I Love You ဆိုတဲ့ စာတန်းလေးဟာ သူမတို့ အဖွားရဲ့ လက်ရေးမူအတိုင်း တက်တူးဆရာကို အပ်နှံပြီး ထိုးခဲ့ကြတာဖြစ်ပါတယ်။ မင်းသမီး Lucy Hale ရဲ့ ပြောပြချက်အရ သူမတို့ ညီအမနှစ်ဦးဟာ အဖွားကို အချစ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အဖွားရဲ့လက်ရေးမူအတိုင်း I Love You ဆိုတဲ့စာတန်းကို ညီအမနှစ်ယောက်ဆင်တူ ထိုးနှံခဲ့ပြီး အခုချိန်မှာဆိုရင် အဖွားဟာ သူမတို့ရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားပြီဆိုတဲ့အကြောင်းကို အင်စတာဂရမ်ကနေတဆင့် ပြောပြခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Chrissy Teigen ရဲ့လိပ်ပြာပုံတက်တူး

မော်ဒယ်လ်ဖြစ်တဲ့ Chrissy Teigen ကတော့ ပျော်ပျော်နေတတ်တဲ့အမေတဦးဖြစ်ပါတယ်။ တခါက သူမရဲ့ ၅ နှစ်အရွယ်သမီးလေး Luna ဟာ သူမရဲ့ လက်ဖျံမှာ လိပ်ပြာပုံလေးတခု ဆွဲခဲ့ပါတယ်။ ထိုပုံလေးကို Chrissy က အရမ်းကြိုက်တာကြောင့် မပျောက်ပျက်စေဖို့အတွက် ထိုလိပ်ပြာပုံလေးအတိုင်း တက်တူးထိုးခဲ့ပါတယ်။ လိပ်ပြာပုံတက်တူးရဲ့ ဆေးသားဟာ အနည်းငယ်မကောင်းသလို အနည်းငယ်လည်း ရှုပ်ယှက်ခပ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ သူမရဲ့ လက်ဖျံပေါ်မှာ လိပ်ပြာပုံတက်တူးလေး ရှိနေတုန်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Miley Cyrus ရဲ့ freedom တက်တူး

အဆိုတော် Miley Cyrus ရဲ့ တက်တူးပေါင်း ၆၀ နီးပါးထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီတခုကတော့ သူမအတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ တက်တူးတခုပါ။ သူမရဲ့ အရင်ယောက်ျား Liam Hemsworth နဲ့ အိမ်ထောင်ကွဲပြီးနောက်မှာ ထိုးခဲ့တဲ့အတွက် သူမအတွက်တော့ အဓိပ္ပာယ်အပြည့်နဲ့ တက်တူးဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Zoë Kravitz ရဲ့ ထန်းပင်တက်တူး

မင်းသမီး Zoë Kravitz ရဲ့လက်ဖျံမှာတော့ ထန်းပင်ပုံတက်တူးတခုရှိပြီး ထန်းပင်ရဲ့ ပင်စည်တလျှောက်မှာ Bahamas ဆိုတဲ့စာသားကို ရေးထိုးထားပါတယ်။ ဒီနည်းလမ်းနဲ့ မင်းသမီးဟာ သူမရဲ့ မူလဇစ်မြစ်လားရာကို အရိုအသေပေးထားခြင်း ဖြစ်ပါတယ်။ သူမရဲ့ အဖွားဟာ Bahamas မှာနေထိုင်ခဲ့တာဖြစ်ပြီး သူမ အဖေရဲ့အိမ်ကလည်း Bahamas မှာပဲ ဖြစ်ပါတယ်။ သူမအတွက်တော့ Bahamas ဟာ သူမရဲ့အဖေပြောပြတဲ့ များပြားလှတဲ့ အချစ်နဲ့ စိတ်အားထက်သန်မှုတွေရှိတဲ့ မှော်ဆန်တဲ့နေရာတခုလိုပဲလို့ Zoë Kravitz ဟာ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။ shwekhitonlinetv.com
၁၁။ Bella Hadid ရဲ့နတ်သမီးတောင်ပံတက်တူး

Bella Hadid ရဲ့ ခြေချင်းဝတ်မှာရှိတဲ့ တောင်ပံပုံစံတက်တူးသေးသေးလေးဟာ သူမအတွက်တော့ အဓိပ္ပာယ်ပြည့်ဝတဲ့ တက်တူးလေးပဲ ဖြစ်ပါတယ်။ ဒီသေးငယ်တဲ့ တက်တူးလေးက သူမဘယ်လောက်အထိ အလုပ်ကို ချစ်မြတ်နိုးပြီး ပုံအပ်ထားတယ်ဆိုတဲ့အကြောင်းကို ဖော်ပြနေပါတယ်။ သူမဟာ ဒိီတက်တူးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ Victoria’s Secret Fashion Show မှာ ပထမဆုံးပွဲဦးထွက်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ထိုးခဲ့ခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၂။ Madonna ရဲ့ Maman တက်တူး

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Madonna ဟာ သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကို အမှတ်ရသောအားဖြင့် Maman ဆိုတဲ့ တက်တူးကို ထိုးခဲ့ပါတယ်။ သူမရဲ့ မိခင်ဟာ Madonna အသက် ၅ နှစ်မှာ ရင်သားကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ မိခင်ရဲ့ သေဆုံးခြင်းဟာ ရှေ့ဆက်ရမယ့် သူမဘဝကို ရိုက်ခတ်စေခဲ့တယ်လို့ Madonna က ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။ shwekhitonlinetv.com
ပရိတ်သတ်ကြီးမှာရော ဒီလိုမျိုး အဓိပ္ပာယ်တွေအပြည့်နဲ့ တက်တူးထိုးခဲ့ဖူးလားဆိုတာ ဖြေခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။